ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ၿမိဳ႕နယ္မ်ားတြင္ RCSS/SSAမွ ဆက္ေၾကးေကာက္ခံျခင္းမရိွဟု ေျပာၾကား

ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ၿမိဳ႕နယ္မ်ားတြင္ RCSS/SSAမွ ဆက္ေၾကးေကာက္ခံျခင္းမရိွဟု ေျပာၾကား
မတ် 14, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၁၄) ရက္ ။   ။ ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ ၿမိဳ႕နယ္မ်ားတြင္ မတ္လ ပထမပတ္အတြင္း ရွမ္းျပည္ျပန္လည္ ထူေထာင္ေရး ေကာင္စီ္ (RCSS/SSA)မွ ဆက္ေၾကးမ်ားေကာက္ခံေနသည္ဟု သက္ေသခိုင္လံုျခင္းမရွိဘဲ စြပ္စြဲေျပာဆိုမႈမ်ား ရိွေနေၾကာင္း RCSS/SSA ၏ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး စိုင္းေလာင္ဆိုင္က ေျပာၾကားလိုက္သည္။

"သက္ေသအေထာက္အထားမရွိဘဲ စြပ္စြဲေျပာဆိုတယ္ဆိုရင္ ဒါအေသေရဖ်က္မႈပဲ။ ျဖစ္ႏိုင္ေခ်ရွိတယ္၊ မရွိဘူး ကၽြန္ေတာ္ အတိအက်ေတာ့ မေျပာႏိုင္ဘူး။ တကယ္ရွိခဲ့တယ္။ သက္ေသအေထာက္အထားလည္း ရတယ္ဆိုရင္ ကၽြန္ေတာ္တို႔တပ္ေတြကို ျပန္ၿပီး အေရးယူလို႔ရတာေပါ့။ ကၽြန္ေတာ္တို႔ လူေတြ ေကာက္တာေတာ့ မရွိပါဘူး"ဟု RCSS/SSA မွ ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴးႀကီး စိုင္းေလာင္ဆိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းျပည္နယ္ေတာင္ပိုင္းရွိ မိုးနဲၿမိဳ႕ႏွင့္ ေမာက္မယ္ၿမိဳ႕မ်ားတြင္ မတ္လ(၆)ရက္ေန႔က  RCSS/SSA မွ တစ္အိမ္ေထာင္လွ်င္ အနည္းဆံုး(၅၀၀၀)က်ပ္ႏႈန္းျဖင့္ ဆက္ေၾကးေကာက္ခံလွ်က္ရွိေၾကာင္း ေဒသခံမ်ားက ေျပာၾကားေနျခင္းျဖစ္သည္။

"ဆယ္ဘီးကားတို႔၊ ေျခာက္ဘီးကားတို႔ရွိတဲ့သူေတြကို လုပ္ငန္းခြန္အေနနဲ႔ေကာက္တာပါ။ ဒါႏွစ္တိုင္း ေကာက္ေနၾကပါ။ ဒီကိစၥေတြက ကၽြန္ေတာ္တို႔ ၿမိဳ႕နယ္ေတြဘက္မွာ ထံုးစံအတုိင္းျဖစ္ေနေတာ့ သိပ္မထူးဆန္းပါဘူး။ လုပ္ငန္းရွင္ေတြအေနနဲ႔လည္း ႏွစ္တိုင္းေပးေနၾကပါ"ဟု လဲခ်ားၿမိဳ႕ေဒသခံ ကိုခမ္းမိန္းက ေျပာသည္။

မိုးနဲၿမိဳ႕နယ္ႏွင့္ ေမာက္မယ္ၿမိဳ႕နယ္အတြင္း ၂၀၁၃ခုနွစ္မွ ၂၀၁၅ ခုႏွစ္အထိ စက်င္ေက်ာက္သယ္သည့္ ကားမ်ားအား ဘီးခြန္အျဖစ္ တာယာတစ္လံုးလွ်င္ က်ပ္တစ္သိန္းႏွဳန္းေကာက္ခံခဲ့ျခင္းျဖစ္သျဖင့္  ယခုေကာက္ခံမႈမွာလည္း လုပ္ငန္းခြန္ေကာက္ခံျခင္းသာျဖစ္ေၾကာင္း နမ့္ဆန္ၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။

