တူမီးေသနတ္ႏွင့္ခဲသီးမ်ား သယ္ေဆာင္လာသူကို တာခ်ီလိတ္ရဲစခန္း၌ အမႈဖြင့္ထား

တူမီးေသနတ္ႏွင့္ခဲသီးမ်ား သယ္ေဆာင္လာသူကို တာခ်ီလိတ္ရဲစခန္း၌ အမႈဖြင့္ထား
မတ် 27, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၂၇)။  ။ တာခ်ီလိတ္ၿမိဳ႕ ရီဂ်ီးနားဟိုတယ္အေနာက္ဖက္ လမ္းတြင္ တူမီးေသနတ္ႏွင့္ ခဲယမ္းမ်ားကို တရားမ၀င္သယ္ေဆာင္လာသူအား ဖမ္းဆီးရမိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

၂၀၁၆ခုႏွစ္ မတ္လ(၂၆)ရက္၊ ည(၁၀)နာရီ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ရီဂ်ီးနားဟိုတယ္ အေနာက္ဖက္လမ္းတြင္ နယ္ထိန္းရဲမ်ားႏွင့္ ၀မ္ေကာင္းျပည္သူ႔စစ္တို႔မွ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ရီဂ်ီးနားဟိုတယ္အေနာက္ဖက္လမ္းတြင္ ေဟြရဲရြာဖက္မွ စိုင္းအြန္ ေမာင္းလာေသာ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာမွ အဆိုပါ ယာဥ္အတြင္း အရွည္ (၃)ေပ(၈)လက္မခန္႔ရွိသည့္ တူမီးေသနတ္ (၁)လက္ ႏွင့္ ယမ္းမ်ားပါသည့္ ကတ္(၁)ခု၊ ခဲသီး(၂၅)လံုးတို႕အား ရွာေဖြသိမ္းဆည္းရမိျခင္းျဖစ္သည္။

အဆိုပါ အမႈႏွင့္ ပတ္သက္၍ တရားမ၀င္လက္နက္ခဲယမ္းမ်ားကို သယ္ေဆာင္လာသူ အသက္(၄၅)ႏွစ္ရွိ စိုင္းအြန္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၆၁/၂၀၁၆၊ ရွမ္းျပည္နယ္လက္နက္အမိန္႔အပိုဒ္ ၁၂(က)အရ အေရးယူေဆာင္ရြက္ထားရွိေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရွိရသည္။
***************

( unicode )

တာချီလိတ်၊ မတ်လ(၂၇)။ တာချီလိတ်မြို့ ရီဂျီးနားဟိုတယ်အနောက်ဖက် လမ်းတွင် တူမီးသေနတ်နှင့် ခဲယမ်းများကို တရားမဝင်သယ်ဆောင်လာသူအား ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

၂၀၁၆ခုနှစ် မတ်လ(၂၆)ရက်၊ ည(၁၀)နာရီဝန်းကျင်က တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရီဂျီးနားဟိုတယ် အနောက်ဖက်လမ်းတွင် နယ်ထိန်းရဲများနှင့် ဝမ်ကောင်းပြည်သူ့စစ်တို့မှ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ရီဂျီးနားဟိုတယ်အနောက်ဖက်လမ်းတွင် ဟွေရဲရွာဖက်မှ စိုင်းအွန် မောင်းလာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာမှ အဆိုပါ ယာဉ်အတွင်း အရှည် (၃)ပေ(၈)လက်မခန့်ရှိသည့် တူမီးသေနတ် (၁)လက် နှင့် ယမ်းများပါသည့် ကတ်(၁)ခု၊ ခဲသီး(၂၅)လုံးတို့အား ရှာဖွေသိမ်းဆည်းရမိခြင်းဖြစ်သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ တရားမဝင်လက်နက်ခဲယမ်းများကို သယ်ဆောင်လာသူ အသက်(၄၅)နှစ်ရှိ စိုင်းအွန်အား တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၆၁/၂၀၁၆၊ ရှမ်းပြည်နယ်လက်နက်အမိန့်အပိုဒ် ၁၂(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~