ေရႊ ဝယ္ယူဟန္ေဆာင္၍ အလစ္သုတ္သြားသည့္ တပ္မေတာ္အရာရိွအား အေရးယူရန္အတြက္ တပ္ရင္းသို႔ လႊဲေျပာင္းထားရွိ

ေရႊ ဝယ္ယူဟန္ေဆာင္၍ အလစ္သုတ္သြားသည့္ တပ္မေတာ္အရာရိွအား အေရးယူရန္အတြက္ တပ္ရင္းသို႔ လႊဲေျပာင္းထားရွိ
ဧပြီ 7, 2016
By Tachileik News Agency

ပခုကၠဴ၊ ဧၿပီ(၇) ။   ။ ေရႊဆဲြႀကိဳး(၅)ကံုးအား ဝယ္ယူဟန္ေဆာင္၍ အလစ္သုတ္ထြက္ေျပးသည့္ တပ္မေတာ္မွ အရာရွိတစ္ဦးအား ဖမ္းဆီးရမိသျဖင့္ စစ္ဘက္ဆိုင္ရာ ဥပေဒျဖင့္ အေရးယူရန္ ပခုကၠဴၿမိဳ႕ ေျခလ်င္တပ္ရင္း ခလရ(၂၅၂) တပ္သို႔ လႊဲေျပာင္း အပ္ႏွံလိုက္ၿပီျဖစ္ေၾကာင္း ပခုကၠဴၿမိဳ႕မရဲစခန္းမွ သိရသည္။

ပခုကၠဴၿမိဳ႕ ၿမိဳ႕မေစ်းႀကီးအေနာက္ဘက္တန္း ရံု(၅)၊ ဆိုင္ခန္းအမွတ္ (၁) “ျမင္႔သစၥာ” ေရႊ ဆိုင္သို႔ ဧၿပီလ(၄)ရက္ေန႔ မြန္းလဲြ(၁နာရီခဲြ)အခ်ိန္ခန္႔တြင္ အမ်ိဳးသားတစ္ဦး ေရာက္ ရိွလာၿပီး ေရႊဝယ္လိုေၾကာင္းေျပာကာ က်ပ္ (၄၁သိန္း)ေက်ာ္တန္ဖိုးရိွသည္႔ ေရႊဆဲြႀကိဳး(၅)ကံုးအား ဆိုင္ပိုင္ရွင္ ဦးေအာင္ေက်ာ္မ်ိဳးမွ ဆိုင္ဝန္ထမ္း(၃)ဦးႏွင္႔အတူ ေကာင္တာေပၚသို႔တင္၍ျပသေနစဥ္ အလစ္သုတ္ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း ဆိုင္ဝန္ထမ္းတစ္ဦး၏ ေျပာၾကားခ်က္အရ သိရသည္။

“တပ္မေတာ္ကအရာရိွတစ္ဦးျဖစ္ေနတဲ႔အတြက္ စစ္စည္းကမ္းဥပေဒနဲ႔ စစ္ဘက္ဆိုင္ရာ တရားရံုးတင္ ေဆာင္ရြက္ႏိုင္ဖို႔ တရားခံလဲႊေျပာင္းစာရြက္စာတမ္းေတြနဲ႔အတူ ခလရ (၂၅၂)ကဌာနခ်ဳပ္ တပ္ခဲြမွဴးဆီကို လဲႊေျပာင္းအပ္ႏွံလိုက္ပါတယ္္”ဟု ရဲအရာရိွတစ္ဦးကေျပာသည္။

ေရႊဆြဲႀကိဳးအလစ္သုတ္သူ တပ္မေတာ္မွ အရာရွိအား လဲႊေျပာင္းအပ္ႏွံျခင္းမျပဳမီက ရဲလုပ္ထံုးလုပ္နည္းအရ ရဲစခန္းသို႔ေခၚေဆာင္စစ္ေဆးရာ ပခုကၠဴၿမိဳ႕ ခလရ(၂၅၂)မွ ဗိုလ္ႀကီးစိုး ေက်ာ္ေက်ာ္ျဖစ္ေၾကာင္းသိရိွရျပီး ေရႊဆိုင္ပိုင္ရွင္ ဦးေအာင္ေက်ာ္မ်ိဳးမွ တရားလိုျပဳလုပ္တိုင္တန္းသျဖင့္ ပခုကၠဴၿမိဳ႕မရဲစခန္းမွ (ပ)၁၁၅/၂၀၁၆၊ျပစ္မႈဥပေဒ ပုဒ္မ ၃၈၀(ရိုးရိုး)အရ အမႈဖြင္႔အေရးယူေဆာင္ရြက္ခဲ႔ေၾကာင္း ရဲစခန္း၏ မွတ္တမ္းအရသိရသည္။

“ရုတ္ရုတ္သဲသဲျဖစ္သြားတာေတာ႔သိလိုက္တယ္။ ေမးၾကည္႔ေတာ႔မွ ေရႊဆဲြႀကိဳးေတြအလစ္ သုတ္သြားသူကို လိုက္ဖမ္းေနတာလို႔သိရၿပီး မိၿပီဆိုလို႔သြားၾကည္႔ေပမဲ့ စစ္တပ္က ဗိုလ္ႀကီး ျဖစ္ေနတယ္ဆိုတာေတာ႔ မသိလိုက္ဘူး”ဟု ေစ်းဝယ္လာသူ အမ်ိဳးသမီးတစ္ဦးကေျပာသည္။

