တာချီလိတ် စာစစ်ဌာန နှစ်ခု၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ (၈၂၀)ဦးရှိ

တာချီလိတ် စာစစ်ဌာန နှစ်ခု၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ (၈၂၀)ဦးရှိ
မတ် 9, 2016
By Tachileik News Agency


တာချီလိတ်မြို့နယ် စာစစ်ဌာန(၁)တွင် ပျက်ကွက်(၄၄)ဦးရှိပြီး (၉၃.၇၆)ရာခိုင်နှုန်း လာရောက်ဖြေဆိုကြောင်း နှင့် တာလေမြို့စာစစ်ဌာန(၂)တွင် ပျက်ကွက်(၁)ဦးရှိပြီး (၉၉.၃၈)ရာခိုင်နှုန်းလာရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


သတင်း။  ။ ဇောင်းညီ
*************

တာချီလိတ်စာစစ်ဌာနနှစ်ခု၌ ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ (၈၆၅)ဦးရှိပြီး ပထမနေ့မှာ လာရောက်ဖြေဆိုသူ (၈၂၀)ဦးရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စာစစ်ဌာန(၁)တွင် ပျက်ကွက်(၄၄)ဦးရှိပြီး (၉၃.၇၆)ရာခိုင်နှုန်း လာရောက်ဖြေဆိုကြောင်း နှင့် တာလမြေို့စာစစ်ဌာန(၂)တွင် ပျက်ကွက်(၁)ဦးရှိပြီး (၉၉.၃၈)ရာခိုင်နှုန်းလာရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

"ဒီနှစ်စာမေးပွဲဖြေတဲ့သူတွေနည်းသွားတယ်။ မနှစ်ကတောင် များသေးတယ်"ဟု ကျောင်းဝန်းကျင်ရှိ ဒေသခံများက ပြောသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net