က်ဳိင္းတံု၌ မန္က်ည္းပင္ အပင္ျပတ္ ၀ယ္ယူသူရွိ၍ ပိုင္ရွင္မ်ား ႏွစ္စဥ္၀င္ေငြတိုး

က်ဳိင္းတံု၌ မန္က်ည္းပင္ အပင္ျပတ္ ၀ယ္ယူသူရွိ၍ ပိုင္ရွင္မ်ား ႏွစ္စဥ္၀င္ေငြတိုး
မတ် 3, 2016
By Tachileik News Agency
က်ဳိင္းတံု၊ မတ္လ(၃) ။    ။မန္က်ည္းသီးေပၚသည့္ ေဖေဖာ္၀ါရီႏွင့္ မတ္လမ်ားတြင္ က်ိဳင္းတံုၿမိဳ႕တြင္ ပင္မွည့္မန္က်ည္းသီး ၀ယ္ယူမႈမ်ားရွိသျဖင့္ မန္က်ည္းပင္ပိုင္ရွင္မ်ား ႏွစ္စဥ္၀င္ေငြရရွိလွ်က္ရွိေၾကာင္း မန္က်ည္းပင္ပိုင္ရွင္မ်ားထံမွ သိရသည္။
"ႏွစ္စဥ္ အိမ္ကမန္က်ည္း ခ်ဳိပင္ကို အပင္ျပတ္နဲ႔လာဝယ္သြားတယ္။ လာဝယ္တဲ့သူကပဲ ကိုယ္တိုင္ခူးဆြတ္ယူသြားတာ။ မန္က်ည္းသီး အခ်ဥ္ကိုေတာ့ ကိုယ္တိုင္ ခူးၿပီး အေစ့ထုတ္ထားမွ ေစ်းပိုေပးတာ။ မေရာင္းပဲထားရင္လည္း အလကားပ်က္စီးသြားမယ့္ အတူတူ ေပးတဲ့ေစ်းနဲ႔ပဲ ေရာင္းလိုက္ရတယ္ဆိုေပမယ့္ ဘာမွ မပင္ပန္းပဲ အလိုလိုေငြဝင္လာလို႔ ေက်နပ္ရပါတယ္" ဟု မန္က်ည္းပင္ပိုင္ရွင္ ကိုတိုးက ေျပာသည္။
ထိုင္းဘက္မွ လာေသာ မန္က်ည္းခ်ဳိမ်ားသည္ အလံုးလွ ေစ်းေကာင္းရေသာ္လည္း ေဒသထြက္ မန္က်ည္းခ်ဳိမ်ားကိုသာ အႀကိဳက္မ်ားၿပီး မန္က်ည္း သီးအခ်ဥ္မ်ားကို ထိုင္းဘက္သို႔ တင္သြင္းမည္ ျဖစ္ေၾကာင္း သိရၿပီး ေဒသအတြင္းမွာေတာ့ အခ်ဥ္ဟင္း ခ်က္ရာတြင္ အဓိက အသံုးျပဳ၍ ရွမ္း႐ိုးရာ သေဘၤာသီးေထာင္းဆိုင္မ်ားတြင္လည္း အသံုးျပဳၾကေၾကာင္း သိရသည္။
"ကြၽန္မက အဓိကေတာ့ ပန္းေရာင္းေပမယ့္ ခုလို မန္က်ည္းသီးေပၚတဲ့ အခ်ိန္ေရာက္ရင္ ႏွစ္တိုင္းရြာထဲသြားၿပီး မန္က်ည္းသီးေတြကို ေဖာက္သည္ လိုက္ဝယ္ပါတယ္။ အခ်ဳိသီးေတြကို အစည္းေတြစည္းၿပီး ၿမိဳ႕မေစ်းထဲ သြားေရာင္းရင္ ခဏေလး ကုန္ပါတယ္။ အခ်ဥ္သီးေတြကိုေတာ့ ကုန္စံုဆိုင္ေတြမွာ ပိႆာခ်ိန္နဲ႔သြင္းပါတယ္။ မန္က်ည္းပင္ တစ္ပင္ကို ပိႆာခ်ိန္ (၃၀) ေလာက္ရတဲ့အတြက္ ကြၽန္မအတြက္လဲ အျမတ္က်န္တယ္ေလ " ဟု မန္က်ည္းသီးေဖာက္သည္ 
လိုက္ဝယ္သည့္ ေဒၚမီတီးက ေျပာသည္။
ထိုင္းဘက္မွ လာသည့္ မန္က်ည္းအခ်ဳိသီးသည္ (၁) ကီလို (၂၀၀၀) က်ပ္ ဝန္းက်င္ရိွၿပီး ေဒသထြက္ မန္က်ည္းအခ်ဳိမွာ အေနေတာ္ (၁၀) ေတာင့္ခန္႔ပါ တစ္စည္းကို (၂၀၀) က်ပ္ျဖင့္ ေရာင္းခ်လွ်က္ရွိေၾကာင္း၊ မန္က်ည္းသီးအခ်ဥ္၏ 
ေစ်းႏွဴန္းသည္ မန္က်ည္းပင္ပိုင္ရွင္ထံမွ ယူေစ်း (၁၅၀၀) က်ပ္ႏွင့္ ကုန္စံုဆိုင္မ်ားတြင္ ႏွစ္ရာဖိုး သံုးရာဖိုးစသည္ျဖင့္ အဆုပ္လိုက္ ျပဳလုပ္ကာ ေရာင္းခ်လွ်က္ရွိေၾကာင္း သိရသည္။

