က်ဳိင္းတံု၌ စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ

က်ဳိင္းတံု၌ စိတ္ၾကြေဆးျပားမ်ား သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ
မတ် 3, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ(၃) ။   ။ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕တြင္ ကာလတန္ဖိုးေငြ က်ပ္ (၁၈)သိန္း ရွိသည့္ Wy စာတန္းပါ ပန္းေရာင္ စိတ္ၾကြေဆးျပား (၁၈၀၀)ျပားအား  မတ္လ (၂) ရက္ေန႔က သတင္းအရ ဖမ္းဆီး သိမ္းဆည္း ရမိလိုက္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ၂၀၁၆ ခုႏွစ္၊ မတ္လ (၂) ရက္ေန႔ နံနက္ (၁၀)နာရီ ( ၄၅ )မိနစ္ အခ်ိန္က မူးယစ္တပ္ဖြဲ႕စု (၂၈) က်ဳိင္းတံုအဖြဲ႔သည္ သတင္းအရ မိုင္းခြန္အုပ္စု၊ ပန္လီေက်းရြာအနီးတြင္ ဖမ္းဆီးရန္ ေစာင့္ဆိုင္းေနစဥ္ ညေန (၃) နာရီခန္႔အခ်ိန္၌ ကားတစ္စီးအတြင္း ယာဥ္ေမာင္းထိုင္ေနေသာ ေနာက္ဘက္တံခါးၾကားတြင္ အျဖဴေရာင္မႈိင္းခံစကၠဴျဖင့္ ထုပ္ထားလွ်က္ အျပာေရာင္ ပလပ္စတစ္ကပ္ခြာအိတ္ငယ္ (၁) အိတ္လွ်င္ Wy စာတန္းပါ ပန္းေရာင္ေဆးျပား အျပား (၂၀၀) စီပါသည့္ (၉) ထုပ္၊ စုစုေပါင္းေဆးျပား (၁၈၀၀) ျပားအား ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈႏွင့္ ပက္သက္၍ ယာဥ္ေပၚတြင္ ပါလာသည့္ အသက္ (၅၃) ႏွစ္အရြယ္ ဦးအားေထာ ႏွင့္ အသက္ (၃၂) အရြယ္ရိွ ဦးက်အူ တို႔အား က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ ( ပ ) ၂၅/၂၀၁၆၊ မူးယစ္ေဆးဝါးႏွင့္ စိတ္ကို ေျပာင္းလဲေစတတ္ေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္ အေရးယူထားေၾကာင္း သိရွိရသည္။

သတင္း ။  ။ ဇင္ေအာင္
*************

( unicode )

ကျိုင်းတုံ၊ မတ်လ(၃)။ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကာလတန်ဖိုးငွေ ကျပ် (၁၈)သိန်း ရှိသည့် Wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၁၈၀၀)ပြားအား မတ်လ (၂) ရက်နေ့က သတင်းအရ ဖမ်းဆီး သိမ်းဆည်း ရမိလိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ်၊ မတ်လ (၂) ရက်နေ့ နံနက် (၁၀)နာရီ ( ၄၅ )မိနစ် အချိန်က မူးယစ်တပ်ဖွဲ့စု (၂၈) ကျိုင်းတုံအဖွဲ့သည် သတင်းအရ မိုင်းခွန်အုပ်စု၊ ပန်လီကျေးရွာအနီးတွင် ဖမ်းဆီးရန် စောင့်ဆိုင်းနေစဉ် ညနေ (၃) နာရီခန့်အချိန်၌ ကားတစ်စီးအတွင်း ယာဉ်မောင်းထိုင်နေသော နောက်ဘက်တံခါးကြားတွင် အဖြူရောင်မှိုင်းခံစက္ကူဖြင့် ထုပ်ထားလျှက် အပြာရောင် ပလပ်စတစ်ကပ်ခွာအိတ်ငယ် (၁) အိတ်လျှင် Wy စာတန်းပါ ပန်းရောင်ဆေးပြား အပြား (၂၀၀) စီပါသည့် (၉) ထုပ်၊ စုစုပေါင်းဆေးပြား (၁၈၀၀) ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပက်သက်၍ ယာဉ်ပေါ်တွင် ပါလာသည့် အသက် (၅၃) နှစ်အရွယ် ဦးအားထော နှင့် အသက် (၃၂) အရွယ်ရှိ ဦးကျအူ တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ ( ပ ) ၂၅/၂၀၁၆၊ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~