"ေကာက္ခံေနတာ ရွိတယ္လို႔ေတာ့ ၾကားရတယ္။ ကၽြန္ေတာ္တို႔ တိတိက်က်ေတာ့မသိဘူး။ အခုရက္ပိုင္းအတြင္းမွာေတာ့ မဟုတ္ပါဘူး"ဟု မိုးနဲၿမိဳ႕မရဲတပ္ဖြဲ႕စခန္းမွဴးက ေျပာသည္။

အဆိုပါ အခြန္ေကာက္ခံသည္ဆိုသည့္ သတင္းႏွင့္ပတ္သက္၍ မိုးနဲၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက"ကၽြန္ေတာ္တို႔ၿမိဳ႕နယ္ထဲမွာ ေကာက္ခံတာ မၾကားမိေသးပါဘူး"ဟု ျပန္လည္ ေျဖၾကားခဲ့သည္။

သတင္း ။  ။ ကိုဇက္

**************
( unicode )
တာချီလိတ်၊ မတ်လ (၁၄) ရက်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် မတ်လ ပထမပတ်အတွင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ် (RCSS/SSA)မှ ဆက်ကြေးများကောက်ခံနေသည်ဟု သက်သေခိုင်လုံခြင်းမရှိဘဲ စွပ်စွဲပြောဆိုမှုများ ရှိနေကြောင်း RCSS/SSA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်က ပြောကြားလိုက်သည်။
"သက်သေအထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုတယ်ဆိုရင် ဒါအသေရေဖျက်မှုပဲ။ ဖြစ်နိုင်ချေရှိတယ်၊ မရှိဘူး ကျွန်တော် အတိအကျတော့ မပြောနိုင်ဘူး။ တကယ်ရှိခဲ့တယ်။ သက်သေအထောက်အထားလည်း ရတယ်ဆိုရင် ကျွန်တော်တို့တပ်တွေကို ပြန်ပြီး အရေးယူလို့ရတာပေါ့။ ကျွန်တော်တို့ လူတွေ ကောက်တာတော့ မရှိပါဘူး"ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးနဲမြို့နှင့် မောက်မယ်မြို့များတွင် မတ်လ(၆)ရက်နေ့က RCSS/SSA မှ တစ်အိမ်ထောင်လျှင် အနည်းဆုံး(၅၀၀၀)ကျပ်နှုန်းဖြင့် ဆက်ကြေးကောက်ခံလျှက်ရှိကြောင်း ဒေသခံများက ပြောကြားနခြေင်းဖြစ်သည်။
"ဆယ်ဘီးကားတို့၊ ခြောက်ဘီးကားတို့ရှိတဲ့သူတွေကို လုပ်ငန်းခွန်အနေနဲ့ကောက်တာပါ။ ဒါနှစ်တိုင်း ကောက်နကြေပါ။ ဒီကိစ္စတွေက ကျွန်တော်တို့ မြို့နယ်တွေဘက်မှာ ထုံးစံအတိုင်းဖြစ်နေတော့ သိပ်မထူးဆန်းပါဘူး။ လုပ်ငန်းရှင်တွေအနေနဲ့လည်း နှစ်တိုင်းပေးနကြေပါ"ဟု လဲချားမြို့ဒေသခံ ကိုခမ်းမိန်းက ပြောသည်။
မိုးနဲမြို့နယ်နှင့် မောက်မယ်မြို့နယ်အတွင်း ၂၀၁၃ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ စကျင်ကျောက်သယ်သည့် ကားများအား ဘီးခွန်အဖြစ် တာယာတစ်လုံးလျှင် ကျပ်တစ်သိန်းနှုန်းကောက်ခံခဲ့ခြင်းဖြစ်သဖြင့် ယခုကောက်ခံမှုမှာလည်း လုပ်ငန်းခွန်ကောက်ခံခြင်းသာဖြစ်ကြောင်း နမ့်ဆန်မြို့ဒေသခံတစ်ဦးက ပြောသည်။
"ကောက်ခံနေတာ ရှိတယ်လို့တော့ ကြားရတယ်။ ကျွန်တော်တို့ တိတိကျကျတော့မသိဘူး။ အခုရက်ပိုင်းအတွင်းမှာတော့ မဟုတ်ပါဘူး"ဟု မိုးနဲမြို့မရဲတပ်ဖွဲ့စခန်းမှူးက ပြောသည်။
အဆိုပါ အခွန်ကောက်ခံသည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ မိုးနဲမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက"ကျွန်တော်တို့မြို့နယ်ထဲမှာ ကောက်ခံတာ မကြားမိသေးပါဘူး"ဟု ပြန်လည် ဖြကြေားခဲ့သည်။
သတင်း။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net