တာခ်ီလိတ္ သႀကၤန္ကာလအတြင္း မႈခင္းမျဖစ္ပြားေရးအတြက္ ရဲအင္အား (၅၀)ျဖင့္ ေဆာင္ရြက္မည္

တာခ်ီလိတ္ သႀကၤန္ကာလအတြင္း မႈခင္းမျဖစ္ပြားေရးအတြက္ ရဲအင္အား (၅၀)ျဖင့္ ေဆာင္ရြက္မည္
ဧပြီ 2, 2016
By Tachileik News Agency


တာခ်ီလိတ္၊ ဧၿပီလ(၂) ။   ။ မဟာသၾကၤန္ကာလအတြင္း တာခ်ီလိတ္ၿမိဳ႕၌  မႈခင္းမျဖစ္ပြားေစရန္ ရဲတပ္ဖြဲ႕၀င္ အင္အား (၅၀)ခန္႔ျဖင့္ လံုၿခံဳေရး ေနရာခ်ထားေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴးက ဧၿပီလ(၂)ရက္ေန႔ ေန႔လယ္ပိုင္းက အသိေပးေျပာၾကား လိုက္သည္။

"မႈခင္းေတြ မျဖစ္ပြားေအာင္ အခုကတည္းက ႀကိဳတင္ကာကြယ္တာေတြ လုပ္ထားပါတယ္၊ ယစ္မ်ိဳးအမႈေတြ ေျခခ်ဳပ္အမႈေတြ၊ မူးယစ္မႈေတြ ဖမ္းဆီးထားတာ ရွိပါတယ္၊ သၾကၤန္တြင္းမွာေတာ့ တပ္ဖြဲ႕၀င္(၅၀)ေလာက္နဲ႔ အရန္တပ္ဖြဲ႕၀င္ေတြျဖစ္တဲ့ မီးသတ္တို႔ ျပည္သူ႔စစ္တို႔နဲ႔လည္း လွည့္ကင္း၊ ၀ပ္ကင္းေတြ ျပဳလုပ္ေနပါတယ္"ဟု တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး  ဒုရဲမွဴးေက်ာ္သန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္မ်ားအတြင္း ေမာ္ေတာ္ယာဥ္(၃)စီးျဖင့္ ေန၊ ည လွည့္ကင္း ေဆာင္ရြက္ျခင္းမ်ား ျပဳလုပ္လွ်က္ရွိၿပီး ႀကိဳတင္ကာကြယ္မႈမ်ား ေဆာင္ရြက္လွ်က္ရွိေၾကာင္း ၎ထံမွ သိရသည္။

သၾကၤန္ကာလအတြင္း ႀကိဳတင္ကာကြယ္မႈမ်ားအနက္ ယစ္မ်ိဳးမႈ(၁၀)မႈႏွင့္ ေျခခ်ဳပ္(၉)မႈ၊ မူးယစ္မႈ (၂၀)အား တာခ်ီလိတ္ ၿမိဳ႕မရဲစခန္းမွ ေဆာင္ရြက္ထားေၾကာင္းႏွင့္ ျဖစ္ပြားေသာ မႈခင္းမ်ားအနက္ ယစ္မ်ိဳးမႈႏွင့္ ေျခခ်ဳပ္မႈမွာ တရားစြဲဆိုတင္ပို႔ထားေသာ္လည္း၊ မူးယစ္မႈမွာ (၁၅)မႈသာ ရဲလုပ္ငန္း မၿပီးဆံုးေသးသျဖင့္ တရားစြဲဆိုႏိုင္ျခင္း မရွိေသးေၾကာင္း၊ တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၏ စစ္တမ္းမ်ားအရသိရသည္။

ယင္းအျပင္ သႀကၤန္ကာလအတြင္း အမ်ားျပည္သူမ်ားအေပၚ အေႏွာက္အယွက္ျဖစ္ေစမည့္ ေမာ္ေတာ္ဆိုင္ကယ္မ်ားအား ပါ၀ါအိတ္ေဇာႀကီးမ်ား တပ္ဆင္ကာ ေမာင္းႏွင္ပါက ၂၀၁၆ ေမာ္ေတာ္ယာဥ္ဥပေဒသစ္ျဖင့္ တရားစြဲအေရးယူသြားမွာ ျဖစ္ေၾကာင္း တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ သိရသည္။

သတင္း ။  ။ ကိုဇက္
******

တာချီလိတ်၊ ဧပြီလ(၂)။ မဟာသင်္ကြန်ကာလအတွင်း တာချီလိတ်မြို့၌ မှုခင်းမဖြစ်ပွားစေရန် ရဲတပ်ဖွဲ့ဝင် အင်အား (၅၀)ခန့်ဖြင့် လုံခြုံရေး နေရာချထားရေးအတွက် ကြိုတင်ပြင်ဆင်ထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူးက ဧပြီလ(၂)ရက်နေ့ နေ့လယ်ပိုင်းက အသိပေးပြောကြား လိုက်သည်။

"မှုခင်းတွေ မဖြစ်ပွားအောင် အခုကတည်းက ကြိုတင်ကာကွယ်တာတွေ လုပ်ထားပါတယ်၊ ယစ်မျိုးအမှုတွေ ခြေချုပ်အမှုတွေ၊ မူးယစ်မှုတွေ ဖမ်းဆီးထားတာ ရှိပါတယ်၊ သင်္ကြန်တွင်းမှာတော့ တပ်ဖွဲ့ဝင်(၅၀)လောက်နဲ့ အရန်တပ်ဖွဲ့ဝင်တွဖြေစ်တဲ့ မီးသတ်တို့ ပြည်သူ့စစ်တို့နဲ့လည်း လှည့်ကင်း၊ ဝပ်ကင်းတွေ ပြုလုပ်နေပါတယ်"ဟု တာချီလိတ် မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်းက ပြောသည်။

တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ယာဉ်(၃)စီးဖြင့် နေ၊ ည လှည့်ကင်း ဆောင်ရွက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လျှက်ရှိကြောင်း၎င်းထံမှ သိရသည်။

သင်္ကြန်ကာလအတွင်း ကြိုတင်ကာကွယ်မှုများအနက် ယစ်မျိုးမှု(၁၀)မှုနှင့် ခြေချုပ်(၉)မှု၊ မူးယစ်မှု (၂၀)အား တာချီလိတ် မြို့မရဲစခန်းမှ ဆောင်ရွက်ထားကြောင်းနှင့် ဖြစ်ပွားသော မှုခင်းများအနက် ယစ်မျိုးမှုနှင့် ခြေချုပ်မှုမှာ တရားစွဲဆိုတင်ပို့ထားသော်လည်း၊ မူးယစ်မှုမှာ (၁၅)မှုသာ ရဲလုပ်ငန်း မပြီးဆုံးသေးသဖြင့် တရားစွဲဆိုနိုင်ခြင်း မရှိသေးကြောင်း၊ တာချီလိတ်မြို့မရဲစခန်း၏ စစ်တမ်းများအရသိရသည်။

ယင်းအပြင် သင်္ကြန်ကာလအတွင်း အများပြည်သူများအပေါ် အနှောက်အယှက်ဖြစ်စေမည့် မော်တော်ဆိုင်ကယ်များအား ပါဝါအိတ်ဇောကြီးများ တပ်ဆင်ကာ မောင်းနှင်ပါက ၂၀၁၆ မော်တော်ယာဉ်ဥပဒေသစ်ဖြင့် တရားစွဲအရေးယူသွားမှာ ဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~