သတင္း ။  ။ ဇင္ေအာင္
**************

( unicode )

ကျိုင်းတုံ၊ မတ်လ(၃)။ မန်ကျည်းသီးပေါ်သည့် ဖေဖော်ဝါရီနှင့် မတ်လများတွင် ကျိုင်းတုံမြို့တွင် ပင်မှည့်မန်ကျည်းသီး ဝယ်ယူမှုများရှိသဖြင့် မန်ကျည်းပင်ပိုင်ရှင်များ နှစ်စဉ်ဝင်ငွေရရှိလျှက်ရှိကြောင်း မန်ကျည်းပင်ပိုင်ရှင်များထံမှ သိရသည်။

"နှစ်စဉ် အိမ်ကမန်ကျည်း ချိုပင်ကို အပင်ပြတ်နဲ့လာဝယ်သွားတယ်။ လာဝယ်တဲ့သူကပဲ ကိုယ်တိုင်ခူးဆွတ်ယူသွားတာ။ မန်ကျည်းသီး အချဉ်ကိုတော့ ကိုယ်တိုင် ခူးပြီး အစေ့ထုတ်ထားမှ ဈေးပိုပေးတာ။ မရောင်းပဲထားရင်လည်း အလကားပျက်စီးသွားမယ့် အတူတူ ပေးတဲ့ဈေးနဲ့ပဲ ရောင်းလိုက်ရတယ်ဆိုပေမယ့် ဘာမှ မပင်ပန်းပဲ အလိုလိုငွေဝင်လာလို့ ကျေနပ်ရပါတယ်" ဟု မန်ကျည်းပင်ပိုင်ရှင် ကိုတိုးက ပြောသည်။

ထိုင်းဘက်မှ လာသော မန်ကျည်းချိုများသည် အလုံးလှ ဈေးကောင်းရသော်လည်း ဒေသထွက် မန်ကျည်းချိုများကိုသာ အကြိုက်များပြီး မန်ကျည်း သီးအချဉ်များကို ထိုင်းဘက်သို့ တင်သွင်းမည် ဖြစ်ကြောင်း သိရပြီး ဒေသအတွင်းမှာတော့ အချဉ်ဟင်း ချက်ရာတွင် အဓိက အသုံးပြု၍ ရှမ်းရိုးရာ သင်္ဘောသီးထောင်းဆိုင်များတွင်လည်း အသုံးပြုကြကြောင်း သိရသည်။

"ကျွန်မက အဓိကတော့ ပန်းရောင်းပေမယ့် ခုလို မန်ကျည်းသီးပေါ်တဲ့ အချိန်ရောက်ရင် နှစ်တိုင်းရွာထဲသွားပြီး မန်ကျည်းသီးတွေကို ဖောက်သည် လိုက်ဝယ်ပါတယ်။ အချိုသီးတွေကို အစည်းတွေစည်းပြီး မြို့မဈေးထဲ သွားရောင်းရင် ခဏလေး ကုန်ပါတယ်။ အချဉ်သီးတွေကိုတော့ ကုန်စုံဆိုင်တွေမှာ ပိဿါချိန်နဲ့သွင်းပါတယ်။ မန်ကျည်းပင် တစ်ပင်ကို ပိဿါချိန် (၃၀) လောက်ရတဲ့အတွက် ကျွန်မအတွက်လဲ အမြတ်ကျန်တယ်လေ " ဟု မန်ကျည်းသီးဖောက်သည်
လိုက်ဝယ်သည့် ဒေါ်မီတီးက ပြောသည်။

ထိုင်းဘက်မှ လာသည့် မန်ကျည်းအချိုသီးသည် (၁) ကီလို (၂၀၀၀) ကျပ် ဝန်းကျင်ရှိပြီး ဒေသထွက် မန်ကျည်းအချိုမှာ အနေတော် (၁၀) တောင့်ခန့်ပါ တစ်စည်းကို (၂၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း၊ မန်ကျည်းသီးအချဉ်၏

ဈေးနှူန်းသည် မန်ကျည်းပင်ပိုင်ရှင်ထံမှ ယူဈေး (၁၅၀၀) ကျပ်နှင့် ကုန်စုံဆိုင်များတွင် နှစ်ရာဖိုး သုံးရာဖိုးစသည်ဖြင့် အဆုပ်လိုက် ပြုလုပ်ကာ ရောင်းချလျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~