ဝမ္ေက်ာက္လံု ျပည္သူ႕စစ္စခန္းေရွ႕ ယာဥ္တိမ္းေမွာက္ရာမွ ယာဥ္ေမာင္း ေသဆံုး

ဝမ္ေက်ာက္လံု ျပည္သူ႕စစ္စခန္းေရွ႕ ယာဥ္တိမ္းေမွာက္ရာမွ ယာဥ္ေမာင္း ေသဆံုး
မတ် 7, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၇) ။   ။ တာခ်ီလိတ္ - က်ိဳင္းတံုလမ္း ၀မ္ေက်ာက္လံုျပည္သူ႔စစ္စခန္းေရွ႕၌ မတ္လ(၇)ရက္ေန႔ နံနက္(၅)နာရီခန္႔က ကားတစ္စီး အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားရာ ယာဥ္ေမာင္းသူ ေသဆံုးသြားခဲ့သျဖင့္ အဆိုပါ ယာဥ္ေမာင္းအား အမႈဖြင့္ထားေၾကာင္း သိရသည္။

ယာဥ္ေမာင္းျဖစ္သူမွာ မိုင္းကိုးေက်းရြာအုပ္စု၊ မယ္လိပါေကာ္ေက်းရြာတြင္ ေနထိုင္သူျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္းမွ ေနအိမ္သို႔ ျပန္သြားျခင္းျဖစ္ၿပီး ၀မ္ေက်ာက္လံု ျပည္သူ႔စစ္စခန္းအေကြ႕တြင္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏ ယာဘက္ျခမ္းသို႔ တိမ္းေမွာက္သြားျခင္းျဖစ္ေၾကာင္း ယာဥ္ထိန္းရဲတပ္ဖြဲ႕၏ မွတ္တမ္းအရ သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း အားမူသည္ ယာဘက္ေမးရိုးႏွင့္ ယာဘက္မ်က္ႏွာတြင္ ေပါက္ၿပဲဒဏ္ရာမ်ားရရွိကာ ယာဘက္ရင္အံုတြင္ ညိဳမဲဒဏ္ရာမ်ားျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

ယာဥ္အား မဆင္မျခင္ေမာင္းႏွင္၍ မိမိကိုယ္ကိုယ္ ဒဏ္ရာရေသဆံုးေအာင္ ေမာင္းႏွင္သူ ေမာင္အားမူအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၆/၂၀၁၆၊ ျပစ္မႈပုဒ္မ ၃၀၄-က ျဖင့္ အမႈဖြင့္လွစ္ေဆာင္ရြက္ထားၿပီး သက္ေသစစ္ေဆးျခင္းႏွင့္ သက္ေသခံပစၥည္းမ်ား သိမ္းဆည္းထားရွိေၾကာင္း ရဲစခန္းစစ္တမ္းမ်ားအရ သိရသည္။

ဓာတ္ပံု။  ။ တာခ်ီလိတ္နာေရးကူညီမႈအသင္း
**************

( unicode )

တာချီလိတ်၊ မတ်လ(၇)။ တာချီလိတ် - ကျိုင်းတုံလမ်း ဝမ်ကျောက်လုံပြည်သူ့စစ်စခန်းရှေ့၌ မတ်လ(၇)ရက်နေ့ နံနက်(၅)နာရီခန့်က ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားရာ ယာဉ်မောင်းသူ သေဆုံးသွားခဲ့သဖြင့် အဆိုပါ ယာဉ်မောင်းအား အမှုဖွင့်ထားကြောင်း သိရသည်။

ယာဉ်မောင်းဖြစ်သူမှာ မိုင်းကိုးကျေးရွာအုပ်စု၊ မယ်လိပါကော်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး တာချီလိတ်မြို့တွင်းမှ နေအိမ်သို့ ပြန်သွားခြင်းဖြစ်ပြီး ဝမ်ကျောက်လုံ ပြည်သူ့စစ်စခန်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့၏ မှတ်တမ်းအရ သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း အားမူသည် ယာဘက်မေးရိုးနှင့် ယာဘက်မျက်နှာတွင် ပေါက်ပြဲဒဏ်ရာများရရှိကာ ယာဘက်ရင်အုံတွင် ညိုမဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယာဉ်အား မဆင်မခြင်မောင်းနှင်၍ မိမိကိုယ်ကိုယ် ဒဏ်ရာရသေဆုံးအောင် မောင်းနှင်သူ မောင်အားမူအား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၆/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ထားပြီး သက်သေစစ်ဆေးခြင်းနှင့် သက်သေခံပစ္စည်းများ သိမ်းဆည်းထားရှိကြောင်း ရဲစခန်းစစ်တမ်းများအရ သိရသည်။

ဓာတ်ပုံ။ တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~