တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရး တံတား(၂)စင္း၏ ဘီးေကာက္ေလလံ ၾကမ္းခင္းေစ်း ျမင့္မား၍ အိတ္ဖြင့္တင္ဒါ ေခၚ

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရး တံတား(၂)စင္း၏ ဘီးေကာက္ေလလံ ၾကမ္းခင္းေစ်း ျမင့္မား၍ အိတ္ဖြင့္တင္ဒါ ေခၚ
မတ် 1, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၁)ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ ၂၀၁၆-၂၀၁၇ခု ဘ႑ာေရးႏွစ္ အတြက္ က်န္ရွိေနေသာ ခ်စ္ၾကည္ေရးတံတားအမွတ္ (၁)(၂)ဘီးေကာက္ လိုင္စင္အား ၾကမ္းခင္းေစ်း (၃၁၀၂.၈)သိန္းျဖင့္ ေရာင္းခ်ရာ လာေရာက္ဆြဲ၀ယ္သူမရွိ၍ အိတ္ဖြင့္တင္ဒါေခၚမႈကို ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

“ယခင္ႏွစ္က ယွဥ္ၿပိဳင္ဆြဲယူခဲ့လို႔ ၾကမ္းခင္းေစ်းေတြ တက္သြားတာပါ။ ယခုႏွစ္မွာ ၾကမ္းခင္းေစ်းေတြက မ်ားေတာ့ ယွဥ္ၿပိဳင္ဆြဲသူမရွိေတာ့ဘူး။ ဒါေၾကာင့္ အခုလို အိတ္ဖြင့္တင္ဒါေခၚခဲ့တာပါ။ ၾကမ္းခင္းေစ်းေတြ ဘယ္ေလာက္မ်ားမ်ား ေလလံလိုင္စင္ရတဲ့သူက စည္းကမ္းထဲကအတိုင္း သက္မွတ္ထားတဲ့အတိုင္း ဘီးခြန္ကို ေကာက္ခံရမွာပါ။”ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ အတြင္းေရးမွဴး (အမႈေဆာင္အရာရွိ ) ဦးေက်ာ္မိုးထြန္းက ေျပာသည္။

ယင္းတင္ဒါေခၚမႈကို တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီရုံးေတြ မတ္လ (၁)ရက္ေန႔ နံနက္(၁၀)နာရီက ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)(၂) ဘီးေကာက္လိုင္စင္ကို ႏွစ္ႀကိမ္ေလလံေခၚယူခဲ့ၿပီး ေလလံဆြဲသူ မရွိ၍ အိတ္ဖြင့္တင္ဒါ ေခၚထားသည့္အတိုင္း ၾကမ္းခင္းေစ်း က်ပ္သိန္း(၂,၂၀၀)ျဖင့္ လာမည့္ မတ္လ အတြင္း အျခားနည္းျဖင့္ ေလလံေခၚယူသြားမွာျဖစ္ေၾကာင္း ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

“ဒီလိုင္စင္က ၾကမ္းခင္းေစ်း က်ပ္သိန္း(၃၀၀၀)ေက်ာ္ဆိုေတာ့ အရမ္းမ်ားေနတယ္။ ဒါေၾကာင့္ အိတ္ဖြင့္ တင္ဒါေခၚေတာ့ ၾကမ္းခင္းေစ်း က်ပ္သိန္း (၂၂၀၀)နဲ႔ တင္ခဲ့တာပါ။ ကၽြန္မလည္း အေတြ႕အႀကံဳက မရွိေသးေတာ့ အစမ္းအေနနဲ႔ တင္လိုက္တာပါ။”ဟု အိတ္ဖြင့္တင္ဒါ တင္သူ ေဒၚေလးေမေယာ္က ေျပာသည္။