ဆိုင္ဝန္ထမ္းမ်ား၏ ေအာ္ဟစ္အကူအညီေတာင္းခံမႈေၾကာင္႔ ေစ်းလံုျခံဳေရးတာဝန္က် ရဲတပ္ဖြဲ႕၀င္ ဒု-တပ္ၾကပ္ ေနဇာမင္း၊ ရဲတပ္သား တင္႔လြင္ဦးႏွင့္ ျပည္သူ(၂၀)ဦးခန္႔မွ ေစ်းေတာင္ဘက္ရိွ ေဖာင္ေတာ္ဦးလမ္းမွ “ၾကယ္စိန္”စတိုးဆိုင္အနီးတြင္ လိုက္လံဖမ္းဆီးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

သတင္း။   ။ ဖီးနစ္

**********
( unicode )
ပခုက္ကူ၊ ဧပြီ(၇)။ ရွှေဆွဲကြိုး(၅)ကုံးအား ဝယ်ယူဟန်ဆောင်၍ အလစ်သုတ်ထွက်ပြေးသည့် တပ်မတော်မှ အရာရှိတစ်ဦးအား ဖမ်းဆီးရမိသဖြင့် စစ်ဘက်ဆိုင်ရာ ဥပဒဖြေင့် အရေးယူရန် ပခုက္ကူမြို့ ခြေလျင်တပ်ရင်း ခလရ(၂၅၂) တပ်သို့ လွှဲပြောင်း အပ်နှံလိုက်ပြီဖြစ်ကြောင်း ပခုက္ကူမြို့မရဲစခန်းမှ သိရသည်။
ပခုက္ကူမြို့ မြို့မဈေးကြီးအနောက်ဘက်တန်း ရုံ(၅)၊ ဆိုင်ခန်းအမှတ် (၁) “မြင့်သစ္စာ” ရွှေ ဆိုင်သို့ ဧပြီလ(၄)ရက်နေ့ မွန်းလွဲ(၁နာရီခွဲ)အချိန်ခန့်တွင် အမျိုးသားတစ်ဦး ရောက် ရှိလာပြီး ရွှေဝယ်လိုကြောင်းပြောကာ ကျပ် (၄၁သိန်း)ကျော်တန်ဖိုးရှိသည့် ရွှေဆွဲကြိုး(၅)ကုံးအား ဆိုင်ပိုင်ရှင် ဦးအောင်ကျော်မျိုးမှ ဆိုင်ဝန်ထမ်း(၃)ဦးနှင့်အတူ ကောင်တာပေါ်သို့တင်၍ပြသနေစဉ် အလစ်သုတ်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ဆိုင်ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“တပ်မတော်ကအရာရှိတစ်ဦးဖြစ်နေတဲ့အတွက် စစ်စည်းကမ်းဥပဒေနဲ့ စစ်ဘက်ဆိုင်ရာ တရားရုံးတင် ဆောင်ရွက်နိုင်ဖို့ တရားခံလွှဲပြောင်းစာရွက်စာတမ်းတွေနဲ့အတူ ခလရ (၂၅၂)ကဌာနချုပ် တပ်ခွဲမှူးဆီကို လွှဲပြောင်းအပ်နှံလိုက်ပါတယ်”ဟု ရဲအရာရှိတစ်ဦးကပြောသည်။
ရွှေဆွဲကြိုးအလစ်သုတ်သူ တပ်မတော်မှ အရာရှိအား လွှဲပြောင်းအပ်နှံခြင်းမပြုမီက ရဲလုပ်ထုံးလုပ်နည်းအရ ရဲစခန်းသို့ခေါ်ဆောင်စစ်ဆေးရာ ပခုက္ကူမြို့ ခလရ(၂၅၂)မှ ဗိုလ်ကြီးစိုး ကျော်ကျော်ဖြစ်ကြောင်းသိရှိရပြီး ရွှေဆိုင်ပိုင်ရှင် ဦးအောင်ကျော်မျိုးမှ တရားလိုပြုလုပ်တိုင်တန်းသဖြင့် ပခုက္ကူမြို့မရဲစခန်းမှ (ပ)၁၁၅/၂၀၁၆၊ပြစ်မှုဥပဒေ ပုဒ်မ ၃၈၀(ရိုးရိုး)အရ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ကြောင်း ရဲစခန်း၏ မှတ်တမ်းအရသိရသည်။
“ရုတ်ရုတ်သဲသဲဖြစ်သွားတာတော့သိလိုက်တယ်။ မေးကြည့်တော့မှ ရွှေဆွဲကြိုးတွေအလစ် သုတ်သွားသူကို လိုက်ဖမ်းနေတာလို့သိရပြီး မိပြီဆိုလို့သွားကြည့်ပေမဲ့ စစ်တပ်က ဗိုလ်ကြီး ဖြစ်နေတယ်ဆိုတာတော့ မသိလိုက်ဘူး”ဟု ဈေးဝယ်လာသူ အမျိုးသမီးတစ်ဦးကပြောသည်။
ဆိုင်ဝန်ထမ်းများ၏ အော်ဟစ်အကူအညီတောင်းခံမှုကြောင့် ဈေးလုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင် ဒု-တပ်ကြပ် နေဇာမင်း၊ ရဲတပ်သား တင့်လွင်ဦးနှင့် ပြည်သူ(၂၀)ဦးခန့်မှ ဈေးတောင်ဘက်ရှိ ဖောင်တော်ဦးလမ်းမှ “ကြယ်စိန်”စတိုးဆိုင်အနီးတွင် လိုက်လံဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
သတင်း။ ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~