လုပ္ငန္းခြင္အႀကိဳ မူလတန္းဆရာျဖစ္သင္တန္းေလွ်ာက္လႊာမ်ား မတ္လ ၁၈ ရက္ေနာက္ဆံုးတင္ရမည္

လုပ္ငန္းခြင္အႀကိဳ မူလတန္းဆရာျဖစ္သင္တန္းေလွ်ာက္လႊာမ်ား မတ္လ ၁၈ ရက္ေနာက္ဆံုးတင္ရမည္
မတ် 13, 2016
By Tachileik News Agency

ေတာင္ႀကီး၊ မတ္လ (၁၃) ရက္ ။   ။ ရွမ္းျပည္နယ္ေတာင္ပိုင္းရိွ မူလတန္းေက်ာင္းမ်ားတြင္ခန္႔ထားရန္ ေခၚယူသည့္ မူလတန္းဆရာအတတ္ပညာ သင္တန္းေလွ်ာက္လႊာမ်ားကို မတ္လ (၁၈) ရက္ေန႔ ေနာက္ဆံုးထား တင္ရမည္ျဖစ္ေၾကာင္း ေတာင္ႀကီးၿမဳိ႕နယ္ပညာေရးမွဴးရုံးမွ သိရသည္။

၂၀၁၆ ခုႏွစ္ ဇြန္လ(၁၆)ရက္ေန႔တြင္ ဖြင့္လွစ္မည့္ အမွတ္စဥ္(၃/၂၀၁၆)လုပ္ငန္းခြင္အႀကဳိ မူလတန္း ဆရာအတတ္ပညာ သင္တန္းအတြက္ ေလွ်ာက္လႊႊာမ်ား ေခၚယူေနျခင္းျဖစ္သည္။

"မူလတန္းဆရာျဖစ္သင္တန္း(PPTT)ကုိ ႏွစ္စဥ္ဒီလိုအခ်ိန္ဆို ေခၚေနက်ပါ။ ဒီႏွစ္အတြင္းမွာ ဒါနဲ႔ဆို ႏွစ္ႀကိမ္ရွိသြားၿပီ။ ရွမ္း/ေတာင္တစ္ခုလုံးမွာ ခန္႔ထားဖို႔အတြက္ေခၚတာ။ ခုတစ္ေခါက္က ညႊန္/ခ်ဳပ္ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ဒုတိယအႀကိမ္ ျပန္ေခၚတာ။ လစ္လပ္ေနရာေတြရွိေသးတဲ့အတြက္ လစ္လပ္တဲ့ ေနရာေတြမွာ ခန္႔ထားဖို႔ ျပန္ေခၚတာပါ။”ဟု ၿမိဳ႕နယ္ပညာေရးမႈးရံုး ဝန္ထမ္းေရးရာဌာနမွ ေဒၚဝသုန္မိုးက ေျပာသည္။

အဆိုပါ ဆရာျဖစ္သင္တန္းကို ျမန္မာတစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ ေခၚယူေနျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္ ေတာင္ပိုင္းအတြက္ ေခၚယူထားသည့္ ဆရာျဖစ္သင္တန္းသို႔ ရွမ္းျပည္နယ္၏မည္သည့္ေဒသတြင္မဆို ေနထိုင္သူမ်ား လာေရာက္ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

"အရင္က မေလွ်ာက္ဖူးပါဘူး။ ဒါကပထမဦးဆုံးအႀကိမ္ပါ။ ဒီအလုပ္ကို အရမ္းစိတ္ဝင္စားတယ္။ ေက်ာင္းတက္ ေနတုန္းကတည္းကေလ။ ကေလးေတြကို စာသင္ေပးရတာ အရမ္းဝါသနာပါတယ္။ အစ္မအေနနဲ႔ ေက်းရြာေတြ ဘက္မွာ က်မယ္လို႔ထင္တယ္။"ဟု သင္တန္းဝင္ခြင့္ေလွ်ာက္ထားသူ မေအးေအးဝင္းကေျပာသည္။

