အများကောင်းမှုအဖြစ် အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ကျပ်(၂၉)သိန်း လှူဒါန်း

အများကောင်းမှုအဖြစ် အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ မီးဘေးသင့်ပြည်သူများအား ကျပ်(၂၉)သိန်း လှူဒါန်း
ဧပွီ 10, 2016
By Tachileik News Agency

တာချီလိတ်၊ ဧပြီ(၁၀)

"သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါ လှူဒါန်းပေးနိုင်ရန်အတွက် တိုင်းရင်းသား ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေများထဲက ကျွန်တော်တို့အဖွဲ့ကနေပြီး တစ်အိမ်ထောင်ကို ကျပ်(၁)သိန်းစီ လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ပါတယ်၊ ဒီလို လှူဒါန်းပေးမှုဟာ စေတနာရှင်များရဲ့ အများကောင်းမှုပဲဖြစ်ပါတယ်"ဟု အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ ဦးအောင်ဖြိုးရှိန်က ပြောသည်။

အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ လှူဒါန်းလိုက်သော အလှူငွေများသည် ဒေသခံနှင့်ရပ်နီးရပ်ဝေး တိုင်းရင်းသားပြည်သူ စေတနာရှင်များမှ တာချီလိတ်မြို့ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင်၌ ဖွင့်လှစ်ထားရှိခဲ့သော အလှူခံဌာနသို့ လာရောက်လှူဒါန်းသည့် အလှူငွေများဖြစ်ကြောင်းသိရသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့သော မီးလောင်မှုကြောင့်  ၀ါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

---------

( unicode )

ဧပြီလ(၉)ရက်နေ့က အချိန်(၂)နာရီကျော်အကြာ လောင်ကျွမ်းခဲ့ရသော တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် ရှမ်းစုရွာ မီးဘေးသင့် တိုင်းရင်းသား ပြည်သူ အိမ်ထောင်စု (၂၉)စုအတွက် တာချီလိတ်မြို့ အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ ကျပ်(၂၉)သိန်းအား ဧပြီလ(၁၀)ရက်နေ့ နေ့လယ်ပိုင်းက လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

"သဘာဝဘေးအန္တရာယ်ကျရောက်လာတဲ့အခါ လှူဒါန်းပေးနိုင်ရန်အတွက် တိုင်းရင်းသား ပြည်သူတွေ လှူဒါန်းထားတဲ့ ငွေများထဲက ကျွန်တော်တို့အဖွဲ့ကနပြေီး တစ်အိမ်တစ်ထောင်ကို ကျပ်(၁)သိန်းစီ လက်ဝယ်အရောက် လှူဒါန်းပေးခဲ့ပါတယ်၊ ဒီလို လှူဒါန်းပေးမှုဟာ စေတနာရှင်များရဲ့ အများကောင်းမှုပဲဖြစ်ပါတယ်"ဟု အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ ဦးအောင်ဖြိုးရှိန်က ပြောသည်။

အနန္တဂုဏ်ရည်ပရဟိတအဖွဲ့မှ လှူဒါန်းလိုက်သော အလှူငွေများသည် ဒေသခံနှင့်ရပ်နီးရပေ်ဝး တိုင်းရင်းသားပြည်သူ စေတနာရှင်များမှ တာချီလိတ်မြို့ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင်၌ ဖွင့်လှစ်ထားရှိခဲ့သော အလှူခံဌာနသို့ လာရောက်လှူဒါန်းသည့် အလှူငွေများဖြစ်ကြောင်းသိရသည်။

ဧပြီလ(၉)ရက်နေ့ ည(၇)နာရီဝန်းကျင်မှ စ၍ အချိန်(၂)နာရီကျော်အကြာ လောင်းကျွမ်းခဲ့သော မီးလောင်မှုကြောင့် ဝါးထရံအိမ်(၉)လုံး၊ ပျဉ်ထောင်အိမ် (၁၅)လုံး နှင့် အုတ်ညှပ်အိမ် (၅)လုံး စုစုပေါင်း အိမ်ခြေ (၂၉)လုံး ပြာကျသွားခဲ့ရပြီး ကျား(၇၆)ဦး နှင့် မ (၈၉)ဦး စုစုပေါင်း (၁၆၅)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~