ရခိုင္ျပည္နယ္ရိွ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကုိ ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ထုတ္ေတာင္းဆို

ရခိုင္ျပည္နယ္ရိွ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကုိ ကန္႔ကြက္ေၾကာင္း ေၾကညာခ်က္ထုတ္ေတာင္းဆို
ဧပြီ 9, 2016
By Tachileik News Agency

စစ္ေတြ ၊ ဧၿပီလ ( ၉) ရက္
ရခိုင္ျပည္နယ္အတြင္း ေျမဧက( ၄၂၀၀) ေက်ာ္တြင္ အေမရိကန္ ေဒၚလာ (၉) ဘီလီယံရင္းႏွီးျမွဳပ္ႏွံမႈျဖင့္ အေကာင္အထည္ေဖာ္မည့္ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ကို ရပ္တန္႔ေပးရန္ ေက်ာက္ျဖဴၿမဳိ႕နယ္ေဒသခံ အဖြဲ႔အစည္းမ်ားႏွင့္ ေက်းရြာမ်ားမွ ကိုယ္စားလွယ္ (၇၀) ေက်ာ္က ေၾကညာခ်က္ထုတ္ျပန္လုိက္သည္။

“ ကၽြန္ေတာ္တုိ႔ေဒသက လူေတြက ေျမယာကုိ အဓိက မီွခုိၿပီးစားေနရတာ။ အဲဒီလုိအေျခအေနမွာ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္နဲ႔ ပတ္သက္ၿပီး ျပည္သူေတြရဲ႕ ဘဝတုိးတက္ဖုိ႔ ဘာမွခုိင္ခုိင္မာမာ ဥပေဒေတြနဲ႔ ခ်ျပထားတာမရွိဘူး။ သူတုိ႔ကေတာ့ ေျမေတြကုိ စၿပီး တုိင္းေနၾကၿပီ။ ေက်ာက္ျဖဴစီးပြားေရးဇုန္ လုပ္ကုိင္လုိက္လုိ႔ ဘာေတြေကာင္းက်ိဳးျဖစ္လာႏုိင္သလဲဆုိတာကုိ တိတိက်က် မခ်ျပေသးဘူး။ ဒါေၾကာင့္ ကန္႔ကြက္ရတာပါ” ဟု ေက်ာက္ျဖဴေက်းလက္ေဒသဖြံၿဖိဳးေရး အသင္းမွ အတြင္းေရးမွဴး ဦးထြန္းၾကည္က ေျပာသည္။

ေက်ာက္ျဖဴၿမဳိ႕နယ္၊ ႏွမ္းဖဲေတာင္ေက်းရြာတြင္ ဧၿပီ ၇ ရက္ေန႔ႏွင့္ ဧၿပီ ၈ ရက္ေန႔မ်ားက ျပဳလုပ္ခဲ့သည့္ ေက်ာက္ျဖဴေက်းလက္ေဒသဖြံ႔ၿဖဳိးေရးအဖြဲ႔၏ ႏွစ္ပတ္လည္ အစည္းအေ၀းအၿပီးတြင္ အဆိုပါ ေၾကညာခ်က္ကို ထုတ္ျပန္ ေတာင္းဆုိလုိက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ေက်ာက္ျဖဴေက်းလက္ေဒသဖြံၿဖိဳးေရးအဖြဲ႔ ႏွစ္ပတ္လည္ အစည္းအေ၀းကုိ မိတ္ဖက္ အဖြဲ႔၀င္မ်ားျဖစ္သည့္ Sky youth ၊ ေက်ာက္ျဖဴလူမႈကြန္ရက္၊ သဇင္ေသြးသစ္၊ အမွတ္(၇) ေဒသဖြံၿဖိဳးေရးအသင္းတုိ႔ႏွင့္ ေက်းရြာေပါင္း (၅၀) မွ ကုိယ္စားလွယ္ (၇၀) ခန္႔ တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ႏွင့္ ေရနက္ဆိပ္ကမ္းကုိ အေကာင္အထည္ေဖာ္ရန္ ကုမၸဏီေျခာက္ခုျဖင့္ ဖြဲ႔စည္းထားသည့္ CITC Consortium က တင္ဒါေအာင္ျမင္ထားၿပီးျဖစ္ကာ ရင္းႏွီးျမွဳပ္ႏွံေငြ အေမရိကန္ေဒၚလာ (၉) ဘီလီယံအထိ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း စီမံကိန္းအဖြဲ႔က သတင္းထုတ္ျပန္ထားျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု။  ။ RiA
*********

ရခိုင်ပြည်နယ်အတွင်း မြေဧက( ၄၂၀၀) ကျော်တွင် အမေရိကန် ဒေါ်လာ (၉) ဘီလီယံရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ရပ်တန့်ပေးရန် ကျောက်ဖြူမြို့နယ်ဒေသခံ အဖွဲ့အစည်းများနှင့် ကျေးရွာများမှ ကိုယ်စားလှယ် (၇၀) ကျော်က ကြေညာချက်ထုတ်ပြန်လိုက်သည်။

“ ကျွန်တော်တို့ဒေသက လူတွေက မြေယာကို အဓိက မှီခိုပြီးစားနေရတာ။ အဲဒီလိုအခြေအနေမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဘဝတိုးတက်ဖို့ ဘာမှခိုင်ခိုင်မာမာ ဥပဒေတွေနဲ့ ချပြထားတာမရှိဘူး။ သူတို့ကတော့ မြေတွေကို စပြီး တိုင်းနကြပြေီ။ ကျောက်ဖြူစီးပွားရေးဇုန် လုပ်ကိုင်လိုက်လို့ ဘာတွေကောင်းကျိုးဖြစ်လာနိုင်သလဲဆိုတာကို တိတိကျကျ မချပြသေးဘူး။ ဒါကြောင့် ကန့်ကွက်ရတာပါ” ဟု ကျောက်ဖြူကျေးလက်ဒေသဖွံဖြိုးရေး အသင်းမှ အတွင်းရေးမှူး ဦးထွန်းကြည်က ပြောသည်။

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာတွင် ဧပြီ ၇ ရက်နေ့နှင့် ဧပြီ ၈ ရက်နေ့များက ပြုလုပ်ခဲ့သည့် ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအဖွဲ့၏ နှစ်ပတ်လည် အစည်းအေဝးအပြီးတွင် အဆိုပါ ကြေညာချက်ကို ထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူကျေးလက်ဒေသဖွံဖြိုးရေးအဖွဲ့ နှစ်ပတ်လည် အစည်းအေဝးကို မိတ်ဖက် အဖွဲ့ဝင်များဖြစ်သည့် Sky youth၊ ကျောက်ဖြူလူမှုကွန်ရက်၊ သဇင်သွေးသစ်၊ အမှတ်(၇) ဒေသဖွံဖြိုးရေးအသင်းတို့နှင့် ကျေးရွာပေါင်း (၅၀) မှ ကိုယ်စားလှယ် (၇၀) ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းကို အကောင်အထည်ဖော်ရန် ကုမ္ပဏီခြောက်ခုဖြင့် ဖွဲ့စည်းထားသည့် CITC Consortium က တင်ဒါအောင်မြင်ထားပြီးဖြစ်ကာ ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ (၉) ဘီလီယံအထိ အသုံးပြုသွားမည်ဖြစ်ကြောင်း စီမံကိန်းအဖွဲ့က သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ။ RiA

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~