ႏိုင္ငံျခားဧည့္သည္ ၀င္ေရာက္မႈ နည္းပါးျခင္းေၾကာင့္ တာေလာ့ေစ်း အေရာင္းအ၀ယ္ေအးေန

ႏိုင္ငံျခားဧည့္သည္ ၀င္ေရာက္မႈ နည္းပါးျခင္းေၾကာင့္ တာေလာ့ေစ်း အေရာင္းအ၀ယ္ေအးေန
မတ် 11, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ(၁၁) ။   ။ တာခ်ီလိတ္ၿမိဳ႕ ျမန္မာ - ထိုင္း နယ္စပ္တံတားအနီးရွိ တာေလာ့ေစ်းႀကီးတြင္ ယခင္ႏွစ္မ်ားထက္ ႏိုင္ငံျခားသား ဧည့္သည္ ၀င္ေရာက္လည္ပတ္မႈ နည္းပါးလာျခင္းေၾကာင့္ ကုန္ပစၥည္းမ်ား ေရာင္းအားက်ဆင္းေၾကာင္း အေရာင္းဆိုင္ပိုင္ရွင္မ်ားထံမွ သိရသည္။

“ေစ်းဆိုင္တိုင္းက ေရာင္းအား မေကာင္းေတာ့ဘူး။ တာေလာ့အလယ္လမ္းမွာရွိတဲ့ ေျခာက္ထပ္ခန္းကို ဆိုင္ခန္းခ တစ္လကို ဘတ္(၆၀,၀၀၀)ေလာက္ေပးရပါတယ္။ အဓိက ကြ်န္မတို႔ဆိုင္က ေဖာက္သည္ေတြက အ၀ယ္မ်ားတယ္။ ခုေနာက္ပိုင္း ဘန္ေကာက္ကလူေတြ သိပ္မလာေတာ့ဘူး ေစ်း၀ယ္ရင္လဲ online shopping ေတြရွိေတာ့ အြန္လိုင္းကပဲ မွာယူၾကတယ္။”ဟု တာေလာ့ေစ်းအတြင္း စူ၀မ္းနား နာရီႏွင့္လြယ္အိတ္အေရာင္းဆိုင္မွ မျမတ္မြန္က ေျပာသည္။

တာေလာ့ေစ်းတြင္ တရုတ္ကုန္ပစၥည္းမ်ားကို အဓိကအေရာင္းမ်ားၿပီး၊ ႏိုင္ငံျခားသားမ်ား ၊ ထိုင္းလူမ်ိဳးမ်ားက လာေရာက္ အ၀ယ္မ်ားခဲ့ၾကေၾကာင္း၊ ျပည္တြင္းမွ တာခ်ီလိတ္ၿမိဳ႕သို႔ လာေရာက္လည္ပတ္သူမ်ားလည္း လက္ေဆာင္ပစၥည္းအျဖစ္ ၀ယ္ယူမႈမ်ားရွိေၾကာင္း ၎ထံမွ သိရသည္။

"အရင္(၅)ႏွစ္ေလာက္ကဆို အနည္းဆုံး တစ္ရက္ကို ဘတ္(၁၀,၀၀၀)၀န္းက်င္ေလာက္ ေရာင္းရတယ္။ အခုဆို တစ္ရက္ (၃၀၀၀)ေလာက္ပဲ ေရာင္းရတယ္။ စီးပြားေရးက တစ္ႏွစ္ထက္ တစ္ႏွစ္ ပိုပိုဆိုးဆိုးလာတယ္။ ”ဟု တာေလာ့ေစ်းအတြင္း အထည္ေရာင္းဆိုင္မွ ဦးေအာင္ထြန္းလင္းက ေျပာသည္။

တာေလာ့ေစ်းႀကီးတြင္ ယခင္ ၁၉၉၀ ခုႏွစ္ ၀န္းက်င္က ႏိုင္ငံျခားသား ဧည့္သည္ အ၀င္မ်ားခဲ့သျဖင့္ ေရာင္းအားေကာင္းခဲ့ေသာ္လည္း ၂၀၁၁ ခုႏွစ္မွ ၂၀၁၆ ခုႏွစ္ထိ (၅)ႏွစ္အတြင္း ေရာင္းအားမ်ား သိသိသာသာ တဟုန္ထိုး က်ဆင္းလာျခင္းျဖစ္ေၾကာင္း သိရသည္။

တာေလာ့ေစ်းတြင္ အ၀တ္အထည္၊ လွ်ပ္စစ္ပစၥည္း၊ CD/DVD၊ အိတ္မ်ိဳးစံု၊ မ်က္မွန္၊ လက္ေဆာင္ပစၥည္းမ်ား၊ ၀ိုင္ႏွင့္ ယမကာမ်ိဳးစံု တို႔အား ေရာင္းခ်လွ်က္ရွိၿပီး ထုိင္းႏိုင္ငံသား ဧည့္သည္ႏွင့္ အာရွေဒသတြင္း ဧည့္သည္မ်ားသာ အဓိကထားေရာင္းခ်ရလွ်က္ရွိေၾကာင္း ေစ်းေရာင္းခ်သူမ်ားထံမွသိရသည္။

