လာမည့္ အစိုးရသစ္လက္ထက္တြင္ ျမန္မာက်ပ္ေငြေစ်းမ်ား တည္ၿငိမ္လာႏိုင္ဟု တာခ်ီလိတ္ေငြလဲသူမ်ား သုံးသပ္

လာမည့္ အစိုးရသစ္လက္ထက္တြင္ ျမန္မာက်ပ္ေငြေစ်းမ်ား တည္ၿငိမ္လာႏိုင္ဟု တာခ်ီလိတ္ေငြလဲသူမ်ား သုံးသပ္
မတ် 3, 2016
By Tachileik News Agency
တာခ်ီလိတ္၊ မတ္လ(၃) ။    ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ေဖေဖာ္၀ါရီလ ေနာက္ဆုံးအပတ္ အတြင္း ကမၻာ့ေရႊေစ်းႏွင့္ ေဒၚလာေစ်း အတက္အက်ေပၚ မူတည္၍ က်ပ္ေငြ (၁)သိန္းကို ထိုင္းဘတ္ (၂၈၀၀) ႏွင့္ (၂၉၀၀)ၾကားတည္ၿငိမ္လွ်က္ရွိၿပီး လာမည့္အစိုးရသစ္လက္ထက္္တြင္ ပိုၿပီးတည္ၿငိမ္လာႏိုင္ေၾကာင္း တာခ်ီလိတ္ေငြလဲသူမ်ားမွ သံုးသပ္ၾကသည္။
"ေရႊေစ်းတက္တက္က်က် ကုန္ပစၥည္းကူးသန္းေရာင္း၀ယ္ဖို႔အတြက္ (၁)ေဒၚလာကို က်ပ္(၁၂၀၀)၀န္းက်င္မွာ ထားၿပီး၊ က်ပ္ (၁)သိန္းကို ဘတ္(၂၈၀၀)ႏွင့္(၂၉၀၀)ထားရင္ ျမန္မာေငြကို လုပ္ကိုင္လို႔ အဆင္ေျပၿပီ။ ဒါေတာင္ အစိုးရသစ္ မတက္ေသးဘူး။ အစိုးရသစ္တက္ရင္ အေျခအေနေတြ ျပန္ေျပာင္းလဲ သြားႏိုင္တယ္။"ဟု တာခ်ီလိတ္ေငြလႊဲ၀န္ေဆာင္မႈမွ ကိုမိုးဟိန္းက ေျပာသည္။
၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလက တာခ်ီလိတ္ၿမိဳ႕တြင္ တရုတ္ႏွစ္သစ္ကူးကာလႏွင့္ ႏိုင္ငံေရးအေျပာင္းအလဲေၾကာင့္ က်ပ္ေငြ (၁)သိန္းကို ထိုင္းဘတ္(၃၀၀၀)ထိတက္ခဲ့ၿပီး ေဖေဖာ္၀ါရီလ ေနာက္ဆုံးအပတ္တြင္ ဘတ္(၂၈၀၀) ၀န္းက်င္ျပန္လည္ က်ဆင္းသြားသည္။
"အရင္လက တာခ်ီလိတ္မွာပဲက်ပ္ ေငြေစ်းတက္တယ္။ အခုလေငြေစ်းက ဒီမွာပဲ တက္တာမဟုတ္ဘဲ ျမ၀တီမွာလဲ တက္ေနတယ္။ ကုန္သြယ္မႈမ်ားေတာ့ ျမ၀တီမွာက ဒီထက္ပိုတက္ေနတယ္လို႔ သိရတယ္။"ဟု ကိုမိုးဟိန္းက ဆိုသည္။
၂၀၁၆ခုႏွစ္ မတ္လ (၁)ရက္ေန႔က တာခ်ီလိတ္ၿမိဳ႕တြင္ ေဒၚလာေစ်း ျပား(၂၀)ကြာဟမႈေၾကာင့္ က်ပ္တစ္သိန္းကို (၂၉၅၀)ဘတ္ထိတက္သြားၿပီး မတ္လ(၃)ရက္ေန႔မွာ က်ပ္(၁)သိန္းကို ဘတ္(၂၉၃၀)မွ ဘတ္(၃၀၀၀)အထိရွိေၾကာင္း သိရသည္။
လာမည့္အစိုးရသစ္လက္ထက္တြင္ ျမန္မာက်ပ္ေငြမ်ားျဖင့္ ကုန္ပစၥည္းကူးသန္းေရာင္း၀ယ္ေရးအတြက္ လုပ္ကိုင္၍ အဆင္ေျပႏိုင္ရန္ (၁)ေဒၚလာကို က်ပ္(၁၂၀၀) ထားၿပီး၊ က်ပ္တစ္သိန္းကို ဘတ္(၂၈၀၀)ေအာက္ က်မသြားႏိုင္ဟု တာခ်ီလိတ္ေငြလဲသူမ်ားမွ ခန္႔မွန္းထားၾကသည္။

