ရခိုင်မူးယစ်လမ်းကြောင်းကို AA စစ်ဦးစီးချုပ်ကိုယ်တိုင် စီမံခန့်ခွဲကြောင်း ပြည်နယ်ရဲမှူးပြောကြား

ရခိုင်မူးယစ်လမ်းကြောင်းကို AA စစ်ဦးစီးချုပ်ကိုယ်တိုင် စီမံခန့်ခွဲကြောင်း ပြည်နယ်ရဲမှူးပြောကြား
မတ် 4, 2016
By Tachileik News Agency

( ရုပ္သံ )

စစ်တွေ/RiA၊ မတ်လ(၄) ။   ။ ရခိုင်ပြည်နယ်ကနေ တဘက်နိုင်ငံများသို့ မူးယစ်ဆေးဝါး သယ်ယူရာလမ်းကြောင်းတွေကို ရက္ခိုင့် တပ်မတော် Arakan Army ရဲ့ စစ်ဦးစီးချူပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကိုယ်တိုင် စီမံခန့်ခွဲမှုပြုလုပ်နေကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားလိုက်ပါတယ်။

အဆိုပါ ပြောကြားမှုကို မတ်လ ၄ ရက်နေ့ စစ်တွေ လူမှုကွန်ရက်အဖွဲ့အစည်းများ၊ မြို့နယ်အထောက်အကူပြုအဖွဲ့များနှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့ တွေ့ဆုံရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၆ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် AA ဒုဗိုလ်မှူးကြီး အောင်မြတ်ကျော် ကို ဖမ်းမိခဲ့ပြီးနောက်မှာ ရန်ကုန်မြို့ နေရာအနှံ့အပြားနှင့် ရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးပြားများနှင့် စစ်လက်နက်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့ကြောင့် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားဖော်ပြခဲ့ပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~