တာေလာ့ေစ်းတြင္ တစ္ႏွစ္ထက္တစ္ႏွစ္ ေရာင္းအားက်လာမႈေၾကာင့္ ေစ်းသည္မ်ားက ေနာင္ႏွစ္ေတြအထိ အေရာင္းအ၀ယ္ေကာင္းျခင္းမရွိလွ်င္ (၃)ႏွစ္အတြင္း တာေလာ့ေစ်းေပ်ာက္ကြယ္သြားႏိုင္သည္ဟု ေစ်းသည္မ်ားက သုံးသပ္ၾကေၾကာင္း သိရသည္။

သတင္း ။  ။ ေဇာင္းညီ
********

( unicode )

တာချီလိတ်၊ မတ်လ(၁၁)။ တာချီလိတ်မြို့ မြန်မာ - ထိုင်း နယ်စပ်တံတားအနီးရှိ တာလော့ဈေးကြီးတွင် ယခင်နှစ်များထက် နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်လည်ပတ်မှု နည်းပါးလာခြင်းကြောင့် ကုန်ပစ္စည်းများ ရောင်းအားကျဆင်းကြောင်း အရောင်းဆိုင်ပိုင်ရှင်များထံမှ သိရသည်။

“ဈေးဆိုင်တိုင်းက ရောင်းအား မကောင်းတော့ဘူး။ တာလော့အလယ်လမ်းမှာရှိတဲ့ ခြောက်ထပ်ခန်းကို ဆိုင်ခန်းခ တစ်လကို ဘတ်(၆၀,ဝဝဝ)လောက်ပေးရပါတယ်။ အဓိက ကျွန်မတို့ဆိုင်က ဖောက်သည်တွေက အဝယ်များတယ်။ ခုနောက်ပိုင်း ဘန်ကောက်ကလူတွေ သိပ်မလာတော့ဘူး ဈေးဝယ်ရင်လဲ online shopping တွေရှိတော့ အွန်လိုင်းကပဲ မှာယူကြတယ်။”ဟု တာလော့ဈေးအတွင်း စူဝမ်းနား နာရီနှင့်လွယ်အိတ်အရောင်းဆိုင်မှ မမြတ်မွန်က ပြောသည်။

တာလော့ဈေးတွင် တရုတ်ကုန်ပစ္စည်းများကို အဓိကအရောင်းများပြီး၊ နိုင်ငံခြားသားများ၊ ထိုင်းလူမျိုးများက လာရောက် အဝယ်များခဲ့ကြကြောင်း၊ ပြည်တွင်းမှ တာချီလိတ်မြို့သို့ လာရောက်လည်ပတ်သူများလည်း လက်ဆောင်ပစ္စည်းအဖြစ် ဝယ်ယူမှုများရှိကြောင်း၎င်းထံမှ သိရသည်။

"အရင်(၅)နှစ်လောက်ကဆို အနည်းဆုံး တစ်ရက်ကို ဘတ်(၁၀,ဝဝဝ)ဝန်းကျင်လောက် ရောင်းရတယ်။ အခုဆို တစ်ရက် (၃၀၀၀)လောက်ပဲ ရောင်းရတယ်။ စီးပွားရေးက တစ်နှစ်ထက် တစ်နှစ် ပိုပိုဆိုးဆိုးလာတယ်။ ”ဟု တာလော့ဈေးအတွင်း အထည်ရောင်းဆိုင်မှ ဦးအောင်ထွန်းလင်းက ပြောသည်။

တာလော့ဈေးကြီးတွင် ယခင် ၁၉၉၀ ခုနှစ် ဝန်းကျင်က နိုင်ငံခြားသား ဧည့်သည် အဝင်များခဲ့သဖြင့် ရောင်းအားကောင်းခဲ့သော်လည်း ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ (၅)နှစ်အတွင်း ရောင်းအားများ သိသိသာသာ တဟုန်ထိုး ကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

တာလော့ဈေးတွင် အဝတ်အထည်၊ လျှပ်စစ်ပစ္စည်း၊ CD/DVD၊ အိတ်မျိုးစုံ၊ မျက်မှန်၊ လက်ဆောင်ပစ္စည်းများ၊ ဝိုင်နှင့် ယမကာမျိုးစုံ တို့အား ရောင်းချလျှက်ရှိပြီး ထိုင်းနိုင်ငံသား ဧည့်သည်နှင့် အာရှဒေသတွင်း ဧည့်သည်များသာ အဓိကထားရောင်းချရလျှက်ရှိကြောင်း ဈေးရောင်းချသူများထံမှသိရသည်။

တာလော့ဈေးတွင် တစ်နှစ်ထက်တစ်နှစ် ရောင်းအားကျလာမှုကြောင့် ဈေးသည်များက နောင်နှစ်တွေအထိ အရောင်းအဝယ်ကောင်းခြင်းမရှိလျှင် (၃)နှစ်အတွင်း တာလော့ဈေးပျောက်ကွယ်သွားနိုင်သည်ဟု ဈေးသည်များက သုံးသပ်ကြကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~