တရုတ္ႏိုင္ငံသားမ်ား သယ္ေဆာင္လာသည့္ တရားမ၀င္ကြ်န္းသစ္ တန္(၃၀)နီးပါး က်ဳိင္းတံု၌ ဖမ္းမိ

တရုတ္ႏိုင္ငံသားမ်ား သယ္ေဆာင္လာသည့္ တရားမ၀င္ကြ်န္းသစ္ တန္(၃၀)နီးပါး က်ဳိင္းတံု၌ ဖမ္းမိ
မတ် 5, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ (၅) ။   ။ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ဳိင္းတံုၿမိဳ႕နယ္အတြင္း မိုင္းခြန္အုပ္စု၊ က်ဳိင္းတံု - မိုင္းခုတ္သြားလမ္းတြင္ တရုတ္ႏိုင္ငံသားေလးဦးသယ္ေဆာင္လာသည့္ တန္ဖိုးက်ပ္သိန္းေပါင္း (၂၃၀)ေက်ာ္တန္ဖိုးရိွ ကၽြန္းသစ္ခြဲသားမ်ားအား သတင္းအရဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။
က်ဳိင္းတံုၿမိဳ႕နယ္၊ မိုင္းခြန္အုပ္စု၊ က်ဳိင္းတံု - မိုင္းခုတ္သြား ကားလမ္းတြင္ ၂၀၁၆ခုႏွစ္ မတ္လ (၃) ရက္ေန႔က ကာလတန္ဖိုး က်ပ္(၂၃,၃၇၂,၉၆၀) တန္ဖိုးရိွ ကၽြန္းသစ္ခြဲသား ဆိုဒ္စံုတန္ခ်ိန္ေပါင္း (၂၉.၂၁၆၂)တန္အား ဖမ္းဆီးရမိလိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

" အခုဖမ္းထားတဲ့သူ (၅) ေယာက္ထဲမွာ (၄)ေယာက္က တ႐ုတ္ႏိုင္ငံသားျဖစ္ၿပီးေတာ့ ျမန္မာႏိုင္ငံသားက တစ္ေယာက္ပဲပါတယ္လို႔ သိရပါတယ္။ ဒီအတြက္လည္း လူဝင္မႈႀကီးၾကပ္ေရးအက္ဥပေဒအရ အမႈဖြင့္ အေရးယူမွာပါ " ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဦးစီးဌာနမွ တာဝန္ရိွသူတစ္ဦးက ေျပာၾကားသည္။

လက္ရိွတြင္ တရားမဝင္ကြၽန္းသစ္မ်ားတင္ေဆာင္လာသည့္ တရုတ္ႏုိင္ငံသားေလးဦးအား က်ိဳင္းတံုၿမိဳ႕မ ရဲစခန္းတြင္ မတ္လ (၅) ရက္ေန႔က (ပ)၃၆ /၂၀၁၆၊ (ပ)၃၇/၂၀၁၆၊ (ပ)၃၈/၂၀၁၆၊ (ပ)၃၉/၂၀၁၆ တို႔ျဖင့္ ၁၉၄၇ခုႏွစ္ ျပည္သူပိုင္ပစၥည္း ကာကြယ္ေစာင့္ေရွာက္ေရး အက္ဥပေဒပုဒ္မ ၆ (၁) ျဖင့္ အေရးယူေဆာင္ရြက္ ထားေၾကာင္း သတင္းရရိွသည္။

သတင္း။   ။ ဇင္ေအာင္
**************

ကျိုင်းတုံ၊ မတ်လ (၅)။ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်အတွင်း မိုင်းခွန်အုပ်စု၊ ကျိုင်းတုံ - မိုင်းခုတ်သွားလမ်းတွင် တရုတ်နိုင်ငံသားလေးဦးသယ်ဆောင်လာသည့် တန်ဖိုးကျပ်သိန်းပေါင်း (၂၃၀)ကျော်တန်ဖိုးရှိ ကျွန်းသစ်ခွဲသားများအား သတင်းအရဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်အုပ်စု၊ ကျိုင်းတုံ - မိုင်းခုတ်သွား ကားလမ်းတွင် ၂၀၁၆ခုနှစ် မတ်လ (၃) ရက်နေ့က ကာလတန်ဖိုး ကျပ်(၂၃,၃၇၂,၉၆၀) တန်ဖိုးရှိ ကျွန်းသစ်ခွဲသား ဆိုဒ်စုံတန်ချိန်ပေါင်း (၂၉.၂၁၆၂)တန်အား ဖမ်းဆီးရမိလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

" အခုဖမ်းထားတဲ့သူ (၅) ယောက်ထဲမှာ (၄)ယောက်က တရုတ်နိုင်ငံသားဖြစ်ပြီးတော့ မြန်မာနိုင်ငံသားက တစ်ယောက်ပဲပါတယ်လို့ သိရပါတယ်။ ဒီအတွက်လည်း လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ အမှုဖွင့် အရေးယူမှာပါ " ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် တရားမဝင်ကျွန်းသစ်များတင်ဆောင်လာသည့် တရုတ်နိုင်ငံသားလေးဦးအား ကျိုင်းတုံမြို့မ ရဲစခန်းတွင် မတ်လ (၅) ရက်နေ့က (ပ)၃၆ /၂၀၁၆၊ (ပ)၃၇/၂၀၁၆၊ (ပ)၃၈/၂၀၁၆၊ (ပ)၃၉/၂၀၁၆ တို့ဖြင့် ၁၉၄၇ခုနှစ် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေပုဒ်မ ၆ (၁) ဖြင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

သတင်း။ ဇင်အောင်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~