တရုတ္ႏိုင္ငံက ေဆးရံုအိမ္သာအိုးထဲ စြန္႔ပစ္ခံရတဲ့ ကေလးေပါက္စေလး

တရုတ္ႏိုင္ငံက ေဆးရံုအိမ္သာအိုးထဲ စြန္႔ပစ္ခံရတဲ့ ကေလးေပါက္စေလး
မတ် 27, 2016
By Tachileik News Agency

တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ခ်င္ဖိန္အုပ္စုရွိ ေဆးရံု၏ သံုးလႊာမွ အိမ္သာအိုး ေရဆင္းပိုက္အတြင္း ေမြးကင္းစ ကေလးငယ္အား ကယ္ဆယ္ေရးအဖြဲ႕ႏွင့္ ရဲတပ္ဖြဲ႕မ်ားက အသက္ရွင္လွ်က္ ကယ္တင္ႏုိင္ခဲ့တယ္လို႔ သိရပါတယ္။

ေဆးရံုတာဝန္ရွိသူေတြက အိမ္သာထဲက ကေလးငိုသံၾကားတာေၾကာင့္ လိုက္ရွာၾကေပမဲ့ မေတြ႔ေသာ္လည္း အိမ္သာအိုးေပၚမွာ တင္က်န္ေနတဲ့ ေသြးကိုျမင္တာေၾကာင့္ လိုက္ရွာရာကေန ကေလးကို ေတြ႔လိုက္ရတာလို႔ သိရပါတယ္။

ေမြးကင္းစကေလးကို အိမ္သာအိုးထဲပစ္ခ်ၿပီး ေရဆြဲခ်လိုက္တာေၾကာင့္ ကေလးက ေရဆင္းပိုက္ထဲ ေရာက္ေနတာျဖစ္မယ္လို႔ ေဆးရံုတာဝန္ရိွသူေတြက သံုးသပ္ေနၾကပါတယ္။

ကေလးက အသက္ရွင္ေနဆဲျဖစ္တာေၾကာင့္ ကယ္ဆယ္ေရးအဖြဲ႕နဲ႔ ရဲတပ္ဖြဲ႕ကို အေၾကာင္းၾကားလိုက္တဲ့ အခါမွာ ေရပိုက္ထဲက ကေလးကို ဒဏ္ရာမရေအာင္ သတိထားရသလို ပိုက္ထဲမွာ ေရနဲ႔ေမ်ာပါ မသြားေအာင္လည္း ႀကိဳးစားၿပီး ကယ္ဆယ္ခဲ့ၾကရတယ္လို႔ သိရပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕ဟာ ေဆးရံုက ေရမိန္းကို ပိတ္ထားေစၿပီး ေရဆင္းပိုက္နဲ႔ အိမ္သာအိုးကို ဖ်က္ဆီးၿပီး ကေလးကို ကယ္ဆယ္ႏုိင္ဖို႔ သံုးနာရီေလာက္ ႀကိဳးစားၾကရတယ္လို႔လည္း သိရပါတယ္။

ကယ္ဆယ္ၿပီးတဲ့ ေနာက္မွာေတာ့ ဒီကေလးကို ဆရာဝန္ေတြက အေရးေပၚလူနာခန္းကို ခ်က္ခ်င္းပို႔ၿပီး ကုသေပးတာေၾကာင့္ အခုဆိုရင္ ကေလးရဲ႕က်န္းမာေရးက စိတ္ခ်ရတဲ့ အေျခအေနမွာ ရိွေနၿပီလို႔ သိရပါတယ္။

ရဲတပ္ဖြဲ႔ကေတာ့ ေမြးကင္းစကေလးကို မညႇာမတာ အိမ္သာအိုးထဲ ပစ္ခဲ့တဲ့ မိခင္ျဖစ္သူကို အေရးယူႏုိင္ဖို႔ ႀကိဳးစားရွာေဖြေနတယ္လို႔ သိရပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; hilight.kapook
..........................
( unicode )
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချင်ဖိန်အုပ်စုရှိ ဆေးရုံ၏ သုံးလွှာမှ အိမ်သာအိုး ရေဆင်းပိုက်အတွင်း မွေးကင်းစ ကလေးငယ်အား ကယ်ဆယ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များက အသက်ရှင်လျှက် ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆေးရုံတာဝန်ရှိသူတွေက အိမ်သာထဲက ကလေးငိုသံကြားတာကြောင့် လိုက်ရှာကြပေမဲ့ မတွေ့သော်လည်း အိမ်သာအိုးပေါ်မှာ တင်ကျန်နေတဲ့ သွေးကိုမြင်တာကြောင့် လိုက်ရှာရာကနေ ကလေးကို တွေ့လိုက်ရတာလို့ သိရပါတယ်။
မွေးကင်းစကလေးကို အိမ်သာအိုးထဲပစ်ချပြီး ရေဆွဲချလိုက်တာကြောင့် ကလေးက ရေဆင်းပိုက်ထဲ ရောက်နေတာဖြစ်မယ်လို့ ဆေးရုံတာဝန်ရှိသူတွေက သုံးသပ်နကြေပါတယ်။
ကလေးက အသက်ရှင်နေဆဲဖြစ်တာကြောင့် ကယ်ဆယ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်တဲ့ အခါမှာ ရေပိုက်ထဲက ကလေးကို ဒဏ်ရာမရအောင် သတိထားရသလို ပိုက်ထဲမှာ ရေနဲ့မျောပါ မသွားအောင်လည်း ကြိုးစားပြီး ကယ်ဆယ်ခဲ့ကြရတယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဟာ ဆေးရုံက ရေမိန်းကို ပိတ်ထားစပြေီး ရေဆင်းပိုက်နဲ့ အိမ်သာအိုးကို ဖျက်ဆီးပြီး ကလေးကို ကယ်ဆယ်နိုင်ဖို့ သုံးနာရီလောက် ကြိုးစားကြရတယ်လို့လည်း သိရပါတယ်။
ကယ်ဆယ်ပြီးတဲ့ နောက်မှာတော့ ဒီကလေးကို ဆရာဝန်တွေက အရေးပေါ်လူနာခန်းကို ချက်ချင်းပို့ပြီး ကုသပေးတာကြောင့် အခုဆိုရင် ကလေးရဲ့ကျန်းမာရေးက စိတ်ချရတဲ့ အခြေအနေမှာ ရှိနပြေီလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ကတော့ မွေးကင်းစကလေးကို မညှာမတာ အိမ်သာအိုးထဲ ပစ်ခဲ့တဲ့ မိခင်ဖြစ်သူကို အရေးယူနိုင်ဖို့ ကြိုးစားရှာဖွေနေတယ်လို့ သိရပါတယ်။ 
ဘာသာပြန်။ နန်းမောက်ကွမ်
Ref; hilight.kapook
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~