ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ က်ိဳင္းတံုၿမိဳ႕ေပၚရွိ လူမႈကူညီေရးအဖြဲ႔ အခ်ိဳ႕အား အလွဴေငြမ်ား လွဴဒါန္း

ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ က်ိဳင္းတံုၿမိဳ႕ေပၚရွိ လူမႈကူညီေရးအဖြဲ႔ အခ်ိဳ႕အား အလွဴေငြမ်ား လွဴဒါန္း
မတ် 19, 2016
By Tachileik News Agency

က်ဳိင္းတံု၊ မတ္လ(၁၉) ။  ။ ေဝဠဳေက်ာ္ေဖာင္ေဒးရွင္းမွ ေဝဠဳေက်ာ္က ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕ေပၚမွ လူမႈကူညီေရးအဖြဲ႔မ်ားႏွင့္ မီးေဘးသင့္ေဒသတြင္ ကူညီေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား ေဆးပစၥည္း ဝယ္ယူရန္တို႔အတြက္ လွဴဒါန္းသြားေၾကာင္း သိရသည္။

မိုင္းခတ္ၿမိဳ႕နယ္မွ မီးေဘးသင့္ အင္လံုေက်းရြာသို႔ ျပန္လည္ထူေထာင္ေရးအတြက္ မတ္လ (၁၇)ရက္ေန႔က သြားေရာက္လွဴဒါန္းခဲ့ျခင္းျဖစ္ၿပီး အဆိုပါေက်းရြာမွအျပန္ က်ိဳင္းတံုၿမိဳ႕တြင္ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

" ကၽြန္ေတာ့္ကို အသင္းဝင္တစ္ေယာက္တိုးလာတယ္လို႔ပဲ သေဘာထားပါ " ဟု ႏွလံုးလွပိုင္ရွင္မ်ား( အခမဲ့ ) လူမႈကူညီေရးအသင္း(က်ဳိင္းတံု)သို႔ လာေရာက္သည့္ ေဝဠဳေက်ာ္က ေျပာသည္။

ႏွလံုးလွပိုင္ရွင္မ်ား( အခမဲ့ ) လူမႈကူညီေရးအသင္း(က်ဳိင္းတံု) အား အလွဴေငြ က်ပ္(၅)သိန္း၊ မိုင္းႏႈန္းနွီးဘုရားတြင္ အလွဴေငြက်ပ္(၁) သိန္း၊ လမ္းေဖာက္ေနေသာ တပ္မေတာ္သားမ်ားအား အလွဴေငြက်ပ္ (၅)သိန္း၊ မိုင္းခတ္မီးေဘးသင့္ေဒသတြင္ ကူညီေနသည့္ က်န္းမာေရးဝန္ထမ္းမ်ား ေဆးပစၥည္းဝယ္ယူရန္ က်ပ္ (၅)သိန္း၊ က်ဳိင္းတံုလူမႈကူညီေရးအသင္းအား က်ပ္(၅)သိန္း၊ ​ေမတၱာ႐ွင္​​ေအာက္​ဆီဂ်င္​အသင္​းအား က်ပ္(၃)သိန္းလွဴဒါန္းခဲ့ၿပီး အင္လံုေက်းရြာ ျပန္လည္ထူေထာင္ေရးအတြက္ အလွဴေငြက်ပ္ (၆၆) သိန္းလွဴဒါန္းခဲ့ေၾကာင္း သိရသည္။

မီးေဘးသင့္ခဲ့ေသာ ေနာင္လံုးအုပ္စု၊ အင္လံုေက်းရြာအတြက္ ရွမ္း/အေရွ႕ ေ၀ဠဳေက်ာ္ေဖာင္ေဒးရွင္း အဖြဲ႕၀င္မ်ားႏွင့္ အတူ ပူးေပါင္း၍ ျပန္လည္ထူေထာင္ေရး ကိစၥမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ႏွင့္ မႏၱေလးမွ ပန္းပ်ိဳးသူပရဟိတအဖြဲ႕မွလည္း မီးေဘးသင့္ေက်းရြာအတြက္ က်ပ္ (၁,၂၉၀,၀၀၀)အား ေ၀ဠဳေက်ာ္ေဖာင္ေဒးရွင္းမွ တစ္ဆင့္ လွဴဒါန္းခဲ့ေၾကာင္း သိရသည္။

မီးေဘးသင့္ အင္လံုေက်းရြာတြင္ အိမ္ေျခ(၅၃)လံုးရွိသည့္အနက္ (၄၈)လံုး မီးေလာင္ကၽြမ္းသြားျခင္း ျဖစ္ေၾကာင္း၊ မီးေလာင္ကၽြမ္းမႈေၾကာင့္ အိမ္ေထာင္စု (၄၈)စု မွ အသက္(၁၂)နွစ္အထက္ က်ား(၆၀)ဦး ၊ မ(၉၇)ဦး ၊ ေပါင္း(၁၅၇)ဦး ၊ အသက္(၁၂)နွစ္ေအာက္ က်ား(၅၉)ဦး ၊ မ(၄၂)ဦး ၊ ေပါင္း(၁၀၁)ဦး ၊ စုစုေပါင္း က်ား(၁၁၉)ဦး ၊ မ(၁၃၉)ဦး ၊ စုစုေပါင္း လူဦးေရ(၂၅၈)ဦး မီးေဘးသင့္ခဲ့ေၾကာင္း သိရသည္။

