ေဒသတြင္းကုန္သြယ္မႈေကာင္းမြန္ေရး ကုန္သည္ႀကီးမ်ားအသင္း အားစိုက္ထုတ္သင့္ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဆို

ေဒသတြင္းကုန္သြယ္မႈေကာင္းမြန္ေရး ကုန္သည္ႀကီးမ်ားအသင္း အားစိုက္ထုတ္သင့္ဟု ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဆို
မတ် 24, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၂၄) ရက္ ။   ။ အာဆီယံေဒသတြင္း ကုန္သြယ္မႈလုပ္ငန္းမ်ား ေကာင္းမြန္ရန္ႏွင့္ ျမန္မာ - ထိုင္း ကုန္သြယ္မႈ ပိုမိုေကာင္းမြန္ရန္ ေဒသခံ ကုန္သည္ႀကီးမ်ားအသင္းမွ အင္အားစိုက္ထုတ္ရန္ လိုအပ္ေၾကာင္း တာခ်ီလိတ္ခရိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴးက တိုက္တြန္းလိုက္သည္။

"ဒီအသင္းအဖြဲ႕ေတြအတြက္ လိုအပ္တဲ့အကူအညီကို အုပ္ခ်ဳပ္ေရးပိုင္းက ကူညီျဖည့္ဆည္းဖို႔အသင့္ပါပဲ။ အဓိကေတာ့ ကိုယ့္ႏိုင္ငံက ကုန္ေခ်ာတင္ပို႔ႏိုင္မႈ မရွိလို႔ ပို႔ကုန္တန္ဖိုးက်ေနတာပါ။ ကုန္ေခ်ာအမ်ားစုက ျပည္မထဲကေန ဒီနယ္စပ္ထြက္ေပါက္ေရာက္ဖို႔ သယ္ယူပို႔ေဆာင္စရိတ္ထပ္ကုန္တယ္။ ေနာက္ၿပီး ေဒသထြက္ကုန္ပစၥည္း အားနည္းတယ္။ ဒါေၾကာင့္ ကုန္သြယ္မႈမွာ ျမန္မာႏိုင္ငံက ပို႔ကုန္ တန္ဖိုးနည္းတာပါ"ဟု တာခ်ီလိတ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ညႊန္ၾကားေရးမွဴး ဦးတင္၀င္းေရႊက ေျပာသည္။

လက္ရိွတြင္ တာခ်ီလိတ္ခရိုင္အတြင္း လိုင္ခ်ီးစိုက္ခင္းမ်ားမွ ထြက္ကုန္အားလံုးကို ထုိင္းႏိုင္ငံ ကုန္သည္မ်ားမွ ဝယ္လိုအားျမင့္ေနသျဖင့္ တစ္ဘက္ႏိုင္ငံမွ လိုအပ္လွ်က္ရွိေသာ ထြက္ကုန္မ်ားကို ေဒသတြင္း စိုက္ပ်ိဳးထုတ္လုပ္ျခင္းျဖင့္ ပို႔ကုန္တိုးျမႇင့္ႏုိင္မည္ဟု ၎ကဆိုသည္။

ကုန္သည္ႀကီးမ်ား အသင္းသည္ ကုန္သည္လုပ္ငန္းရွင္မ်ား ျဖစ္ေပၚေနေသာ နည္းပညာအခက္အခဲႏွင့္ ကုန္သြယ္မႈဆုိင္ရာမူ၀ါဒမ်ားအား ေျဖရွင္းေပးရန္ အစိုးရႏွင့္ ကုန္သည္မ်ားအၾကား ၀န္ေဆာင္မႈေပးေနေသာ အဖြဲ႕အစည္းျဖစ္သျဖင့္ ကုန္သြယ္မႈ ဖြံ႕ၿဖိဳးတိုးတက္မႈအား အဓိက လုပ္ေဆာင္ေပးႏိုင္သည့္ အသင္းမဟုတ္ေၾကာင္း ယင္းကဲသို႔ တိုက္တြန္းျခင္းအေပၚ ကုန္သည္ႀကီးမ်ားအသင္းက ေျပာၾကားလိုက္သည္။

"တကယ္တမ္း ကုန္သြယ္မႈဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုရင္ သက္ဆိုင္ရာ ဌာနေတြနဲ႔ဆိုင္တာ ကုန္သြယ္ေရးဦးစီးဌာနက အဓိကက်တာေပါ့။ ပို႔ကုန္လိုင္စင္ေတြ အလုပ္တကယ္လုပ္လို႔ရႏိုင္မယ္။ လူတိုင္း ကုန္သြယ္ေရးဥပေဒနဲ႔ ပတ္သက္တာ နားလည္ရင္ ဖြံ႕ၿဖိဳးတိုးတက္မွာပါ။ ကၽြန္ေတာ္တို႔ ကုန္သည္ႀကီးမ်ားအသင္းဆိုတာ စီးပြားကူူးသန္း၀န္ႀကီးဌာနက ခ်မွတ္တဲ့ ေပၚလစီကို ကုန္သည္လုပ္ငန္းရွင္ေတြ သိေအာင္ အဓိကလုပ္ေဆာင္ေပးေနတဲ့ အဖြဲ႕အစည္းျဖစ္ပါတယ္"ဟု တာခ်ီလိတ္ကုန္သည္ႀကီးမ်ားအသင္း ရံုးအဖြဲ႕မွဴး ဦးေက်ာ္ေဆြက ေျပာသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္မႈမွ ျမန္မာ - ထုိင္းကုန္သြယ္မႈတြင္ ျမန္မာႏိုင္ငံမွ ၂၀၁၄ - ၂၀၁၅ ဘ႑ာႏွစ္တြင္ ပို႔ကုန္တန္ဖိုး အေမရိကန္ေဒၚလာ (၈.၄၄၅)မီလီယံ၊ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၉.၃၉၄)မီလီယံတင္ပို႔ႏိုင္ခဲ့ၿပီး ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ တင္သြင္းလာေသာ သြင္းကုန္တန္ဖိုးမွာ ၂၀၁၄-၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ (၉၃.၅၂၀)မီလီယံ၊ ၂၀၁၅-၂၀၁၆ ဘ႑ာႏွစ္တြင္ (၅၇.၃၅၃)မီလီယံရွိေၾကာင္း တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရး စခန္း၏ စာရင္းမ်ားအရ သိရသည္။

