တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ သက်တော်(၈၀)နှစ်ပြည့် မွေးနေ့ ကျင်းပမည်

တာချီလိတ်မြို့ မဟာမြတ်မုနိဆရာတော်၏ သက်တော်(၈၀)နှစ်ပြည့် မွေးနေ့ ကျင်းပမည်
ဧပြီ 12, 2016
By Tachileik News Agency


တရားတော်ဟောကြားတော်မူမည့်  တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(စ၀်ဆုခမ်း)အား  တာချီလိတ်လေဆိပ်တွင် ကြိုဆိုပင့်ဆောင်နိုင်ရန်အတွက် နေ့လည်(၁၁)နာရီခွဲတွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက်တွင် လူစု၍ လေဆိပ်သို့ ထွက်ခွာ၍သော် လည်းကောင်း၊ လေဆိပ်သို့ သွားရောက်နှင့်၍သော်လည်းကောင်း ကြိုဆိုပင့်ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။
 ..............

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ သက်တော် (၈၀)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်နှင့် ကံထပ်မင်္ဂလာကို ဧပြီလ(၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ဧပြီလ(၁၆)ရက်နေ့ ည(၇)နာရီခွဲတွင် တရားတော်ဟောကြားမည့် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(စဝ်ဆုခမ်း)အား ဧပြီလ(၁၆)ရက်နေ့လည် (၁၂) နာရီတွင် တာချီလိတ်လေဆိပ်တွင် ကြိုဆိုပင့်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

တရားတော်ဟောကြားတော်မူမည့် တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(စဝ်ဆုခမ်း)အား တာချီလိတ်လေဆိပ်တွင် ကြိုဆိုပင့်ဆောင်နို်င်ရန်အတွက် နေ့လည်(၁၁)နာရီခွဲတွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးစာသင်တိုက်တွင် လူစု၍ လေဆိပ်သို့ ထွက်ခွာ၍သော် လည်းကောင်း၊ လေဆိပ်သို့ သွားရောက်နှင့်၍သော်လည်းကောင်း ကြိုဆိုပင့်ဆောင်နိုင်မှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net