ေတာင္ႀကီးၿမိဳ႕ ေရေပးေဝေရး ေရကန္မ်ား ခမ္းေျခာက္ေနေသာ္လည္း အခက္အခဲ မရိွရန္ စီစဥ္ထားဟု သိရ

ေတာင္ႀကီးၿမိဳ႕ ေရေပးေဝေရး ေရကန္မ်ား ခမ္းေျခာက္ေနေသာ္လည္း အခက္အခဲ မရိွရန္ စီစဥ္ထားဟု သိရ
မတ် 15, 2016
By Tachileik News Agency

ေတာင္ႀကီး၊ မတ္လ (၁၅) ရက္ ။   ။ ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ေပၚ ရပ္ကြက္အသီးသီးကို ေရေပးေဝေနသည့္ ဂႏိုင္ကန္ (၂)ကန္ ေရခမ္းေျခာက္သြားေသာ္လည္း ၿမိဳ႕တြင္းေရေပးေဝႏိုင္ေရးအတြက္ ႀကဳိတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ထားေၾကာင္း ၿမဳိ႕နယ္စည္ပင္သာယာေရးေကာ္မတီထံမွ သိရသည္။

" လက္ရွိ ေရေပးေဝေရး (၇)ခုအျပင္ JICA နဲ႔ေဆာင္ရြက္ထားတဲ့ လုပ္ငန္းတစ္ခုရွိတယ္။ အဲဒါက ဆင္ႏွစ္ေကာင္ ေရေပးေဝေရးလို႔ ေခၚတယ္။ နာေယာင္းေရထြက္ကေန စက္နဲ႔တင္ၿပီးေတာ့ ေတာင္ႀကီးၿမဳိ႕အေနာက္ဖက္ ေတာင္ေၾကာေပၚတင္ထားတယ္။ ဒီဖက္က ရတနာသီရိမွာ ျဖန္႔ေဝဖို႔ တစ္ေနရာ။ ေနာက္ဒီဖက္ ရပ္ေတာ္မူမွာ တစ္ေနရာ။ အျမင့္ပိုင္းျဖစ္တဲ့အတြက္ေၾကာင့္ ၿမဳိ႕ထဲကိုေရျပန္ေပးဖုိ႔လည္း ေဆာင္ရြက္ၿပီးျဖစ္တယ္။" ဟု ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။

ေတာင္ႀကီးၿမိဳ႕တြင္ ၿမဳိ႕နယ္ေရေပးေဝေရးကန္ (၇)ခုျဖစ္သည့္ ရုွရွား၊ ထီသိမ္ ေရပူတမံ၊ ထီသိမ္ေက်ာက္တန္း၊ ပါမိုးနဲ၊ ေတာင္ေက်ာင္းႀကီး ဂႏိုင္ကန္ (၂)ခုတို႔မွ ေသာက္သံုးေရ ျဖန္႔ျဖဴးေပးေနျခင္းျဖစ္သျဖင့္ ကန္တစ္ကန္ ေရခမ္းေျခာက္သြားပါက က်န္သည့္ေရကန္မ်ားမွ အလွည့္က်ေရစုျခင္း၊ ေရေပးေဝျခင္းမ်ား ေဆာင္ရြက္သြားရန္ စီစဥ္ထားေၾကာင္း စည္ပင္သာယာေရးဌာနမွ သိရသည္။

"ကြ်န္ေတာ္တို႔ ေရေရာင္းလာတာ သုံးႏွစ္ရွိၿပီ။ မႏွစ္က ေရသိပ္မရွားဘူး။ ဒီႏွစ္က ပိုရွားတယ္။ ေနရာတိုင္း ေရဝယ္လုိ႔မရဘူး။ ေနာက္ၿပီး ဒီႏွစ္က ရာသီဥတုလည္း ပိုဆိုးတယ္။ ခုဆိုေႏြအစပဲရွိေသးတာ ေရက ေတာ္ေတာ္ေလး ရွားေနၿပီ။ မႏွစ္က ေရတစ္ကားကို က်ပ္ရွစ္ရာေပးဝယ္ရတယ္။ ဒီႏွစ္က ေထာင့္ႏွစ္ရာ ေပးဝယ္ရတယ္။ "ဟု စိန္ပန္းရပ္ကြက္မွ ေရေရာင္းသူ ဦးေက်ာ္ဦးက ေျပာသည္။

ယခင္ႏွစ္က ေရကားတစ္စီးလွ်င္ က်ပ္ (၃၀၀၀)မွ (၃၅၀၀)ဝန္းက်င္ျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ၿပီး ယခုႏွစ္တြင္ ေရပိုရွားလာေသာေၾကာင့္ က်ပ္ (၄၀၀၀)မွ (၆၀၀၀) ၾကားတြင္ ျပန္လည္ေရာင္းခ်ေနရေၾကာင္း သိရသည္။
"အရင္ႏွစ္က ေရတစ္ပီပါကုိ ေျခာက္ရာ ေပးဝယ္ရတယ္။ ဒီႏွစ္ေတာ့ တစ္ေထာင္ေပးဝယ္ရတယ္။ အဲဒါေတာင္ မွာတဲ့အခ်ိန္မရဘူး။ "ဟု ကံသာရပ္ကြက္မွ ေဒၚေအးသန္းက ေျပာသည္။

