ဘန္ေကာက္ၿမိဳ႕ SBI သံစက္ရံုမွ ျမန္မာလုပ္သားမ်ား၏ လူမႈဖူလံုေရးအာမခံအား စက္ရံုမွ ေပးသြင္းျခင္းမရိွေၾကာင္း စစ္ေဆးေတြ႔ရိွ

ဘန္ေကာက္ၿမိဳ႕ SBI သံစက္ရံုမွ ျမန္မာလုပ္သားမ်ား၏ လူမႈဖူလံုေရးအာမခံအား စက္ရံုမွ ေပးသြင္းျခင္းမရိွေၾကာင္း စစ္ေဆးေတြ႔ရိွ
မတ် 30, 2016
By Tachileik News Agency
ဓာတ္ပံု။  ။ AAC

တာခ်ီလိတ္၊ မတ္လ (၃၀) ။  ။ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ SBI သံစက္ရံုမွ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား(၈၀)ခန္႔ လူမႈဖူလံုေရး အာမခံေငြ ပံုမွန္ထည့္သြင္းထားၾကေသာ္လည္း အလုပ္သမားအခ်ိဳ႕၏ အာမခံေငြမ်ားကို စက္ရံုမွ အစိုးရအား ေပးသြင္းျခင္း မျပဳသည္ကို စစ္ေဆးေတြ႔ရိွရေၾကာင္း သိရသည္။

"စက္ရံုမွာ ျမန္မာအလုပ္သမား (၈၀)ေလာက္ရွိတယ္။ အဲဒီထဲက (၃၀)ေလာက္ပဲ အလုပ္သမား ဖူလံုေရး အာမခံေငြကို စက္ရံုက ပံုမွန္ထည့္ေပးတယ္။ အလုပ္သမားေတြဆီကေတာ့ လစဥ္ျဖတ္သြားတာပဲ။ တကယ္လို႔ ဒီအလုပ္သမား တစ္စံုတစ္ခုျဖစ္ရင္ အာမခံေငြ မထည့္ထားတဲ့အတြက္ ဘာမွ ရမွာမဟုတ္ဘူး။ စက္ရံုက ဒီေငြေၾကးေတြကို ၾကားကျဖတ္စားေနတာ"ဟု ျမန္မာသံရံုးအလုပ္သမားမ်ား ကူညီေစာင့္ေရွာက္ေရး ေကာ္မတီ၀င္"AAC"မဟာမိတ္မွ ကိုရဲမင္းက ေျပာသည္။

အလုပ္သမားမ်ားထံမွ လစဥ္ လူမႈဖူလံုေရးအာမခံေငြအျဖစ္ ဘတ္(၈၀)အား ျဖတ္ယူထားျခင္း ျဖစ္ေသာ္လည္း အစိုးရအား ေပးသြင္းထားျခင္း မရိွသည္ကို အဆိုပါစက္ရံုအား ထိုင္းအာဏာပိုင္မ်ားက ဝင္ေရာက္စစ္ေဆးရာမွ ေတြ႔ရိွျခင္းရျဖစ္ေၾကာင္း သိရသည္။

"အခုလို အလုပ္သမားေတြရဲ႕ လူမႈဖူူလံုေရးအာမခံ မသြင္းတာ တခ်ိဳ႕ဆို (၃)ႏွစ္ေလာက္ရွိၿပီ။ အလုပ္သမားအမ်ားစုက အလုပ္စ၀င္ကတည္းက စက္ရံုကျဖတ္ေပမဲ့ သူတို႔က အစိုးရကို ျပန္မသြင္းတာ။ အနည္းဆံုးေတာ့ တခ်ိဳ႕အလုပ္သမားဆို(၆)လေလာက္ရွိမယ္"ဟု"AAC"မဟာမိတ္အဖြဲ႕၀င္ ကိုရဲမင္းက ေျပာသည္။

