ရခိုင်အမျိုးသားပါတီ၏ လုပ်ရပ်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဝေဖန်
ရခိုင်အမျိုးသားပါတီ၏ လုပ်ရပ်အပေါ် ရခိုင်ပြည်နယ်ဝန်ကြီးချူပ် ဦးညီပု ဝေဖန်
မတျ 28, 2016
By Tachileik News Agency
စစ်တွေ၊ မတ်လ (၂၈)ရက် ။   ။ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမအကြိမ်မြောက်နေ့ဖြစ်သည့် မတ်လ ၂၈ ရက်တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များ၏ ပြုမူဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချူပ်သစ် ဦးညီပုက ဝေဖန်ပြောကြားလိုက်သည်။
ယနေ့ လွှတ်တော်အစည်းအဝေးသို့ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌမှာ ပုံမှန်ကျင်းပချိန်ထက် ၄၅ မိနစ်ခန့် နောက်ကျမှ ရောက်ရှိလာခဲ့ကြပြီး ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်များကလည်း အနက်ရောင်စတစ်ကာများကို ရင်ဘတ်တွင် ကပ်လျှက် အစည်းအဝေးကို တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ခန့်အပ်ကြောင်း ကြေညာပြီးသည်နှင့် တပြိုင်နက် လွှတ်တော် ဥက္ကဌနှစ်ဦးမှလွဲပြီး ကျန်ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်များက လွှတ်တော် အစည်းအဝေးခန်းမမှ ထွက်ခွာခဲ့ကာ သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်ခဲ့ကြသည်။
ANP ၏ လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မည်သည့် ဥပဒေနှင့်မှ ငြိစွန်းမှုမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ရပိုင်ခွင့်ဖြစ်သည့်အပြင် ပါတီ၏ ခိုင်းစေချက်လည်း မဟုတ်ကြောင်း ဦးအောင်ဝင်းက ဆိုသည်။
ယနေ့ ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် (၂၃) ဦးအနက် (၂၂) ဦး တက်ရောက်ခဲ့ပြီး၊ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးကျော်လွင် တို့မှာ ခွင့်ယူထားသဖြင့် စုစုပေါင်း ပြည်နယ်လွှတ်တော်နေရာ (၄၇) နေရာတွင် (၄၅) ဦး တက်ရောက်ခဲ့ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ ။  ။ RiA
*******************
စစ်တွေ၊ မတ်လ (၂၈)ရက်။ ဒုတိယအကြိမ်မြောက် ရခိုင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအေဝး ပဉ္စမအကြိမ်မြောက်နေ့ဖြစ်သည့် မတ်လ ၂၈ ရက်တွင် ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ်များ၏ ပြုမူဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချူပ်သစ် ဦးညီပုကေဝဖန်ပြောကြားလိုက်သည်။
“ကျွန်တော်တို့ အမြင်ကတော့ ဒီနေ့လွှတ်တော်ဟာ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ဖြစ်တယ်။ ပြည်သူတွေကိုယ်စား တာဝန်ယူပြီး ဆောင်ရွက်နေရတဲ့ လွှတ်တော်လည်းဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရဲ့ သဘောထားကိုလည်းပဲ ကြည်ကြည်လင်လင်နဲ့ သူတို့ဆန္ဒတွေ ပြည့်ဝအောင် လွှတ်တော်ရဲ့ ဂုဏ်သိက္ခါနဲ့လည်း ညီညွတ်အောင် ရှေ့လျှောက်ပြီး လုပ်ကြမှာကိုပဲ မြင်တွေ့ချင်ပါတယ်။”ဟု ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးညီပုက ပြောသည်။
ယနေ့ လွှတ်တော်အစည်းအေဝးသို့ ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ဒုဥက္ကဌမှာ ပုံမှန်ကျင်းပချိန်ထက် ၄၅ မိနစ်ခန့် နောက်ကျမှ ရောက်ရှိလာခဲ့ကြပြီး ရခိုင်အမျိုးသားပါတီကိုယ်စားလှယ်များကလည်း အနက်ရောင်စတစ်ကာများကို ရင်ဘတ်တွင် ကပ်လျှက် အစည်းအေဝးကို တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဦးညီပုကို ခန့်အပ်ကြောင်း ကြေညာပြီးသည်နှင့် တပြိုင်နက် လွှတ်တော် ဥက္ကဌနှစ်ဦးမှလွဲပြီး ကျန်ရခိုင်အမျိုးသားပါတီ၏ ကိုယ်စားလှယ်များက လွှတ်တော် အစည်းအေဝးခန်းမမှ ထွက်ခွာခဲ့ကာ သတင်းစာရှင်းလင်းပွဲတရပ်ကို ပြုလုပ်ခဲ့ကြသည်။
“ဒီနေ့ကျွန်တော်တို့ ANP (ရခိုင်အမျိုးသားပါတီ)ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေ အနက်ရောင် စတေကာတွေ ကပ်လာတာဟာ ပါတီကထုတ်ပြန်ထားတဲ့ ၁/၂၀၁၆ မှာပါတဲ့အတိုင်း ရခိုင်ပြည်နယ်အစိုးရကို ဦးဆောင်ဖွဲ့စည်းခွင့်ကို လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံး အနိုင်ရထားတဲ့ ANP ရချင်တယ်လို့ ကြေညာထားတယ်။ ပြည်သူတွေလည်း တောင်းဆိုကြတယ်။ ဒါပေမဲ့ NLD ရဲ့အမတ်ဖြစ်တဲ့ ဂွမြို့နယ် မဲဆန္ဒနယ်က ဦးညီပုကို တင်မြှာက်လိုက်တဲ့အတွက် ပြည်သူနဲ့ တသားတည်း ဝမ်းနည်းကြောင်းကို
ပြသတာဖြစ်ပါတယ်။” ဟု သတင်းစာရှင်းလင်းပွဲကို ဦးဆောင်သူ ရခိုင်အမျိုးသားပါတီ၏ မြေပုံမဲဆန္ဒနယ်အမှတ် ၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောသည်။
ANP၏ လွှတ်တော်ကိုယ်စားလှယ်များ အနဖြေင့် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းမှာ မည်သည့် ဥပဒေနှင့်မှ ငြိစွန်းမှုမရှိဘဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ရပိုင်ခွင့်ဖြစ်သည့်အပြင် ပါတီ၏ ခိုင်းစေချက်လည်း မဟုတ်ကြောင်း ဦးအောင်ဝင်းက ဆိုသည်။
ယနေ့ ကျင်းပပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအေဝးတွင် ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် (၂၃) ဦးအနက် (၂၂) ဦး တက်ရောက်ခဲ့ပြီး၊ အမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့် ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ် ဦးကျော်လွင် တို့မှာ ခွင့်ယူထားသဖြင့် စုစုပေါင်း ပြည်နယ်လွှတ်တော်နေရာ (၄၇) နေရာတွင် (၄၅) ဦး တက်ရောက်ခဲ့ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ။ RiA
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~