ေတာမီးကူးစက္ေလာင္ကၽြမ္း၍ ဘူတာေက်းရြာရိွ အိမ္ေျခ (၂၀) ဆံုးရံႈး

ေတာမီးကူးစက္ေလာင္ကၽြမ္း၍ ဘူတာေက်းရြာရိွ အိမ္ေျခ (၂၀) ဆံုးရံႈး
မတ် 29, 2016
By Tachileik News Agency

ေတာင္တြင္းႀကီး၊ မတ္လ (၂၈) ရက္ ။  ။ မေကြးခရိုင္ ၊ ေတာင္တြင္းႀကီးၿမိဳ႕နယ္ အိုးေပါက္ေက်းရြာအုပ္စု အိုးေပါက္သစ္ေတာႀကိဳးဝိုင္းအနီးရိွ ဘူတာေက်းရြာတြင္ ေတာမီးမွတစ္ဆင္႔ ကူးစက္မႈေၾကာင္႔ အိမ္ေျခ(၂၀)ခန္႔ မီးေလာင္ကၽြမ္းသြားေၾကာင္း ေတာင္တြင္းႀကီးၿမိဳ႕နယ္  အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရိွရသည္။

မတ္လ ၂၇ ရက္ နံနက္ (၁၁)နာရီ (၃၀)မိနစ္အခ်ိန္ခန္႔တြင္ ေတာမီးမွတစ္ဆင္႔ လူေနအိမ္မ်ားသို႔ မီးကူးစက္ေလာင္ကၽြမ္းျခင္းျဖစ္ၿပီး ေက်းရြာလူထု၏ ဝိုင္းဝန္ၿငိႇမ္းသတ္ႏိုင္ခဲ႔မႈေၾကာင္႔  မြန္းလဲြ (၁၂)နာရီ (၃၅) မိနစ္အခ်ိန္ခန္႔တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္းသိရသည္။

“ကၽြန္ေတာ္တို႔ရြာက မီးရထားလမ္းတစ္ခုထဲကုိပဲ အဓိက အားထားေနရတဲ႔ရြာျဖစ္လို႔ မီးသတ္ယာဥ္ေတြ ေရသယ္ယာဥ္ေတြ ဝင္ထြက္ဖို႔အတြက္က အခက္အခဲျဖစ္ခဲ႔ပါတယ္။ မီးေဘးသင္႔ မိသားစုေတြကိုေတာ႔ ယာယီကယ္ဆယ္ေရးစခန္းဖြင္႔ထားတဲ႔ ဘူတာေက်းရြာက အမက ေက်ာင္းမွာ ထားရိွပါတယ္”ဟု ဘူတာေက်းရြာသားတစ္ဦးကေျပာသည္။

မီးေလာင္မႈေၾကာင္႔ လူေနအိမ္မ်ားႏွင့္ ေက်းရြာကိုယ္႔အားကိုယ္ကိုး စာၾကည္႔တိုက္ တစ္လံုးတို႔ မီးေလာင္ဆံုးရံႈးခဲ႔ေသာ္လည္း လူႏွင့္တိရစာၦန္ ထိခိုက္ေသဆံုးမႈမရိွေၾကာင္း သိရသည္။

သတင္း။  ။ ဖီးနစ္

***************
( unicode )
တောင်တွင်းကြီး၊ မတ်လ (၂၈) ရက်။ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အိုးပေါက်ကျေးရွာအုပ်စု အိုးပေါက်သစ်တောကြိုးဝိုင်းအနီးရှိ ဘူတာကျေးရွာတွင် တောမီးမှတစ်ဆင့် ကူးစက်မှုကြောင့် အိမ်ခြေ(၂၀)ခန့် မီးလောင်ကျွမ်းသွားကြောင်း တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
မတ်လ ၂၇ ရက် နံနက် (၁၁)နာရီ (၃၀)မိနစ်အချိန်ခန့်တွင် တောမီးမှတစ်ဆင့် လူနေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခြင်းဖြစ်ပြီး ကျေးရွာလူထု၏ ဝိုင်းဝန်ငြှိမ်းသတ်နိုင်ခဲ့မှုကြောင့် မွန်းလွဲ (၁၂)နာရီ (၃၅) မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။
“ကျွန်တော်တို့ရွာက မီးရထားလမ်းတစ်ခုထဲကိုပဲ အဓိက အားထားနေရတဲ့ရွာဖြစ်လို့ မီးသတ်ယာဉ်တွေ ရေသယ်ယာဉ်တွေ ဝင်ထွက်ဖို့အတွက်က အခက်အခဲဖြစ်ခဲ့ပါတယ်။ မီးဘေးသင့် မိသားစုတွေကိုတော့ ယာယီကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ဘူတာကျေးရွာက အမက ကျောင်းမှာ ထားရှိပါတယ်”ဟု ဘူတာကျေးရွာသားတစ်ဦးကပြောသည်။
မီးလောင်မှုကြောင့် လူနေအိမ်များနှင့် ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက် တစ်လုံးတို့ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူနှင့်တိရစာ္ဆန် ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
သတင်း။ ဖီးနစ် 
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~