ရွမ္းျပည္နယ္ ေတာင္ႀကီးခရိုင္၊ လင္းေခးခရိုင္၊ လိြဳင္လင္ခရိုင္၊ က်ဳိင္းတုံခရိုင္၊ မိုင္းျဖတ္ခရိုင္တို႔မွ ဝင္ခြင့္ေအာင္ျမင္သူမ်ားသည္ ေတာင္ႀကီးပညာေရးေကာလိပ္တြင္ တက္ေရာက္ရမည္ျဖစ္ၿပီး ေကာလိပ္ဝင္ဆံ့ အင္အားထက္ပိုပါက အျခားပညာေရးေကာလိပ္မ်ားတြင္ တက္ေရာက္ရမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းဝင္ခြင့္ ေအာင္ျမင္သူမ်ားစာရင္းကုိ သက္ဆိုင္ရာ ျပည္နယ္ပညာေရးမွဴးရုံး၊ ခရိုင္ပညာေရးမွဴးရုံး၊ ၿမဳိ႕နယ္ပညာေရးမွဴးရုံးမ်ားတြင္ ေမလအတြင္း ထုတ္ျပန္ေပးသြားမည္ျဖစ္ၿပီး သင္တန္းဝင္ခြင့္ရသူမ်ားကို ဆရာအဂၤါရပ္ႏွင့္ကိုက္ညီမႈ ရွိ၊ မရွိ ပညာေရးေကာလိပ္ သင္တန္းသားလက္ခံေရး အဖြဲ႕မွ လူေတြ႔စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းၿပီးေျမာက္ေအာင္ျမင္ပါက မူလတန္းဆရာအတတ္ပညာလက္မွတ္(PPTT)ခ်ီးျမႇင့္ေပးၿပီး မူလတန္းျပဆရာအျဖစ္ခန္႔ထားျခင္းခံရပါက ေဒသမေရြး တာဝန္ ထမ္းေဆာင္ႏိုင္သူျဖစ္ရမည္ဟု သိရွိရသည္။

သင္တန္းသားေခၚယူျခင္းကို ႏွစ္စဥ္ ေဖေဖာ္ဝါရီလႏွင့္ မတ္လတို႔တြင္ ျပဳလုပ္ေလ့ရွိၿပီး ယခုႏွစ္ ဝင္ခြင့္ ေလွ်ာက္ထားၿပီး ၀င္ခြင့္မေအာင္ျမင္သူမ်ားသည္ ေနာက္ႏွစ္တြင္ျပန္လည္ေလွ်ာက္ထားခြင့္ရွိေၾကာင္း သိရသည္။

သတင္း။  ။ မင္းမင္း(ေတာင္ႀကီး)

***********

( unicode )

တောင်ကြီး၊ မတ်လ (၁၃) ရက်။ ရှမ်းပြည်နယ်တောင်ပိုင်းရှိ မူလတန်းကျောင်းများတွင်ခန့်ထားရန် ခေါ်ယူသည့် မူလတန်းဆရာအတတ်ပညာ သင်တန်းလျှောက်လွှာများကို မတ်လ (၁၈) ရက်နေ့ နောက်ဆုံးထား တင်ရမည်ဖြစ်ကြောင်း တောင်ကြီးမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၁၆ ခုနှစ် ဇွန်လ(၁၆)ရက်နေ့တွင် ဖွင့်လှစ်မည့် အမှတ်စဉ်(၃/၂၀၁၆)လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာ သင်တန်းအတွက် လျှောက်လွှာများ ခေါ်ယူနခြေင်းဖြစ်သည်။