၂၀၁၅ခုႏွစ္ ေဖေဖာ္၀ါရီလ (၄)ရက္က ၾကမ္းခင္းေစ်း က်ပ္(၉၇၉)သိန္းရွိ ယင္းလိုင္စင္ကို စီးပြားေရး လုပ္ငန္းရွင္(၄)ဦးမွ ၂၀၁၅-၂၀၁၆ ခု ဘ႑ာေရးႏွစ္အတြက္ ယွဥ္ၿပိဳင္ေလလံဆြဲခဲ့ရာ ေလလံေစ်း (၂၉၉၅)သိန္းထိ တက္သြားခဲ့ရာ ယခုႏွစ္မွာ ၾကမ္းခင္းေစ်း က်ပ္(၃၁၀၂.၈)သိန္းျဖစ္သြားၿပီး ဆြဲသူမရွိေသးေၾကာင္း ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။
*******************

( unicode )

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၁၆-၂၀၁၇ခု ဘဏ္ဍာရေးနှစ် အတွက် ကျန်ရှိနေသော ချစ်ကြည်ရေးတံတားအမှတ် (၁)(၂)ဘီးကောက် လိုင်စင်အား ကြမ်းခင်းဈေး (၃၁၀၂.၈)သိန်းဖြင့် ရောင်းချရာ လာရောက်ဆွဲဝယ်သူမရှိ၍ အိတ်ဖွင့်တင်ဒါခေါ်မှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ယခင်နှစ်က ယှဉ်ပြိုင်ဆွဲယူခဲ့လို့ ကြမ်းခင်းဈေးတွေ တက်သွားတာပါ။ ယခုနှစ်မှာ ကြမ်းခင်းဈေးတွေက များတော့ ယှဉ်ပြိုင်ဆွဲသူမရှိတော့ဘူး။ ဒါကြောင့် အခုလို အိတ်ဖွင့်တင်ဒါခေါ်ခဲ့တာပါ။ ကြမ်းခင်းဈေးတွေ ဘယ်လောက်များများ လေလံလိုင်စင်ရတဲ့သူက စည်းကမ်းထဲကအတိုင်း သက်မှတ်ထားတဲ့အတိုင်း ဘီးခွန်ကို ကောက်ခံရမှာပါ။”ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး (အမှုဆောင်အရာရှိ ) ဦးကျော်မိုးထွန်းက ပြောသည်။

ယင်းတင်ဒါခေါ်မှုကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီရုံးတွေ မတ်လ (၁)ရက်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)(၂) ဘီးကောက်လိုင်စင်ကို နှစ်ကြိမ်လေလံခေါ်ယူခဲ့ပြီး လေလံဆွဲသူ မရှိ၍ အိတ်ဖွင့်တင်ဒါ ခေါ်ထားသည့်အတိုင်း ကြမ်းခင်းဈေး ကျပ်သိန်း(၂,၂၀၀)ဖြင့် လာမည့် မတ်လ အတွင်း အခြားနည်းဖြင့် လေလံခေါ်ယူသွားမှာဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“ဒီလိုင်စင်က ကြမ်းခင်းဈေး ကျပ်သိန်း(၃၀၀၀)ကျော်ဆိုတော့ အရမ်းများနေတယ်။ ဒါကြောင့် အိတ်ဖွင့် တင်ဒါခေါ်တော့ ကြမ်းခင်းဈေး ကျပ်သိန်း (၂၂၀၀)နဲ့ တင်ခဲ့တာပါ။ ကျွန်မလည်း အတွေ့အကြုံက မရှိသေးတော့ အစမ်းအနေနဲ့ တင်လိုက်တာပါ။”ဟု အိတ်ဖွင့်တင်ဒါ တင်သူ ဒေါ်လေးမေယော်က ပြောသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၄)ရက်က ကြမ်းခင်းဈေး ကျပ်(၉၇၉)သိန်းရှိ ယင်းလိုင်စင်ကို စီးပွားရေး လုပ်ငန်းရှင်(၄)ဦးမှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်အတွက် ယှဉ်ပြိုင်လေလံဆွဲခဲ့ရာ လေလံဈေး (၂၉၉၅)သိန်းထိ တက်သွားခဲ့ရာ ယခုနှစ်မှာ ကြမ်းခင်းဈေး ကျပ်(၃၁၀၂.၈)သိန်းဖြစ်သွားပြီး ဆွဲသူမရှိသေးကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~