ေဆးေၾကာင္ၿပီး ေယာက်္ားကိုသတ္ကာ ေခြးေကၽြး

ေဆးေၾကာင္ၿပီး ေယာက်္ားကိုသတ္ကာ ေခြးေကၽြး
ဧပြီ 22, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၂၂)
စပိန္ႏိုင္ငံ မာဂ်ိဳကာကၽြန္းမွာ ေနထိုင္တဲ့ စဲဗ္လားနားဗာတူကိုဗာဆိုတဲ့ အသက္ (၄၅)ႏွစ္အရြယ္ ရုရွားအမ်ိဳးသမီးကို ေယာက္်ားျဖစ္သူကိုသတ္ၿပီး အိမ္ကေခြးကို ေကၽြးလိုက္တဲ့အမႈနဲ႔ ဖမ္းဆီးလိုက္ပါတယ္။

ဗာတူကိုဗာဟာ အသက္(၆၆)ႏွစ္အရြယ္ ခင္ပြန္းျဖစ္သူ ဟန္႔စ္ဟင္ကယ္ကို သတ္မိတဲ့အေၾကာင္းကို ရဲစခန္းကို ကိုယ္တိုင္ဖုန္းဆက္ အေၾကာင္းၾကားခဲ့တာပါ။

ဒီျဖစ္ရပ္က်ဴးလြန္ခ်ိန္မွာ ကိုကင္းသံုးစြဲထားၿပီး ရဲစခန္းကို ဖုန္းဆက္ဖို႔ နာရီအေတာ္ၾကာေအာင္ စဥ္းစားခဲ့ရတယ္လို႔ု႔ ဆိုပါတယ္။

ျပစ္မႈက်ဴးလြန္သူလို႔ ဝန္ခံထားတဲ့ စဲဗ္လားနားဗာတူကိုဗာဟာ အရက္နဲ႔ မူးယစ္ေဆးေၾကာင့္ စိတ္က်န္းမာေရးအေျခအေန ခ်ဳိ႕ယြင္းတယ္လို႔ ယူဆတာေၾကာင့္ ရဲတပ္ဖြဲ႕က သူ႔ကို စိတ္က်န္းမာေရးဌာနမွာ စစ္ေဆးမႈ လုပ္ခဲ့ပါတယ္။

လည္ေခ်ာင္းခြဲစိတ္ကုသမႈခံယူထားတဲ့ ဟန္႔စ္ဟာ အသတ္မခံရခ်ိန္မွာ ခုခံတဲ့အေနအထား မေတြ႔ရတာေၾကာင့္ မူးယစ္ေဆး သံုးစြဲထားတာျဖစ္ႏုိင္တယ္လို႔ စံုစမ္းစစ္ေဆးေရးအဖြဲ႕က မွတ္ခ်က္ခ်ပါတယ္။

သူတို႔ႏွစ္ဦးဟာ ႏွစ္ႏွစ္ေလာက္အတူေနၿပီး လြန္ခဲ့တဲ့ ဇန္နဝါရီလကမွ မဂၤလာေဆာင္ခဲ့တာ ျဖစ္ပါတယ္။

ရုရွားႏိုင္ငံသူ ဗာတူကိုဗာဟာ သူ႔ရဲ႕ေခြး၊ ေၾကာင္ေတြနဲ႔ တြဲရိုက္တဲ့ပံုေတြကို လူမႈကြန္ယက္စာမ်က္ႏွာမွာ တင္ေလ့ရိွသူျဖစ္ပါတယ္။

သူတို႔ႏွစ္ေယာက္ဟာ ရန္ခဏခဏျဖစ္တာေၾကာင့္ ရဲစခန္းကို မၾကာခဏေရာက္ၾကရတာ ျဖစ္ပါတယ္။

ေဒသတြင္း သတင္းေတြမွာေတာ့ စဲဗ္လားနားဗာတူကိုဗာဟာ မၾကာခင္က ကလပ္မွာေတြ႕တဲ့ လူတစ္ေယာက္ကို သူ႔ေယာက်္ားကို သတ္ေပးဖို႔ စတာလင္ေပါင္ ငါးေထာင္နဲ႔ ကမ္းလွမ္းခဲ့တယ္လို႔ ဆိုပါတယ္။ လက္ရိွမွာေတာ့ ဒီအမႈကို တရားရံုးမွာ စစ္ေဆးေနၿပီျဖစ္ပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; dailymail.co.uk
................

ဘာသာပြန်၊ ဧပြီ(၂၂)
စပိန်နိုင်ငံ မာဂျိုကာကျွန်းမှာ နေထိုင်တဲ့ စဲဗ်လားနားဗာတူကိုဗာဆိုတဲ့ အသက် (၄၅)နှစ်အရွယ် ရုရှားအမျိုးသမီးကို ယောက်ျားဖြစ်သူကိုသတ်ပြီး အိမ်ကခွေးကို ကျွေးလိုက်တဲ့အမှုနဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဗာတူကိုဗာဟာ အသက်(၆၆)နှစ်အရွယ် ခင်ပွန်းဖြစ်သူ ဟန့်စ်ဟင်ကယ်ကို သတ်မိတဲ့အကြောင်းကို ရဲစခန်းကို ကိုယ်တိုင်ဖုန်းဆက် အကြောင်းကြားခဲ့တာပါ။

ဒီဖြစ်ရပ်ကျူးလွန်ချိန်မှာ ကိုကင်းသုံးစွဲထားပြီး ရဲစခန်းကို ဖုန်းဆက်ဖို့ နာရီအတော်ကြာအောင် စဉ်းစားခဲ့ရတယ်လို့ ဆိုပါတယ်။

ပြစ်မှုကျူးလွန်သူလို့ ဝန်ခံထားတဲ့ စဲဗ်လားနားဗာတူကိုဗာဟာ အရက်နဲ့ မူးယစ်ဆေးကြောင့် စိတ်ကျန်းမာရေးအခြေအနေ ချို့ယွင်းတယ်လို့ ယူဆတာကြောင့် ရဲတပ်ဖွဲ့က သူ့ကို စိတ်ကျန်းမာရေးဌာနမှာ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။

လည်ချောင်းခွဲစိတ်ကုသမှုခံယူထားတဲ့ ဟန့်စ်ဟာ အသတ်မခံရချိန်မှာ ခုခံတဲ့အနေအထား မတွေ့ရတာကြောင့် မူးယစ်ဆေး သုံးစွဲထားတာဖြစ်နိုင်တယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က မှတ်ချက်ချပါတယ်။

သူတို့နှစ်ဦးဟာ နှစ်နှစ်လောက်အတူနပြေီး လွန်ခဲ့တဲ့ ဇန်နဝါရီလကမှ မင်္ဂလာဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားနိုင်ငံသူ ဗာတူကိုဗာဟာ သူ့ရဲ့ခွေး၊ ကြောင်တွေနဲ့ တွဲရိုက်တဲ့ပုံတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်လေ့ရှိသူဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ ရန်ခဏခဏဖြစ်တာကြောင့် ရဲစခန်းကို မကြာခဏရောက်ကြရတာ ဖြစ်ပါတယ်။

ဒေသတွင်း သတင်းတွေမှာတော့ စဲဗ်လားနားဗာတူကိုဗာဟာ မကြာခင်က ကလပ်မှာတွေ့တဲ့ လူတစ်ယောက်ကို သူ့ယောကျာ်းကို သတ်ပေးဖို့ စတာလင်ပေါင် ငါးထောင်နဲ့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီအမှုကို တရားရုံးမှာ စစ်ဆေးနပြေီဖြစ်ပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; dailymail.co.uk

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~