သတင္း ။  ။ ကိုဇက္
***************

( unicode )

တာချီလိတ်၊ မတ်လ(၂၄) ရက်။ အာဆီယံဒေသတွင်း ကုန်သွယ်မှုလုပ်ငန်းများ ကောင်းမွန်ရန်နှင့် မြန်မာ - ထိုင်း ကုန်သွယ်မှု ပိုမိုကောင်းမွန်ရန် ဒေသခံ ကုန်သည်ကြီးများအသင်းမှ အင်အားစိုက်ထုတ်ရန် လိုအပ်ကြောင်း တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးက တိုက်တွန်းလိုက်သည်။

"ဒီအသင်းအဖွဲ့တွေအတွက် လိုအပ်တဲ့အကူအညီကို အုပ်ချုပ်ရေးပိုင်းက ကူညီဖြည့်ဆည်းဖို့အသင့်ပါပဲ။ အဓိကတော့ ကိုယ့်နိုင်ငံက ကုန်ချောတင်ပို့နိုင်မှု မရှိလို့ ပို့ကုန်တန်ဖိုးကျနေတာပါ။ ကုန်ချောအများစုက ပြည်မထဲကနေ ဒီနယ်စပ်ထွက်ပေါက်ရောက်ဖို့ သယ်ယူပို့ဆောင်စရိတ်ထပ်ကုန်တယ်။ နောက်ပြီး ဒေသထွက်ကုန်ပစ္စည်း အားနည်းတယ်။ ဒါကြောင့် ကုန်သွယ်မှုမှာ မြန်မာနိုင်ငံက ပို့ကုန် တန်ဖိုးနည်းတာပါ"ဟု တာချီလိတ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ဝင်းရွှေက ပြောသည်။

လက်ရှိတွင် တာချီလိတ်ခရိုင်အတွင်း လိုင်ချီးစိုက်ခင်းများမှ ထွက်ကုန်အားလုံးကို ထိုင်းနိုင်ငံ ကုန်သည်များမှ ဝယ်လိုအားမြင့်နေသဖြင့် တစ်ဘက်နိုင်ငံမှ လိုအပ်လျှက်ရှိသော ထွက်ကုန်များကို ဒေသတွင်း စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပို့ကုန်တိုးမြှင့်နိုင်မည်ဟု၎င်းကဆိုသည်။

ကုန်သည်ကြီးများ အသင်းသည် ကုန်သည်လုပ်ငန်းရှင်များ ဖြစ်ပေါ်နေသော နည်းပညာအခက်အခဲနှင့် ကုန်သွယ်မှုဆိုင်ရာမူဝါဒများအား ဖြေရှင်းပေးရန် အစိုးရနှင့် ကုန်သည်များအကြား ဝန်ဆောင်မှုပေးနေသော အဖွဲ့အစည်းဖြစ်သဖြင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုအား အဓိက လုပ်ဆောင်ပေးနိုင်သည့် အသင်းမဟုတ်ကြောင်း ယင်းကဲသို့ တိုက်တွန်းခြင်းအပေါ် ကုန်သည်ကြီးများအသင်းက ပြောကြားလိုက်သည်။

"တကယ်တမ်း ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် သက်ဆိုင်ရာ ဌာနတွေနဲ့ဆိုင်တာ ကုန်သွယ်ရေးဦးစီးဌာနက အဓိကကျတာပေါ့။ ပို့ကုန်လိုင်စင်တွေ အလုပ်တကယ်လုပ်လို့ရနိုင်မယ်။ လူတိုင်း ကုန်သွယ်ရေးဥပဒေနဲ့ ပတ်သက်တာ နားလည်ရင် ဖွံ့ဖြိုးတိုးတက်မှာပါ။ ကျွန်တော်တို့ ကုန်သည်ကြီးများအသင်းဆိုတာ စီးပွားကူးသန်းဝန်ကြီးဌာနက ချမှတ်တဲ့ ပေါ်လစီကို ကုန်သည်လုပ်ငန်းရှင်တွေ သိအောင် အဓိကလုပ်ဆောင်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်"ဟု တာချီလိတ်ကုန်သည်ကြီးများအသင်း ရုံးအဖွဲ့မှူး ဦးကျော်ဆွေက ပြောသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်မှုမှ မြန်မာ - ထိုင်းကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၈.၄၄၅)မီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၉.၃၉၄)မီလီယံတင်ပို့နိုင်ခဲ့ပြီး ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည် တင်သွင်းလာသော သွင်းကုန်တန်ဖိုးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ (၉၃.၅၂၀)မီလီယံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် (၅၇.၃၅၃)မီလီယံရှိကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေး စခန်း၏ စာရင်းများအရ သိရသည်။

သတင်း။ ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~