သတင္း။   ။ ေဇာင္းညီ
***************

( unicode )

တာချီလိတ်၊ မတ်လ(၃)။ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ် အတွင်း ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေး အတက်အကျပေါ် မူတည်၍ ကျပ်ငွေ (၁)သိန်းကို ထိုင်းဘတ် (၂၈၀၀) နှင့် (၂၉၀၀)ကြားတည်ငြိမ်လျှက်ရှိပြီး လာမည့်အစိုးရသစ်လက်ထက်တွင် ပိုပြီးတည်ငြိမ်လာနိုင်ကြောင်း တာချီလိတ်ငွေလဲသူများမှ သုံးသပ်ကြသည်။

"ရွှေဈေးတက်တက်ကျကျ ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ဖို့အတွက် (၁)ဒေါ်လာကို ကျပ်(၁၂၀၀)ဝန်းကျင်မှာ ထားပြီး၊ ကျပ် (၁)သိန်းကို ဘတ်(၂၈၀၀)နှင့်(၂၉၀၀)ထားရင် မြန်မာငွေကို လုပ်ကိုင်လို့ အဆင်ပြပြေီ။ ဒါတောင် အစိုးရသစ် မတက်သေးဘူး။ အစိုးရသစ်တက်ရင် အခြေအနေတွေ ပြန်ပြောင်းလဲ သွားနိုင်တယ်။"ဟု တာချီလိတ်ငွေလွှဲဝန်ဆောင်မှုမှ ကိုမိုးဟိန်းက ပြောသည်။

၂၀၁၆ခုနှစ် ဖေဖော်ဝါရီလက တာချီလိတ်မြို့တွင် တရုတ်နှစ်သစ်ကူးကာလနှင့် နိုင်ငံရေးအပြောင်းအလဲကြောင့် ကျပ်ငွေ (၁)သိန်းကို ထိုင်းဘတ်(၃၀၀၀)ထိတက်ခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံးအပတ်တွင် ဘတ်(၂၈၀၀) ဝန်းကျင်ပြန်လည် ကျဆင်းသွားသည်။

"အရင်လက တာချီလိတ်မှာပဲကျပ် ငွေဈေးတက်တယ်။ အခုလငွေဈေးက ဒီမှာပဲ တက်တာမဟုတ်ဘဲ မြဝတီမှာလဲ တက်နေတယ်။ ကုန်သွယ်မှုများတော့ မြဝတီမှာက ဒီထက်ပိုတက်နေတယ်လို့ သိရတယ်။"ဟု ကိုမိုးဟိန်းက ဆိုသည်။

၂၀၁၆ခုနှစ် မတ်လ (၁)ရက်နေ့က တာချီလိတ်မြို့တွင် ဒေါ်လာဈေး ပြား(၂၀)ကွာဟမှုကြောင့် ကျပ်တစ်သိန်းကို (၂၉၅၀)ဘတ်ထိတက်သွားပြီး မတ်လ(၃)ရက်နေ့မှာ ကျပ်(၁)သိန်းကို ဘတ်(၂၉၃၀)မှ ဘတ်(၃၀၀၀)အထိရှိကြောင်း သိရသည်။

လာမည့်အစိုးရသစ်လက်ထက်တွင် မြန်မာကျပ်ငွေများဖြင့် ကုန်ပစ္စည်းကူးသန်းရောင်းဝယ်ရေးအတွက် လုပ်ကိုင်၍ အဆင်ပြေနိုင်ရန် (၁)ဒေါ်လာကို ကျပ်(၁၂၀၀) ထားပြီး၊ ကျပ်တစ်သိန်းကို ဘတ်(၂၈၀၀)အောက် ကျမသွားနိုင်ဟု တာချီလိတ်ငွေလဲသူများမှ ခန့်မှန်းထားကြသည်။

သတင်း။ ဇောင်းညီ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~