ေတာင္ႀကီးၿမဳိ႕၏ ဆင္ေျခဖုံးရပ္ကြက္မ်ားတြင္ အယ္ပြဆန္ဆိုင္မွ ေရကန္မ်ားတည္ေဆာက္ထားေပးၿပီး ေရကားမ်ားျဖင့္ ေရကို အဆက္မျပတ္ျဖည့္ေပးၿပီး ေရလွဴဒါန္းမႈအျပင္ အျခားေစတနာရွင္မ်ားကလည္း မိမိရပ္ကြက္အလိုက္ တစ္ပိုင္တစ္ႏိုင္ ေရလွဴဒါန္းလွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ မင္းမင္း
**************
( unicode )
တောင်ကြီး၊ မတ်လ (၁၅) ရက်။ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ပေါ် ရပ်ကွက်အသီးသီးကို ရေပေးဝေနေသည့် ဂနိုင်ကန် (၂)ကန် ရေခမ်းခြောက်သွားသော်လည်း မြို့တွင်းရေပေးဝေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
" လက်ရှိ ရေပေးဝေရေး (၇)ခုအပြင် JICA နဲ့ဆောင်ရွက်ထားတဲ့ လုပ်ငန်းတစ်ခုရှိတယ်။ အဲဒါက ဆင်နှစ်ကောင် ရေပေးဝေရေးလို့ ခေါ်တယ်။ နာယောင်းရေထွက်ကနေ စက်နဲ့တင်ပြီးတော့ တောင်ကြီးမြို့အနောက်ဖက် တောင်ကြောပေါ်တင်ထားတယ်။ ဒီဖက်က ရတနာသီရိမှာ ဖြန့်ဝေဖို့ တစ်နေရာ။ နောက်ဒီဖက် ရပ်တော်မူမှာ တစ်နေရာ။ အမြင့်ပိုင်းဖြစ်တဲ့အတွက်ကြောင့် မြို့ထဲကိုရပြေန်ပေးဖို့လည်း ဆောင်ရွက်ပြီးဖြစ်တယ်။" ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။
တောင်ကြီးမြို့တွင် မြို့နယ်ရေပေးဝေရေးကန် (၇)ခုဖြစ်သည့် ရှုရှား၊ ထီသိမ် ရေပူတမံ၊ ထီသိမ်ကျောက်တန်း၊ ပါမိုးနဲ၊ တောင်ကျောင်းကြီး ဂနိုင်ကန် (၂)ခုတို့မှ သောက်သုံးရေ ဖြန့်ဖြူးပေးနခြေင်းဖြစ်သဖြင့် ကန်တစ်ကန် ရေခမ်းခြောက်သွားပါက ကျန်သည့်ရေကန်များမှ အလှည့်ကျရေစုခြင်း၊ ရေပေးဝခြေင်းများ ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း စည်ပင်သာယာရေးဌာနမှ သိရသည်။
"ကျွန်တော်တို့ ရေရောင်းလာတာ သုံးနှစ်ရှိပြီ။ မနှစ်က ရေသိပ်မရှားဘူး။ ဒီနှစ်က ပိုရှားတယ်။ နေရာတိုင်း ရေဝယ်လို့မရဘူး။ နောက်ပြီး ဒီနှစ်က ရာသီဥတုလည်း ပိုဆိုးတယ်။ ခုဆိုနွေအစပဲရှိသေးတာ ရေက တော်တော်လေး ရှားနပြေီ။ မနှစ်က ရေတစ်ကားကို ကျပ်ရှစ်ရာပေးဝယ်ရတယ်။ ဒီနှစ်က ထောင့်နှစ်ရာ ပေးဝယ်ရတယ်။ "ဟု စိန်ပန်းရပ်ကွက်မှ ရေရောင်းသူ ဦးကျော်ဦးက ပြောသည်။
ယခင်နှစ်က ရေကားတစ်စီးလျှင် ကျပ် (၃၀၀၀)မှ (၃၅၀၀)ဝန်းကျင်ဖြင့် ပြန်လည်ရောင်းချခဲ့ပြီး ယခုနှစ်တွင် ရေပိုရှားလာသောကြောင့် ကျပ် (၄၀၀၀)မှ (၆၀၀၀) ကြားတွင် ပြန်လည်ရောင်းချနေရကြောင်း သိရသည်။
"အရင်နှစ်က ရေတစ်ပီပါကို ခြောက်ရာ ပေးဝယ်ရတယ်။ ဒီနှစ်တော့ တစ်ထောင်ပေးဝယ်ရတယ်။ အဲဒါတောင် မှာတဲ့အချိန်မရဘူး။ "ဟု ကံသာရပ်ကွက်မှ ဒေါ်အေးသန်းက ပြောသည်။
တောင်ကြီးမြို့၏ ဆင်ခြေဖုံးရပ်ကွက်များတွင် အယ်ပွဆန်ဆိုင်မှ ရေကန်များတည်ဆောက်ထားပေးပြီး ရေကားများဖြင့် ရေကို အဆက်မပြတ်ဖြည့်ပေးပြီး ရေလှူဒါန်းမှုအပြင် အခြားစေတနာရှင်များကလည်း မိမိရပ်ကွက်အလိုက် တစ်ပိုင်တစ်နိုင် ရေလှူဒါန်းလျှက်ရှိကြောင်း သိရသည်။
သတင်း။ မင်းမင်း
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~ေၾကာ္ျငာ ~~~~~~~