က်ဳိင္းတံု၌ ဆိုင္ခန္း (၈) ခန္း မီးေလာင္ကြၽမ္းၿပီး က်ပ္ (၁၉) သိန္းခန္႔ဆံုး႐ံႈး

က်ဳိင္းတံု၌ ဆိုင္ခန္း (၈) ခန္း မီးေလာင္ကြၽမ္းၿပီး က်ပ္ (၁၉) သိန္းခန္႔ဆံုး႐ံႈး
မတ် 23, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၂၃) ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ ေရခဲေသတၱာအတြက္ အသံုးျပဳထားသည့္ Safe Guard အပူလြန္ကဲၿပီး ဆိုင္ခန္း (၈)ခန္းမီးေလာင္ကၽြမ္းမႈေၾကာင့္ စုစုေပါင္း ေငြက်ပ္ (၁၈၈၀၀၀၀) ဆံုး႐ံႈးသြားေၾကာင္း တြဲဖက္ျပည္နယ္မီးသတ္ဦးစီးဌာန၊ က်ဳိင္းတံုၿမိဳ႕မွ သတင္းရရိွသည္။

မတ္လ (၂၂) ရက္ေန႔ည (၁၁) နာရီ (၃၀) မိနစ္အခ်ိန္၌ က်ိဳင္းတံုၿမိဳ႕၊ အမွတ္ (၅) ရပ္ကြက္၊ ႏြဲ႕ေနာရပ္မွ သြပ္မိုး၊ အုတ္ကာ၊ တစ္ထပ္ဆိုင္ခန္းတြဲမ်ား မီးေလာင္ကၽြမ္းသြားျခင္းျဖစ္သည္။

" ကြၽန္ေတာ္တို႔အေနနဲ႔ မီးေဘးႀကိဳတင္ကာကြယ္မႈေတြ ကြင္းဆင္းေဆာင္ရြက္ထားၿပီး တိုင္းရင္းသား ဘာသာစကားေတြနဲ႔လည္း ရပ္ကြက္ေတြထဲမွာ လွည့္လည္ေဆာ္ဩထားပါတယ္။ " ဟု တြဲဖက္ျပည္နယ္ဦးစီးမႈး၊ လက္ေထာက္ၫြန္ၾကားေရးမွဴး ရဲသူရိန္သိန္းျမင့္က ဆိုသည္။

အဆိုပါမီးေလာင္မႈအား မီးသတ္စခန္းသို႔ ည (၁၁) နာရီ (၃၉) မိနစ္အခ်ိန္၌ လူကိုယ္တိုင္ လာေရာက္ သတင္းေပးမႈေၾကာင့္ မီးသတ္ကား (၈) စီးႏွင့္ မီးသတ္တပ္ဖြဲ႕သေႏၶႏွင့္ အရန္စုစုေပါင္း (၇၄) ဦး သြားေရာက္ၿငိႇမ္းသတ္ခဲ့ရာ ည (၁၂) နာရီ (၁၇)မိနစ္အခ်ိန္၌ မီးလံုးဝ ၿငိမ္းသတ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္ကြၽမ္းမႈႏွင့္ ပက္သက္၍ မီးစတင္ေလာင္ကၽြမ္းသည့္ ဆိုင္ခန္းပိုင္ရွင္ ေဒၚျမျမဝင္းအား က်ဳိင္းတံုၿမိဳ႕နယ္ ရဲတပ္ဖြဲ႕စခန္းမွ (ပ) ၅၁/၂၀၁၆၊ ပုဒ္မ (၂၈၅) ျဖင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း သတင္းရရိွသည္။

သတင္း။ ။ ဇင္ေအာင္
ဓာတ္ပံု။  ။ ဇြဲျမတ္

********************

( unicode )

ကျိုင်းတုံ၊ မတ်လ (၂၃) ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ရေခဲသေတ္တာအတွက် အသုံးပြုထားသည့် Safe Guard အပူလွန်ကဲပြီး ဆိုင်ခန်း (၈)ခန်းမီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်း ငွေကျပ် (၁၈၈၀၀၀၀) ဆုံးရှုံးသွားကြောင်း တွဲဖက်ပြည်နယ်မီးသတ်ဦးစီးဌာန၊ ကျိုင်းတုံမြို့မှ သတင်းရရှိသည်။

မတ်လ (၂၂) ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်အချိန်၌ ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ နွဲ့နောရပ်မှ သွပ်မိုး၊ အုတ်ကာ၊ တစ်ထပ်ဆိုင်ခန်းတွဲများ မီးလောင်ကျွမ်းသွားခြင်းဖြစ်သည်။

" ကျွန်တော်တို့အနေနဲ့ မီးဘေးကြိုတင်ကာကွယ်မှုတွေ ကွင်းဆင်းဆောင်ရွက်ထားပြီး တိုင်းရင်းသား ဘာသာစကားတွေနဲ့လည်း ရပ်ကွက်တွေထဲမှာ လှည့်လည်ဆော်ဩထားပါတယ်။ " ဟု တွဲဖက်ပြည်နယ်ဦးစီးမှုး၊ လက်ထောက်ညွန်ကြားရေးမှူး ရဲသူရိန်သိန်းမြင့်က ဆိုသည်။

အဆိုပါမီးလောင်မှုအား မီးသတ်စခန်းသို့ ည (၁၁) နာရီ (၃၉) မိနစ်အချိန်၌ လူကိုယ်တိုင် လာရောက် သတင်းပေးမှုကြောင့် မီးသတ်ကား (၈) စီးနှင့် မီးသတ်တပ်ဖွဲ့သန္ဓနှေင့် အရန်စုစုပေါင်း (၇၄) ဦး သွားရောက်ငြှိမ်းသတ်ခဲ့ရာ ည (၁၂) နာရီ (၁၇)မိနစ်အချိန်၌ မီးလုံးဝ ငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုနှင့် ပက်သက်၍ မီးစတင်လောင်ကျွမ်းသည့် ဆိုင်ခန်းပိုင်ရှင် ဒေါ်မြမြဝင်းအား ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (ပ) ၅၁/၂၀၁၆၊ ပုဒ်မ (၂၈၅) ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်
ဓာတ်ပုံ။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net