မတ္လ(၁၂)ရက္ေန႔က အဆိုပါ ေက်းရြာရွိ ေနအိမ္တစ္ခုတြင္ လူေစာင့္မရွိဘဲ ထမင္းအိုးတည္ရာမွ မီးစတင္ ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ရာ အိမ္ေထာင္စု(၄၈)လံုးမွ လူဦးေရ(၂၅၈)ဦး မီးေဘးသင့္ခဲ့ျခင္း ျဖစ္သည္။

သတင္း။  ။ ဇင္ေအာင္
ဓာတ္ပံု။  ။ ဇြဲျမတ္
***************************

ကျိုင်းတုံ၊ မတ်လ(၁၉)။ ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဝေဠုကျော်က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်မှ လူမှုကူညီရေးအဖွဲ့များနှင့် မီးဘေးသင့်ဒေသတွင် ကူညီနေသည့် ကျန်းမာရေးဝန်ထမ်းများ ဆေးပစ္စည်း ဝယ်ယူရန်တို့အတွက် လှူဒါန်းသွားကြောင်း သိရသည်။

မိုင်းခတ်မြို့နယ်မှ မီးဘေးသင့် အင်လုံကျေးရွာသို့ ပြန်လည်ထူထောင်ရေးအတွက် မတ်လ (၁၇)ရက်နေ့က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါကျေးရွာမှအပြန် ကျိုင်းတုံမြို့တွင် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော့်ကို အသင်းဝင်တစ်ယောက်တိုးလာတယ်လို့ပဲ သဘောထားပါ " ဟု နှလုံးလှပိုင်ရှင်များ( အခမဲ့ ) လူမှုကူညီရေးအသင်း(ကျိုင်းတုံ)သို့ လာရောက်သည့် ဝေဠုကျော်က ပြောသည်။

နှလုံးလှပိုင်ရှင်များ( အခမဲ့ ) လူမှုကူညီရေးအသင်း(ကျိုင်းတုံ) အား အလှူငွေ ကျပ်(၅)သိန်း၊ မိုင်းနှုန်းနှီးဘုရားတွင် အလှူငွေကျပ်(၁) သိန်း၊ လမ်းဖောက်နေသော တပ်မတော်သားများအား အလှူငွေကျပ် (၅)သိန်း၊ မိုင်းခတ်မီးဘေးသင့်ဒေသတွင် ကူညီနေသည့် ကျန်းမာရေးဝန်ထမ်းများ ဆေးပစ္စည်းဝယ်ယူရန် ကျပ် (၅)သိန်း၊ ကျိုင်းတုံလူမှုကူညီရေးအသင်းအား ကျပ်(၅)သိန်း၊ ​မေတ္တာရှင်​​အောက်​ဆီဂျင်​အသင်​းအား ကျပ်(၃)သိန်းလှူဒါန်းခဲ့ပြီး အင်လုံကျေးရွာ ပြန်လည်ထူထောင်ရေးအတွက် အလှူငွေကျပ် (၆၆) သိန်းလှူဒါန်းခဲ့ကြောင်း သိရသည်။

မီးဘေးသင့်ခဲ့သော နောင်လုံးအုပ်စု၊ အင်လုံကျေးရွာအတွက် ရှမ်း/အရှေ့ေဝဠုကျော်ဖောင်ဒေးရှင်း အဖွဲ့ဝင်များနှင့် အတူ ပူးပေါင်း၍ ပြန်လည်ထူထောင်ရေး ကိစ္စများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် မန္တလေးမှ ပန်းပျိုးသူပရဟိတအဖွဲ့မှလည်း မီးဘေးသင့်ကျေးရွာအတွက် ကျပ် (၁,၂၉၀,ဝဝဝ)အားေဝဠုကျော်ဖောင်ဒေးရှင်းမှ တစ်ဆင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

မီးဘေးသင့် အင်လုံကျေးရွာတွင် အိမ်ခြေ(၅၃)လုံးရှိသည့်အနက် (၄၈)လုံး မီးလောင်ကျွမ်းသွားခြင်း ဖြစ်ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် အိမ်ထောင်စု (၄၈)စု မှ အသက်(၁၂)နှစ်အထက် ကျား(၆၀)ဦး၊ မ(၉၇)ဦး၊ ပေါင်း(၁၅၇)ဦး၊ အသက်(၁၂)နှစ်အောက် ကျား(၅၉)ဦး၊ မ(၄၂)ဦး၊ ပေါင်း(၁၀၁)ဦး၊ စုစုပေါင်း ကျား(၁၁၉)ဦး၊ မ(၁၃၉)ဦး၊ စုစုပေါင်း လူဦးရေ(၂၅၈)ဦး မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

မတ်လ(၁၂)ရက်နေ့က အဆိုပါ ကျေးရွာရှိ နေအိမ်တစ်ခုတွင် လူစောင့်မရှိဘဲ ထမင်းအိုးတည်ရာမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ရာ အိမ်ထောင်စု(၄၈)လုံးမှ လူဦးရေ(၂၅၈)ဦး မီးဘေးသင့်ခဲ့ခြင်း ဖြစ်သည်။

သတင်း။ ဇင်အောင်
ဓာတ်ပုံ။ ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~