က်ဳိင္းတုံဆိုင္ကယ္ေစ်းကြက္ ၀ယ္လိုအားက်ဆင္းေန

က်ဳိင္းတုံဆိုင္ကယ္ေစ်းကြက္ ၀ယ္လိုအားက်ဆင္းေန
မတ် 22, 2016
By Tachileik News Agency

က်ိဳင္းတံု၊ မတ္လ (၂၂)ရက္ ။   ။ ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕၏ ဆိုင္ကယ္ေစ်းကြက္တြင္ တစ္လေက်ာ္ကာလအတြင္း ၀ယ္လိုအား သိသိသာသာ က်ဆင္းလာေၾကာင္း ဆိုင္ကယ္ေစ်းကြက္မွ သိရသည္။

"ဆိုင္ကယ္ေတြက အရင္လို ေရာင္းမေကာင္းဘူး။ ဆိုင္ကယ္၀ယ္သူေတြ မလာၾကဘူး။ ဆိုင္ကယ္ေမာ္ဒယ္ အသစ္ေတြကိုေတာ့ ပြဲစားတန္းမွာ လာမ႐ွာၾကဘူး။ ဆိုင္ႀကီးေတြမွာ တင္ထားတာေတာ့ ေတြ႔တယ္။"ဟု ဆိုင္ကယ္အက်ိဳးေဆာင္ ကိုေမာင္ခိုင္က ေျပာသည္။

က်ိဳင္းတုံဆိုင္ကယ္ေစ်းကြက္တြင္ အက်ိဳးေဆာင္ (၁၀)ဦးခန္႔ရွိၿပီး အက်ဳိးေဆာင္မ်ားထံ ၀ယ္ယူမႈမွာ ေဖေဖာ္၀ါရီလကတည္းက ေလ်ာ့နည္းလာသည့္အျပင္ အေရာင္းဆိုင္မ်ားတြင္လည္း ေရာင္းအား က်ေနေၾကာင္း သိရသည္။

"ဆိုင္မွာ ယခုလက္ရိွမွာေတာ့ ဆိုင္ကယ္ေရာင္းအားက က်ေနတယ္။ အရင္တုန္းက တစ္ပတ္ကို ပုံမွန္(၁၀)စီး ေရာင္းရတာကေန အခုက်ေတာ့ တစ္ပတ္ကို(၅)စီးေလာက္ပဲ ေရာင္းေနရတယ္။ တစ္လေလာက္ ႐ိွေနၿပီ"ဟု HONDA Showroomမွ တာ၀န္ခံ ကိုသန္းႏိုင္က ေျပာသည္။

က်ိဳင္းတုံ HONDA Showroom တြင္ ပုံမွန္ေရာင္းထြက္ေနေသာ ဆိုင္ကယ္အမ်ိဳးအစားမွာ WAVE-110ျဖစ္ၿပီး လိုင္စင္အၿပီးအစီး ေစ်းႏႈန္းမွာ က်ပ္ (၁၅၈၀၀၀၀)၊ မတ္လ (၉)ရက္ေန႔က စတင္ေရာင္းခ်သည့္ ၂၀၁၆ ခုႏွစ္ထုတ္ CLICK-125 ဆိုင္ကယ္အမ်ိဳးအစားမွာ လိုင္စင္အၿပီးအစီး က်ပ္ (၂၁၃၀၀၀၀) ရိွေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ HONDA အေရာင္းျပခန္းအပါအဝင္ အေရာင္းျပခန္း ႏွစ္ခုရိွေၾကာင္း သိရသည္။

သတင္း ။  ။ ဇြဲျမတ္

***********

ကျိုင်းတုံ၊ မတ်လ (၂၂)ရက်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့၏ ဆိုင်ကယ်ဈေးကွက်တွင် တစ်လကျော်ကာလအတွင်း ဝယ်လိုအား သိသိသာသာ ကျဆင်းလာကြောင်း ဆိုင်ကယ်ဈေးကွက်မှ သိရသည်။

"ဆိုင်ကယ်တွေက အရင်လို ရောင်းမကောင်းဘူး။ ဆိုင်ကယ်ဝယ်သူတွေ မလာကြဘူး။ ဆိုင်ကယ်မော်ဒယ် အသစ်တွေကိုတော့ ပွဲစားတန်းမှာ လာမရှာကြဘူး။ ဆိုင်ကြီးတွေမှာ တင်ထားတာတော့ တွေ့တယ်။"ဟု ဆိုင်ကယ်အကျိုးဆောင် ကိုမောင်ခိုင်က ပြောသည်။

ကျိုင်းတုံဆိုင်ကယ်ဈေးကွက်တွင် အကျိုးဆောင် (၁၀)ဦးခန့်ရှိပြီး အကျိုးဆောင်များထံ ဝယ်ယူမှုမှာ ဖေဖော်ဝါရီလကတည်းက လျော့နည်းလာသည့်အပြင် အရောင်းဆိုင်များတွင်လည်း ရောင်းအား ကျနေကြောင်း သိရသည်။

"ဆိုင်မှာ ယခုလက်ရှိမှာတော့ ဆိုင်ကယ်ရောင်းအားက ကျနေတယ်။ အရင်တုန်းက တစ်ပတ်ကို ပုံမှန်(၁၀)စီး ရောင်းရတာကနေ အခုကျတော့ တစ်ပတ်ကို(၅)စီးလောက်ပဲ ရောင်းနေရတယ်။ တစ်လလောက် ရှိနပြေီ"ဟု HONDA Showroomမှ တာဝန်ခံ ကိုသန်းနိုင်က ပြောသည်။

ကျိုင်းတုံ HONDA Showroom တွင် ပုံမှန်ရောင်းထွက်နေသော ဆိုင်ကယ်အမျိုးအစားမှာ WAVE-110ဖြစ်ပြီး လိုင်စင်အပြီးအစီး ဈေးနှုန်းမှာ ကျပ် (၁၅၈၀၀၀၀)၊ မတ်လ (၉)ရက်နေ့က စတင်ရောင်းချသည့် ၂၀၁၆ ခုနှစ်ထုတ် CLICK-125 ဆိုင်ကယ်အမျိုးအစားမှာ လိုင်စင်အပြီးအစီး ကျပ် (၂၁၃၀၀၀၀) ရှိကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် HONDA အရောင်းပြခန်းအပါအဝင် အရောင်းပြခန်း နှစ်ခုရှိကြောင်း သိရသည်။

သတင်း။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~