မူးယစ္ေဆး၀ါး သံုးစြဲထားတဲ့ မိခင္နဲ႔ရည္းစားျဖစ္သူတို႔ရဲ႕ ရိုက္ႏွက္မႈေၾကာင့္ ေလးႏွစ္သမီး ေသဆံုး

မူးယစ္ေဆး၀ါး သံုးစြဲထားတဲ့ မိခင္နဲ႔ရည္းစားျဖစ္သူတို႔ရဲ႕ ရိုက္ႏွက္မႈေၾကာင့္ ေလးႏွစ္သမီး ေသဆံုး
ဧပြီ 8, 2016
By Tachileik News Agency

ဘာသာျပန္၊ ဧၿပီ(၈)
တကၠဆက္ျပည္နယ္မွာ ဟီးရိုးအင္းသံုးထားတဲ့ မိခင္ျဖစ္သူနဲ႔ ရည္းစားျဖစ္သူတို႔က ေလးႏွစ္သမီးေလးကို ခါးပတ္၊ ဝါးတုတ္တို႔နဲ႔ ရိုက္ႏွက္တဲ့ဒဏ္ေၾကာင့္ ေသဆံုးသြားခဲ့ရတယ္လို႔ ေဒးလီးေမးဝက္ဘ္ဆိုက္မွာ
 ေဖာ္ျပလိုက္ပါတယ္။

အသက္ေလးႏွစ္အရြယ္ လိုင္လီနာဝစ္ဟာ အရိုက္ခံထားရတဲ့ ဒဏ္ေၾကာင့္ ေသဆံုးသြားခဲ့တာျဖစ္ၿပီး သူ႔ရဲ႕မိခင္ျဖစ္သူ အသက္ ၃၀ အရြယ္ ဂ်ီရီကြစ္ဇဒါကို ကေလးငယ္ကို ဒဏ္ရာရေစမႈနဲ႔ အေရးယူထားတာျဖစ္ပါတယ္။

ကေလးႏွစ္ေယာက္မိခင္ျဖစ္သူနဲ႔ သူ႔ရဲ႕ရည္းစားျဖစ္တဲ့ ခ်ားလ္စ္ဖစ္ဖာတို႔ဟာ ကေလးငယ္ကို ရိုက္ႏွက္ခဲ့တဲ့အခ်ိန္က မူးယစ္ေဆးဝါးသံုးစြဲထားၾကတာျဖစ္တယ္လို႔ ေဆးစစ္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အခင္းျဖစ္ေနအိမ္မွာ လိုင္လီနာက အသက္ ၁၈ လ အရြယ္ ေမာင္ျဖစ္သူရဲ႕ ေဖ်ာ္ရည္ကို ယူေသာက္ေနတာကို သူတို႔စံုတြဲကေတြ႕သြားၿပီး ရိုက္ႏွက္ခဲ့မိတာျဖစ္တယ္လို႔ ရဲစခန္းမွာ အစစ္ခံထားတာျဖစ္ပါတယ္။

လိုင္လီနာဟာ နာရီေပါင္းမ်ားစြာ ရိုက္ႏွက္ခံရၿပီး  ရရိွတဲ့ဒဏ္ရာေတြနဲ႔ ေသဆံုးသြားခဲ့တာလို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပထားတာပါ။

မိခင္ျဖစ္သူ ကြစ္ဇဒါက လိုင္လီနာကို ရိုက္ႏွက္ထားတဲ့ဒဏ္ရာေတြနဲ႔ လူၾကားထဲမွာ ရည္းစားျဖစ္တဲ့ ဖစ္ဖာရဲ႕အိမ္၌ ထားခဲ့ၿပီး ၁၈ လ အရြယ္သားငယ္နဲ႔ ထြက္လာခဲ့ကာ ကြစ္ဇဒါဟာ ရဲစခန္းကို ဖုန္းေခၚၿပီး သူ႔သမီးကို ရိုက္ႏွက္ခဲ့မိပါတယ္လို႔ ေျပာၾကားခဲ့တာလို႔ ဆိုပါတယ္။

တာဝန္ရိွသူေတြ ေရာက္လာခ်ိန္မွာေတာ့ ကေလးငယ္ရဲ႕ မ်က္ႏွာမွာပါ ဒဏ္ရာရေနတာကို ေတြ႔ခဲ့ရၿပီး သူ႔သမီးဟာ ေရခ်ဳိးခန္းထဲမွာ ေခ်ာ္လဲတာေၾကာင့္ ဒဏ္ရာရတာလို႔ ကြစ္ဇဒါက ေျပာခဲ့တယ္လို႔ သိရပါတယ္။

ဒီကေလးငယ္ကို ေဆးရံုကို ေခၚသြားခဲ့ေပမဲ့ ကေလးဟာ အိမ္မွာ ရိုက္ႏွက္ခံရတာေၾကာင့္ ေခါင္းနဲ႔ ဝမ္းဗိုက္တြင္းမွာ ရတဲ့ဒဏ္ရာေတြနဲ႔ ေသဆံုးသြားခဲ့တယ္လို႔ ေဆးရံုက မွတ္ခ်က္ခ်လိုက္တာ ျဖစ္ပါတယ္။

ကေလးေသဆံုးမႈနဲ႔ ပတ္သက္လို႔ သူ႔ရဲ႕မိခင္ျဖစ္သူ ကြစ္ဇဒါကို စစ္ေဆးဆဲကာလမွာ ကြစ္ဇဒါရဲ႕ ထြက္ဆိုခ်က္ေတြဟာ အၿမဲေျပာင္းလဲေနတတ္တယ္လုိ႔ တာဝန္ရိွသူေတြက ဆိုပါတယ္။

ကေလးငယ္ကို နာက်င္ေစမႈနဲ႔ စစ္ေဆးခံေနရတဲ့ ကေလးႏွစ္ေယာက္မိခင္ျဖစ္တဲ့ ကြစ္ဇဒါဟာ အာမခံ ရခ်င္ရင္ေတာ့ အေမရိကန္ေဒၚလာ ငါးသိန္းနဲ႔ အာမခံထားရမွာ ျဖစ္ပါတယ္။ ဖစ္ဖာကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနတာျဖစ္ပါတယ္။

ဘာသာျပန္။  ။ ဇာႏွင္းထိုက္
Ref; dailymail.co.uk
.............

