ခုႏွစ္လအရြယ္ သမီးငယ္ကို အဓမၼက်ဴးလြန္သူအား ဖခင္ျဖစ္သူက လက္ႏွစ္ဖက္ျဖတ္

ခုႏွစ္လအရြယ္ သမီးငယ္ကို အဓမၼက်ဴးလြန္သူအား ဖခင္ျဖစ္သူက လက္ႏွစ္ဖက္ျဖတ္
ဧပြီ 21, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၂၁)
အိႏၵိယႏုိင္ငံ ပန္ဂ်ပ္ျပည္နယ္မွာ အသက္ (၇)လအရြယ္ သမီးငယ္ကို အဓမၼက်င့္ခဲ့တဲ့ အသက္ (၁၇)ႏွစ္အရြယ္ လူငယ္ရဲ႕ လက္ႏွစ္ဖက္ကို ကေလးမေလးရဲ႕ ဖခင္ျဖစ္သူက ျဖတ္ပစ္လိုက္တယ္လို႔ ပန္ဂ်ပ္ရဲစခန္းကေန သိရပါတယ္။

၂၀၁၄ ခုႏွစ္က သူ႔သမီးျဖစ္သူကို က်ဴးလြန္ခဲ့တဲ့အမႈနဲ႔ ပန္ဂ်ပ္ျပည္နယ္ ဘာသီနာေဒသတရားရံုးမွာ အမႈရင္ဆိုင္ေနရတဲ့လူငယ္ကို ပါမန္ဒါဆင္းက ခ်ဥ္းကပ္ၿပီး အခုလိုလုပ္လိုက္တာ ျဖစ္ပါတယ္။

ရဲေတြရဲ႕အေျပာအရဆိုရင္ေတာ့ ကေလးမေလးရဲ႕ ဖခင္ျဖစ္သူ အသက္ (၂၅)ႏွစ္အရြယ္ မစၥတာဆင္းဟာ လူငယ္တရားရင္ဆိုင္ေနရတဲ့ ဘာသီနာေဒသကေန အျပင္ကိုေခၚထုတ္သြားၿပီးမွ သစ္ပင္မွာခ်ည္ထားၿပီး လူငယ္ရဲ႕လက္ႏွစ္ဖက္လံုးကို ျဖတ္ပစ္လိုက္တာလို႔ ဆိုပါတယ္။

“ သူ(မိန္းကေလးရဲ႕အေဖ) က ဒီလူငယ္ကို ေရေျမာင္းနားေခၚသြားၿပီး ျပင္းျပင္းထန္ထန္ ရိုက္ႏွက္ခဲ့တယ္။ ၿပီးေတာ့ သစ္ပင္မွာ ခ်ည္ထားၿပီး လက္ကိုျဖတ္ပစ္လိုက္တာပါ။ လက္ေကာက္ဝတ္ကေန ျဖတ္ပစ္လိုက္တာ”လို႔ ဘာသီနာက အႀကီးတန္းရဲအရာရိွ ဆဝပ္ပန္ရွားမ္က ဆိုပါတယ္။

ဒီျဖစ္ရပ္ကို ေဒသခံေတြက ရဲကို သတင္းပို႔လိုက္လို႔ သိရတာျဖစ္ၿပီး ရဲေတြက ေရာက္သြားတာနဲ႔ လူငယ္ရဲ႕လက္ေတြကိုပါေကာက္ၿပီး ေဆးရံုကို ခ်က္ခ်င္းပို႔ေပးလိုက္တာလို႔ ဆိုပါတယ္။

မစၥတာရွားမ္းေျပာတာကေတာ့ ရဲေတြက ကေလးရဲ႕ဖခင္ျဖစ္သူကို လူသတ္မႈက်ဴးလြန္ရန္ အားထုတ္မႈနဲ႔ ဖမ္းဆီးႏိုင္ဖို႔ ႀကိဳးစားေနတယ္လုိ႔ ဆိုပါတယ္။

မိန္းကေလးကို အဓမၼက်ဴးလြန္ခံရတယ္ဆိုတာကို မိခင္ျဖစ္သူက သတိထားမိသြားၿပီး ၂၀၁၄ ခုႏွစ္ ဧၿပီလမွာ ရဲကို တိုင္ၾကားခဲ့တာျဖစ္ၿပီး စစ္ေဆးဆဲကာလပဲျဖစ္ပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; ndtv , kapook
.............

ဘာသာပြန်၊ ဧပြီ(၂၁)
အိန္ဒိယနိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အသက် (၇)လအရွယ် သမီးငယ်ကို အဓမ္မကျင့်ခဲ့တဲ့ အသက် (၁၇)နှစ်အရွယ် လူငယ်ရဲ့ လက်နှစ်ဖက်ကို ကလေးမလေးရဲ့ ဖခင်ဖြစ်သူက ဖြတ်ပစ်လိုက်တယ်လို့ ပန်ဂျပ်ရဲစခန်းကနေ သိရပါတယ်။

၂၀၁၄ ခုနှစ်က သူ့သမီးဖြစ်သူကို ကျူးလွန်ခဲ့တဲ့အမှုနဲ့ ပန်ဂျပ်ပြည်နယ် ဘာသီနာဒေသတရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့လူငယ်ကို ပါမန်ဒါဆင်းက ချဉ်းကပ်ပြီး အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်။

ရဲတွေရဲ့အပြောအရဆိုရင်တော့ ကလေးမလေးရဲ့ ဖခင်ဖြစ်သူ အသက် (၂၅)နှစ်အရွယ် မစ္စတာဆင်းဟာ လူငယ်တရားရင်ဆိုင်နေရတဲ့ ဘာသီနာဒေသကနေ အပြင်ကိုခေါ်ထုတ်သွားပြီးမှ သစ်ပင်မှာချည်ထားပြီး လူငယ်ရဲ့လက်နှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်တာလို့ ဆိုပါတယ်။

“ သူ(မိန်းကလေးရဲ့အဖေ) က ဒီလူငယ်ကို ရေမြောင်းနားခေါ်သွားပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့တယ်။ ပြီးတော့ သစ်ပင်မှာ ချည်ထားပြီး လက်ကိုဖြတ်ပစ်လိုက်တာပါ။ လက်ကောက်ဝတ်ကနေ ဖြတ်ပစ်လိုက်တာ”လို့ ဘာသီနာက အကြီးတန်းရဲအရာရှိ ဆဝပ်ပန်ရှားမ်က ဆိုပါတယ်။

ဒီဖြစ်ရပ်ကို ဒေသခံတွေက ရဲကို သတင်းပို့လိုက်လို့ သိရတာဖြစ်ပြီး ရဲတွေက ရောက်သွားတာနဲ့ လူငယ်ရဲ့လက်တွေကိုပါကောက်ပြီး ဆေးရုံကို ချက်ချင်းပို့ပေးလိုက်တာလို့ ဆိုပါတယ်။

မစ္စတာရှားမ်းပြောတာကတော့ ရဲတွေက ကလေးရဲ့ဖခင်ဖြစ်သူကို လူသတ်မှုကျူးလွန်ရန် အားထုတ်မှုနဲ့ ဖမ်းဆီးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မိန်းကလေးကို အဓမ္မကျူးလွန်ခံရတယ်ဆိုတာကို မိခင်ဖြစ်သူက သတိထားမိသွားပြီး ၂၀၁၄ ခုနှစ် ဧပြီလမှာ ရဲကို တိုင်ကြားခဲ့တာဖြစ်ပြီး စစ်ဆေးဆဲကာလပဲဖြစ်ပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; ndtv , kapook

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~