သံရည္က်ိဳစက္ရံုျဖစ္သည့္အတြက္ အလုပ္သမားမ်ားအား အပူဒဏ္ခံေၾကးအား ယခင္က တစ္ရက္လွ်င္ ဘတ္(၅၀)ေပးေနျခင္းျဖစ္ေသာ္လည္း၊ ယခုအခါ ဘတ္(၃၀)သာ ေပးသျဖင့္ အလုပ္သမားမ်ား မေက်မနပ္ျဖစ္ကာ AAC မဟာမိတ္အဖြဲ႕အား အကူအညီေတာင္းခံသျဖင့္ လိုက္လံ ညွိႏွိဳင္းေပးလွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ ကိုဇက္

***************
( unicode )
တာချီလိတ်၊ မတ်လ (၃၀)။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ SBI သံစက်ရုံမှ မြန်မာရွှေ့ပြောင်း အလုပ်သမား(၈၀)ခန့် လူမှုဖူလုံရေး အာမခံငွေ ပုံမှန်ထည့်သွင်းထားကြသော်လည်း အလုပ်သမားအချို့၏ အာမခံငွေများကို စက်ရုံမှ အစိုးရအား ပေးသွင်းခြင်း မပြုသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။
"စက်ရုံမှာ မြန်မာအလုပ်သမား (၈၀)လောက်ရှိတယ်။ အဲဒီထဲက (၃၀)လောက်ပဲ အလုပ်သမား ဖူလုံရေး အာမခံငွေကို စက်ရုံက ပုံမှန်ထည့်ပေးတယ်။ အလုပ်သမားတွေဆီကတော့ လစဉ်ဖြတ်သွားတာပဲ။ တကယ်လို့ ဒီအလုပ်သမား တစ်စုံတစ်ခုဖြစ်ရင် အာမခံငွေ မထည့်ထားတဲ့အတွက် ဘာမှ ရမှာမဟုတ်ဘူး။ စက်ရုံက ဒီငွေကြေးတွေကို ကြားကဖြတ်စားနေတာ"ဟု မြန်မာသံရုံးအလုပ်သမားများ ကူညီစောင့်ရှောက်ရေး ကော်မတီဝင်"AAC"မဟာမိတ်မှ ကိုရဲမင်းက ပြောသည်။
အလုပ်သမားများထံမှ လစဉ် လူမှုဖူလုံရေးအာမခံငွေအဖြစ် ဘတ်(၈၀)အား ဖြတ်ယူထားခြင်း ဖြစ်သော်လည်း အစိုးရအား ပေးသွင်းထားခြင်း မရှိသည်ကို အဆိုပါစက်ရုံအား ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးရာမှ တွေ့ရှိခြင်းရဖြစ်ကြောင်း သိရသည်။
"အခုလို အလုပ်သမားတွေရဲ့ လူမှုဖူလုံရေးအာမခံ မသွင်းတာ တချို့ဆို (၃)နှစ်လောက်ရှိပြီ။ အလုပ်သမားအများစုက အလုပ်စဝင်ကတည်းက စက်ရုံကဖြတ်ပေမဲ့ သူတို့က အစိုးရကို ပြန်မသွင်းတာ။ အနည်းဆုံးတော့ တချို့အလုပ်သမားဆို(၆)လလောက်ရှိမယ်"ဟု"AAC"မဟာမိတ်အဖွဲ့ဝင် ကိုရဲမင်းက ပြောသည်။
သံရည်ကျိုစက်ရုံဖြစ်သည့်အတွက် အလုပ်သမားများအား အပူဒဏ်ခံကြေးအား ယခင်က တစ်ရက်လျှင် ဘတ်(၅၀)ပေးနခြေင်းဖြစ်သော်လည်း၊ ယခုအခါ ဘတ်(၃၀)သာ ပေးသဖြင့် အလုပ်သမားများ မကျေမနပ်ဖြစ်ကာ AAC မဟာမိတ်အဖွဲ့အား အကူအညီတောင်းခံသဖြင့် လိုက်လံ ညှိနှိုင်းပေးလျှက်ရှိကြောင်း သိရသည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~