ထိုင္း - ျမန္မာခ်စ္ၾကည္ေရး ကေလးသူငယ္ေမာင္မယ္ၿပိဳင္ပြဲ တာခ်ီလိတ္တြင္ ပထမဆံုးက်င္းပမည္၊ ၀င္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ား စာရင္းေပးသြင္းႏိုင္

ထိုင္း - ျမန္မာခ်စ္ၾကည္ေရး ကေလးသူငယ္ေမာင္မယ္ၿပိဳင္ပြဲ တာခ်ီလိတ္တြင္ ပထမဆံုးက်င္းပမည္၊ ၀င္ေရာက္ယွဥ္ၿပိဳင္လိုသူမ်ား စာရင္းေပးသြင္းႏိုင္
ဧပြီ 3, 2016
By Tachileik News Agency

တာခ်ီလိတ္၊ ဧၿပီ(၃) ။  ။ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအျဖစ္ ကေလးသူငယ္ ေမာင္မယ္ၿပိဳင္ပြဲအား ဧၿပီလ(၁၃)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတားအနီးရွိ ေရႊနန္းေတာ္ကုန္တိုက္၌ ပထမဆံုးအႀကိမ္ က်င္းပျပဳလုပ္မည္ျဖစ္သည့္ အတြက္ ၿပိဳင္ပြဲ၀င္စာရင္းမ်ားကို ေရႊနန္းေတာ္ကုန္တိုက္၌ ဧၿပီလ(၈)ရက္ေန႔ ေနာက္ဆံုးထားကာ ေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

"ကေလးေတြက အသက္(၄)ႏွစ္ကေန (၁၀)ႏွစ္ထိကေလးေတြ ပါ၀င္ပါတယ္။ အဓိက ကေလးေတြ ဆုေပးတဲ့ေနရာမွာ ၀တ္စားဆင္ယင္မႈနဲ႔ အေျပာအဆိုေပၚမူတည္ၿပီး အမွတ္ေပးစနစ္နဲ႔ ဆုေပးသြားမွာပါ"ဟု ပြဲျဖစ္ေျမာက္ေရးတာ၀န္ခံ မနန္းက်န္က်ီလာက ေျပာသည္။

အဆိုပါၿပိဳင္ပြဲအား ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးအတြက္ အဓိကထားက်င္းပျခင္းျဖစ္ၿပီး ျမန္မာႏိုင္ငံမွ ကေလးဦးေရ(၃၀)ႏွင့္ ထုိင္းႏုိင္ငံမွ ကေလးဦးေရ(၂၀)ခန္႔က ႀကိဳက္ႏွစ္သက္ရာ ရိုးရာ တိုင္းရင္းသား၀တ္စံုမ်ားျဖင့္ ၀င္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္ေၾကာင္း သိရသည္။

ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး ကေလးသူငယ္ေမာင္မယ္ၿပိဳင္ပြဲအား ျမန္မာ - ထိုင္း နယ္စပ္ ျမ၀တီ-မဲေဆာက္ၿမိဳ႕မ်ားတြင္ ႏွစ္စဥ္က်င္းပၿမဲျဖစ္ေသာ္လည္း တာခ်ီလိတ္-မယ္ဆုိင္တြင္ ပထမဆံုးအႀကိမ္က်င္းပ ျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဆက္သြယ္ေမးျမန္း စာရင္းေပးသြင္းရန္
မနန္းက်န္က်ီလာ
ထိုင္းဖုန္း ။   ။ 0848083735
ျမန္မာဖုန္း။  ။ 09458035125
****************************

တာချီလိတ်၊ ဧပြီ(၃)။ မြန်မာ - ထိုင်း ချစ်ကြည်ရေးအဖြစ် ကလေးသူငယ် မောင်မယ်ပြိုင်ပွဲအား ဧပြီလ(၁၃)ရက်နေ့တွင် တာချီလိတ်မြို့ ချစ်ကြည်ရေးတံတားအနီးရှိ ရွှေနန်းတော်ကုန်တိုက်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်ဖြစ်သည့် အတွက် ပြိုင်ပွဲဝင်စာရင်းများကို ရွှေနန်းတော်ကုန်တိုက်၌ ဧပြီလ(၈)ရက်နေ့ နောက်ဆုံးထားကာ ပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

"ကလေးတွေက အသက်(၄)နှစ်ကနေ (၁၀)နှစ်ထိကလေးတွေ ပါဝင်ပါတယ်။ အဓိက ကလေးတွေ ဆုပေးတဲ့နေရာမှာ ဝတ်စားဆင်ယင်မှုနဲ့ အပြောအဆိုပေါ်မူတည်ပြီး အမှတ်ပေးစနစ်နဲ့ ဆုပေးသွားမှာပါ"ဟု ပွဲဖြစ်မြောက်ရေးတာဝန်ခံ မနန်းကျန်ကျီလာက ပြောသည်။

အဆိုပါပြိုင်ပွဲအား နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အဓိကထားကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ ကလေးဦးရေ(၃၀)နှင့် ထိုင်းနိုင်ငံမှ ကလေးဦးရေ(၂၀)ခန့်က ကြိုက်နှစ်သက်ရာ ရိုးရာ တိုင်းရင်းသားဝတ်စုံများဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံချစ်ကြည်ရေး ကလေးသူငယ်မောင်မယ်ပြိုင်ပွဲအား မြန်မာ - ထိုင်း နယ်စပ် မြဝတီ-မဲဆောက်မြို့များတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော်လည်း တာချီလိတ်-မယ်ဆိုင်တွင် ပထမဆုံးအကြိမ်ကျင်းပ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်သွယ်မေးမြန်း စာရင်းပေးသွင်းရန်
မနန်းကျန်ကျီလာ
ထိုင်းဖုန်း။ 0848083735
မြန်မာဖုန်း။ 09458035125

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~