ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ တိုင္းမွဴးမွ စစ္မွဳထမ္းေဟာင္းမ်ားအား ေတြ႔ဆံု

ႀတိဂံေဒသတိုင္း စစ္ဌာနခ်ဳပ္၊ တိုင္းမွဴးမွ စစ္မွဳထမ္းေဟာင္းမ်ားအား ေတြ႔ဆံု
မတ် 9, 2016
By Tachileik News Agency

ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမွဴးမွ တာခ်ီလိတ္တပ္နယ္တြင္  စစ္မွဳထမ္းေဟာင္းမ်ားႏွင့္ ၂၀၁၆ခုႏွစ္ မတ္လ(၉)ရက္ေန႔၊ ေန႔လယ္ပိုင္းက ေတြ႔ဆံုကာ ေထာက္ပံ့ပစၥည္းမ်ား ေပးအပ္ေၾကာင္း သိရသည္။

ယင္းေတြ႔ဆံုပြဲတြင္ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအးမွ တာခ်ီလိတ္နယ္ေျမအတြင္းရွိ စစ္မႈထမ္းေဟာင္း အဖြဲ႔၀င္မ်ား အတြက္ ဆန္၊ ဆီ ႏွင့္ စားေသာက္ ဖြယ္ရာမ်ားအား ေထာက္ပံ့ေပးအပ္ရာ စစ္မွဳထမ္းေဟာင္းအဖြဲ႔မွ တာ၀န္ရွိသူမ်ားက လက္ခံ ရယူၾကၿပီးေနာက္ စစ္မႈထမ္းေဟာင္းအဖြဲ႔၀င္မ်ားမွ လိုအပ္ခ်က္မ်ားကို တင္ျပၾကရာ တိုင္းမွဴးမွ ျဖည့္ဆည္းေဆာင္ရြက္ေပးခဲ့ေၾကာင္း သိရသည္။

ေတြ႔ဆံုပြဲသို႔ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္၊ တိုင္းမွဴး ဗိုလ္ခ်ဳပ္ ေအာင္ေဇာ္ေအး အပါအ၀င္ တာခ်ီလိတ္တပ္နယ္မွ အရာရွိႀကီးမ်ား၊ တိုင္းစစ္ဌာနခ်ဳပ္မွ ဦးစီးအရာရွိမ်ားႏွင့္ တာ၀န္ရွိသူမ်ား၊ စစ္မွဳထမ္းေဟာင္းအဖြဲ႔၀င္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရွိရသည္။
****************

( unicode )

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးမှ တာချီလိတ်တပ်နယ်တွင် စစ်မှုထမ်းဟောင်းများနှင့် ၂၀၁၆ခုနှစ် မတ်လ(၉)ရက်နေ့၊ နေ့လယ်ပိုင်းက တွေ့ဆုံကာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေးမှ တာချီလိတ်နယ်မြေအတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ အတွက် ဆန်၊ ဆီ နှင့် စားသောက် ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ရာ စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက လက်ခံ ရယူကြပြီးနောက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များမှ လိုအပ်ချက်များကို တင်ပြကြရာ တိုင်းမှူးမှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်အေး အပါအဝင် တာချီလိတ်တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းစစ်ဌာနချုပ်မှ ဦးစီးအရာရှိများနှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~