"မူလတန်းဆရာဖြစ်သင်တန်း(PPTT)ကို နှစ်စဉ်ဒီလိုအချိန်ဆို ခေါ်နေကျပါ။ ဒီနှစ်အတွင်းမှာ ဒါနဲ့ဆို နှစ်ကြိမ်ရှိသွားပြီ။ ရှမ်း/တောင်တစ်ခုလုံးမှာ ခန့်ထားဖို့အတွက်ခေါ်တာ။ ခုတစ်ခေါက်က ညွှန်/ချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ဒုတိယအကြိမ် ပြန်ခေါ်တာ။ လစ်လပ်နေရာတွေရှိသေးတဲ့အတွက် လစ်လပ်တဲ့ နေရာတွေမှာ ခန့်ထားဖို့ ပြန်ခေါ်တာပါ။”ဟု မြို့နယ်ပညာရေးမှုးရုံး ဝန်ထမ်းရေးရာဌာနမှ ဒေါ်ဝသုန်မိုးက ပြောသည်။

အဆိုပါ ဆရာဖြစ်သင်တန်းကို မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခေါ်ယူနခြေင်းဖြစ်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းအတွက် ခေါ်ယူထားသည့် ဆရာဖြစ်သင်တန်းသို့ ရှမ်းပြည်နယ်၏မည်သည့်ဒေသတွင်မဆို နေထိုင်သူများ လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။

"အရင်က မလျှောက်ဖူးပါဘူး။ ဒါကပထမဦးဆုံးအကြိမ်ပါ။ ဒီအလုပ်ကို အရမ်းစိတ်ဝင်စားတယ်။ ကျောင်းတက် နေတုန်းကတည်းကလေ။ ကလေးတွေကို စာသင်ပေးရတာ အရမ်းဝါသနာပါတယ်။ အစ်မအနေနဲ့ ကျေးရွာတွေ ဘက်မှာ ကျမယ်လို့ထင်တယ်။"ဟု သင်တန်းဝင်ခွင့်လျှောက်ထားသူ မအေးအေးဝင်းကပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ လင်းခေးခရိုင်၊ လွိုင်လင်ခရိုင်၊ ကျိုင်းတုံခရိုင်၊ မိုင်းဖြတ်ခရိုင်တို့မှ ဝင်ခွင့်အောင်မြင်သူများသည် တောင်ကြီးပညာရေးကောလိပ်တွင် တက်ရောက်ရမည်ဖြစ်ပြီး ကောလိပ်ဝင်ဆံ့ အင်အားထက်ပိုပါက အခြားပညာရေးကောလိပ်များတွင် တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဝင်ခွင့် အောင်မြင်သူများစာရင်းကို သက်ဆိုင်ရာ ပြည်နယ်ပညာရေးမှူးရုံး၊ ခရိုင်ပညာရေးမှူးရုံး၊ မြို့နယ်ပညာရေးမှူးရုံးများတွင် မေလအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး သင်တန်းဝင်ခွင့်ရသူများကို ဆရာအင်္ဂါရပ်နှင့်ကိုက်ညီမှု ရှိ၊ မရှိ ပညာရေးကောလိပ် သင်တန်းသားလက်ခံရေး အဖွဲ့မှ လူတွေ့စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းပြီးမြောက်အောင်မြင်ပါက မူလတန်းဆရာအတတ်ပညာလက်မှတ်(PPTT)ချီးမြှင့်ပေးပြီး မူလတန်းပြဆရာအဖြစ်ခန့်ထားခြင်းခံရပါက ဒေသမရွေး တာဝန် ထမ်းဆောင်နိုင်သူဖြစ်ရမည်ဟု သိရှိရသည်။

သင်တန်းသားခေါ်ယူခြင်းကို နှစ်စဉ် ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ပြုလုပ်လေ့ရှိပြီး ယခုနှစ် ဝင်ခွင့် လျှောက်ထားပြီး ဝင်ခွင့်မအောင်မြင်သူများသည် နောက်နှစ်တွင်ပြန်လည်လျှောက်ထားခွင့်ရှိကြောင်း သိရသည်။

သတင်း။ မင်းမင်း(တောင်ကြီး)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~