( unicode )

တက္ကဆက်ပြည်နယ်မှာ ဟီးရိုးအင်းသုံးထားတဲ့ မိခင်ဖြစ်သူနဲ့ ရည်းစားဖြစ်သူတို့က လေးနှစ်သမီးလေးကို ခါးပတ်၊ ဝါးတုတ်တို့နဲ့ ရိုက်နှက်တဲ့ဒဏ်ကြောင့် သေဆုံးသွားခဲ့ရတယ်လို့ ဒေးလီးမေးဝက်ဘ်ဆိုက်မှာ
 ဖော်ပြလိုက်ပါတယ်။

အသက်လေးနှစ်အရွယ် လိုင်လီနာဝစ်ဟာ အရိုက်ခံထားရတဲ့ ဒဏ်ကြောင့် သေဆုံးသွားခဲ့တာဖြစ်ပြီး သူ့ရဲ့မိခင်ဖြစ်သူ အသက် ၃၀ အရွယ် ဂျီရီကွစ်ဇဒါကို ကလေးငယ်ကို ဒဏ်ရာရစေမှုနဲ့ အရေးယူထားတာဖြစ်ပါတယ်။

ကလေးနှစ်ယောက်မိခင်ဖြစ်သူနဲ့ သူ့ရဲ့ရည်းစားဖြစ်တဲ့ ချားလ်စ်ဖစ်ဖာတို့ဟာ ကလေးငယ်ကို ရိုက်နှက်ခဲ့တဲ့အချိန်က မူးယစ်ဆေးဝါးသုံးစွဲထားကြတာဖြစ်တယ်လို့ ဆေးစစ်ချက်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်နေအိမ်မှာ လိုင်လီနာက အသက် ၁၈ လ အရွယ် မောင်ဖြစ်သူရဲ့ ဖျော်ရည်ကို ယူသောက်နေတာကို သူတို့စုံတွဲကတွေ့သွားပြီး ရိုက်နှက်ခဲ့မိတာဖြစ်တယ်လို့ ရဲစခန်းမှာ အစစ်ခံထားတာဖြစ်ပါတယ်။

လိုင်လီနာဟာ နာရီပေါင်းများစွာ ရိုက်နှက်ခံရပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာလို့ ရဲမှတ်တမ်းမှာ ဖော်ပြထားတာပါ။

မိခင်ဖြစ်သူ ကွစ်ဇဒါက လိုင်လီနာကို ရိုက်နှက်ထားတဲ့ဒဏ်ရာတွေနဲ့ လူကြားထဲမှာ ရည်းစားဖြစ်တဲ့ ဖစ်ဖာရဲ့အိမ်၌ ထားခဲ့ပြီး ၁၈ လ အရွယ်သားငယ်နဲ့ ထွက်လာခဲ့ကာ ကွစ်ဇဒါဟာ ရဲစခန်းကို ဖုန်းခေါ်ပြီး သူ့သမီးကို ရိုက်နှက်ခဲ့မိပါတယ်လို့ ပြောကြားခဲ့တာလို့ ဆိုပါတယ်။

တာဝန်ရှိသူတွေ ရောက်လာချိန်မှာတော့ ကလေးငယ်ရဲ့ မျက်နှာမှာပါ ဒဏ်ရာရနေတာကို တွေ့ခဲ့ရပြီး သူ့သမီးဟာ ရေချိုးခန်းထဲမှာ ချော်လဲတာကြောင့် ဒဏ်ရာရတာလို့ ကွစ်ဇဒါက ပြောခဲ့တယ်လို့ သိရပါတယ်။

ဒီကလေးငယ်ကို ဆေးရုံကို ခေါ်သွားခဲ့ပေမဲ့ ကလေးဟာ အိမ်မှာ ရိုက်နှက်ခံရတာကြောင့် ခေါင်းနဲ့ ဝမ်းဗိုက်တွင်းမှာ ရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ ဆေးရုံက မှတ်ချက်ချလိုက်တာ ဖြစ်ပါတယ်။

ကလေးသေဆုံးမှုနဲ့ ပတ်သက်လို့ သူ့ရဲ့မိခင်ဖြစ်သူ ကွစ်ဇဒါကို စစ်ဆေးဆဲကာလမှာ ကွစ်ဇဒါရဲ့ ထွက်ဆိုချက်တွေဟာ အမြဲပြောင်းလဲနေတတ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ကလေးငယ်ကို နာကျင်စေမှုနဲ့ စစ်ဆေးခံနေရတဲ့ ကလေးနှစ်ယောက်မိခင်ဖြစ်တဲ့ ကွစ်ဇဒါဟာ အာမခံ ရချင်ရင်တော့ အမေရိကန်ဒေါ်လာ ငါးသိန်းနဲ့ အာမခံထားရမှာ ဖြစ်ပါတယ်။ ဖစ်ဖာကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေတာဖြစ်ပါတယ်။

ဘာသာပြန်။ ဇာနှင်းထိုက်
Ref; dailymail.co.uk

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~