တရားမဝင္ ျမန္မာလုပ္သား (၉)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး

တရားမဝင္ ျမန္မာလုပ္သား (၉)ဦးအား တာခ်ီလိတ္သို႔ လႊဲေျပာင္းေပး
မတ် 2, 2016
By Tachileik News Agency
( တာခ်ီလိတ္ၿမိဳ႕ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားေပၚတြင္ လႊဲေျပာင္းမႈ စိစစ္ေနစဥ္ )

တာခ်ီလိတ္၊ မတ္လ (၂) ရက္ ။   ။ ထိုင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိေသာ တရားမ၀င္ေရႊ႕ေျပာင္းလုပ္သား ျမန္မာႏိုင္ငံသား (၉) ဦးအား ထိုင္းႏိုင္ငံမွ တာဝန္ရိွသူမ်ားက ထိုင္းႏိုင္ငံမယ္ဆိုင္ၿမိဳ႕မွတစ္ဆင့္ ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား အမွတ္(၁) တြင္ မတ္လ(၁)ရက္ေန႔က လႊဲေျပာင္းေပးအပ္လိုက္သည္။

ထိုင္းႏိုင္ငံဘက္မွ လႊဲေျပာင္းလာေသာ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ နယ္ေျမေက်ာ္သြားေရာက္ၿပီး ကတ္ျပားမပါ၍ အမ်ားဆုံး ဖမ္းခံရၿပီးတစ္ခါတရံ မူးယစ္ေဆး၀ါအမႈႏွင့္ လႊဲေျပာင္းလာျခင္းမ်ား လည္းရိွေၾကာင္း ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ သိရသည္။

“လႊဲေျပာင္းလာတဲ့သူေတြကို တာ၀န္ယူလက္မွတ္ထိုး အာမခံေပးၿပီး ျမန္မာဘက္ကို ျပန္ေခၚလာတယ္။ ၿပီးေတာ့ သူတို႔ေနရပ္ျပန္ဖို႔ စီစဥ္ေပးပါတယ္။

အေ၀းကို ျပန္ဖို႔အတြက္ ကားငွားေပးရပါတယ္။ မတတ္ႏိုင္တဲ့သူေတြကို သူတို႔ေနရပ္ေရာက္မွ ကားခကို ေပးခိုင္းလိုက္တာပါ။ အဓိက က သူတို႔ထိုင္းဘက္ကိုျပန္မသြားေစဘဲ ကိုယ့္ရပ္ကိုယ့္ေျမကို ျပန္ေစခ်င္တာပါ။”ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးမွ အငယ္တန္းစာေရး ကိုလင္းလင္းၿဖဳိးကေျပာသည္။

ယခုလႊဲေျပာင္းလာေသာ (၉)ဦးတြင္ အမ်ိဳးသား(၃) ဦးႏွင့္ အမ်ိဳးသမီး(၆)ဦး ပါဝင္ၿပီး ရွမ္း(အေရွ႕) ႏွင့္ ရွမ္း(ေတာင္)မွ သြားေရာက္ အလုပ္လုပ္ကိုင္ၾကျခင္းျဖစ္ေၾကာင္း သိရသည္။

“ကၽြန္ေတာ္ ထိုင္းနိုင္ငံမွာ ပန္းရံအလုပ္လုပ္တာ (၁၆)ႏွစ္ရွိပါၿပီ။ ပတ္စ္ပို႔ သက္တမ္းကုန္သြားလို႔ ထိုင္းဘက္က သက္ဆိုင္ရာေတြကတာခ်ီလိတ္ျပန္လုပ္ဆိုလို႔ အျပန္မွာ မယ္က်န္႔ဂိတ္မွာ ဖမ္းမိတာပါ။ ရဲေတြက ဒဏ္ေငြ (၅၀၀၀)ဘတ္ ေဆာင္ရမယ္လို႔ေျပာပါတယ္။

ကၽြန္ေတာ္ကလည္း မေပးဘဲ အဖမ္းခံလိုက္တာပါ။ သူတို႔ကေျပာတယ္ ကတ္ ရွိရွိ၊ မရွိရွိ ဖမ္းမွာပဲတဲ့ ဖမ္းၿပီးလူသန္႔မယ္လို႔ ေျပာပါတယ္”ဟု ဖမ္းဆီးခံရသူတစ္ဦးျဖစ္သည့္ လဲခ်ားၿမိဳ႕မွ ကိုသူလိႈင္က ေျပာသည္။

“ထိုင္းဘက္မွာ အလုပ္သြားလုပ္ဖို႔ (၈၀၀၀)ဘတ္ေလာက္ ကုန္ခဲ့တယ္။ အခုလိုသြားၿပီးမွ မၾကာေသးဘူး ပတ္စ္ပို႔လည္းမရွိ ဖမ္းခံရေတာ့ စိတ္ဓာတ္က်မိတယ္။ ကၽြန္မက ထိုင္းဘက္မွာအလုပ္သြားလုပ္တာ (၁)လေတာ့ရွိပါၿပီ။ အခုေတာ့ အိမ္ကိုပဲျပန္ရေတာ့မွာေပါ့။ အိမ္မွာ မိဘကေတာင္ယာလုပ္ေတာ့ အဲဒီမွာပဲ လုပ္ကူျဖစ္ေတာ့မွာပါ။”ဟု ဖမ္းဆီးခံရသူ နန္းဖစ္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မွ သက္ဆိုင္ရာဌာနမ်ားပူးေပါင္းကာ ထိုင္းဘက္မွ လႊဲေျပာင္းလာေသာ ျမန္မာႏိုင္ငံသားမ်ားကို အာမခံ တာ၀န္ယူ လက္ခံေပးၿပီး မိမိေနရပ္မ်ားသို႔  ျပန္ႏိုင္ရန္ စီစဥ္ေပးေလ့ရွိေၾကာင္း ျမန္မာႏိုင္ငံဘက္ တာဝန္ရိွသူမ်ားထံမွ သိရသည္။

သတင္း။   ။ ေဇာင္းညီ

************

( unicode )

တာချီလိတ်၊ မတ်လ (၂) ရက်။ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိသော တရားမဝင်ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသား (၉) ဦးအား ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှတစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား အမှတ်(၁) တွင် မတ်လ(၁)ရက်နေ့က လွှဲပြောင်းပေးအပ်လိုက်သည်။

ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများအနဖြေင့် နယ်မြေကျော်သွားရောက်ပြီး ကတ်ပြားမပါ၍ အများဆုံး ဖမ်းခံရပြီးတစ်ခါတရံ မူးယစ်ဆေးဝါအမှုနှင့် လွှဲပြောင်းလာခြင်းများ လည်းရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“လွှဲပြောင်းလာတဲ့သူတွေကို တာဝန်ယူလက်မှတ်ထိုး အာမခံပေးပြီး မြန်မာဘက်ကို ပြန်ခေါ်လာတယ်။ ပြီးတော့ သူတို့နေရပ်ပြန်ဖို့ စီစဉ်ပေးပါတယ်။

အေဝးကို ပြန်ဖို့အတွက် ကားငှါးပေးရပါတယ်။ မတတ်နိုင်တဲ့သူတွေကို သူတို့နေရပ်ရောက်မှ ကားခကို ပေးခိုင်းလိုက်တာပါ။ အဓိက က သူတို့ထိုင်းဘက်ကိုပြန်မသွားစေဘဲ ကိုယ့်ရပ်ကိုယ့်မြေကို ပြန်စေချင်တာပါ။”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ အငယ်တန်းစာရေး ကိုလင်းလင်းဖြိုးကပြောသည်။

ယခုလွှဲပြောင်းလာသော (၉)ဦးတွင် အမျိုးသား(၃) ဦးနှင့် အမျိုးသမီး(၆)ဦး ပါဝင်ပြီး ရှမ်း(အရှေ့) နှင့် ရှမ်း(တောင်)မှ သွားရောက် အလုပ်လုပ်ကိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော် ထိုင်းနိုင်ငံမှာ ပန်းရံအလုပ်လုပ်တာ (၁၆)နှစ်ရှိပါပြီ။ ပတ်စ်ပို့ သက်တမ်းကုန်သွားလို့ ထိုင်းဘက်က သက်ဆိုင်ရာတွေကတာချီလိတ်ပြန်လုပ်ဆိုလို့ အပြန်မှာ မယ်ကျန့်ဂိတ်မှာ ဖမ်းမိတာပါ။ ရဲတွေက ဒဏ်ငွေ (၅၀၀၀)ဘတ် ဆောင်ရမယ်လို့ပြောပါတယ်။

ကျွန်တော်ကလည်း မပေးဘဲ အဖမ်းခံလိုက်တာပါ။ သူတို့ကပြောတယ် ကတ် ရှိရှိ၊ မရှိရှိ ဖမ်းမှာပဲတဲ့ ဖမ်းပြီးလူသန့်မယ်လို့ ပြောပါတယ်”ဟု ဖမ်းဆီးခံရသူတစ်ဦးဖြစ်သည့် လဲချားမြို့မှ ကိုသူလှိုင်က ပြောသည်။

“ထိုင်းဘက်မှာ အလုပ်သွားလုပ်ဖို့ (၈၀၀၀)ဘတ်လောက် ကုန်ခဲ့တယ်။ အခုလိုသွားပြီးမှ မကြာသေးဘူး ပတ်စ်ပို့လည်းမရှိ ဖမ်းခံရတော့ စိတ်ဓာတ်ကျမိတယ်။ ကျွန်မက ထိုင်းဘက်မှာအလုပ်သွားလုပ်တာ (၁)လတော့ရှိပါပြီ။ အခုတော့ အိမ်ကိုပဲပြန်ရတော့မှာပေါ့။ အိမ်မှာ မိဘကတောင်ယာလုပ်တော့ အဲဒီမှာပဲ လုပ်ကူဖြစ်တော့မှာပါ။”ဟု ဖမ်းဆီးခံရသူ နန်းဖစ်က ပြောသည်။

တာချီလိတ်မြို့မှ သက်ဆိုင်ရာဌာနများပူးပေါင်းကာ ထိုင်းဘက်မှ လွှဲပြောင်းလာသော မြန်မာနိုင်ငံသားများကို အာမခံ တာဝန်ယူ လက်ခံပေးပြီး မိမိနေရပ်များသို့ ပြန်နိုင်ရန် စီစဉ်ပေးလေ့ရှိကြောင်း မြန်မာနိုင်ငံဘက် တာဝန်ရှိသူများထံမှ သိရသည်။

သတင်း။ #ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~