ေႏြရာသီမွာ ကြမ္းအထြက္မ်ားလာေတာ့မည္ျဖစ္၍ ကြမ္းေစ်းကြက္ က်ဆင္းလာႏိုင္

ေႏြရာသီမွာ ကြမ္းအထြက္မ်ားလာေတာ့မည္ျဖစ္၍ ကြမ္းေစ်းကြက္ က်ဆင္းလာႏိုင္
မတ် 26, 2016
By Tachileik News Agency

တာခ်ီလိတ္၊ မတ္လ (၂၆) ရက္ ။  ။ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ကြမ္းရြက္ေစ်းကြက္သို႔ ျပည္တြင္းမွ ကြမ္းအဝင္မ်ားလာေသာ္လည္း ေရာင္းအားပံုမွန္သာရိွသျဖင့္ မတ္လ ဒုတိယပတ္မွစ၍ ကြမ္းေစ်းက်လာေၾကာင္း ႏွင့္ ေႏြရာသီတြင္ ကြမ္းအထြက္မ်ားလာေတာ့မည္ျဖစ္၍ ကြမ္းေစ်းကြက္ က်ဆင္းလာႏိုင္ေၾကာင္းသိရသည္။

“ကြမ္းေစ်းက သုံးဆေလာက္က်သြားတယ္။ ဘာလို႔ေစ်းက်တာလဲဆိုေတာ့ ေဖေဖာ္၀ါရီလထက္  အခု မတ္ လမွာ ကြမ္းအထြက္ႏႈန္းက မ်ားလာတာ။ အထြက္ႏႈန္းေတြကမ်ားလာၿပီး ၀ယ္အားကေတာ့ ပုံမွန္ဆိုေတာ့ ကြမ္းေစ်းကိုေလွ်ာ့ၿပီး ေရာင္းေနၾကတာပါ။”ဟု တာခ်ီလိတ္ၿမိဳ႕မွ ကြမ္းအေရာင္းအ၀ယ္ လုပ္ကိုင္သူ ဦးေအာင္မ်ိဳး၀င္းက ေျပာသည္။

၂၀၁၆ ခုႏွစ္ ေဖေဖာ္၀ါရီ လအတြင္း တာခ်ီလိတ္ၿမိဳ႕တြင္ ကြမ္းတစ္ပိႆာလွ်င္ (၄၀၀)ဘတ္ (ျမန္မာေငြ က်ပ္ ၁၀၀၀၀)ခန္႔အထိေစ်းတက္ခဲ့ၿပီး မတ္လ ဒုတိယပတ္အတြင္း တစ္ပိႆာလွ်င္ (၁၂၀)ဘတ္ခန္႔အထိ ေစ်းက်သြားျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုလို ရာသီမွာဆို ကြမ္းအထြက္ႏႈန္းက မ်ားလာေတာ့ ေစ်းကြက္ကက်သြားမွာပဲ။ ေဆာင္းတြင္းမွာ အခ်ိန္ (၁၀  - ပိႆာ)ထြက္တဲ့သူက အခုလို ေႏြရာသီႏွင့္မိုးရာသီမွာ အခ်ိန္(၃၀/၄၀ - ပိႆာ) ေလာက္ထြက္တယ္။ တာခ်ီလိတ္ၿမိဳ႕ကို အခု တစ္ပိႆာ (၂၅၀၀) က်ပ္နဲ႔ သြင္းပါတယ္။ ေရွ႕ေလွ်ာက္ ေႏြရာသီႏွင့္ မိုးရာသီမွာ ထြက္ႏႈန္းက မ်ားလာဦးမွာဆိုေတာ့ ေစ်းကြက္က က်ဖို႔ပဲရွိတယ္။”ဟု မႏၱေလးၿမိဳ႕မွ လွမ်ိဳးသိမ္း(မႏၱေလး)ကြမ္းပြဲရုံပိုင္ရွင္ မသႏၱာေအးက ေျပာသည္။

ကြမ္းစားသူ အေရအတြက္မွာ ပံုမွန္သာရိွသျဖင့္ ကြမ္းေစ်း အတက္အက်ေၾကာင့္ ကြမ္းရြက္ဝယ္လိုအားမွာ အေျပာင္းအလဲ မရိွေၾကာင္း ကြမ္းယာဆိုင္မ်ားထံမွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕သို႔ လစဥ္ ကြမ္းပိႆာခ်ိန္ (၁၀၀၀၀) နီးပါးခန္႔ မႏၱေလးမွ တင္သြင္းလွ်က္ရွိေၾကာင္း သိရသည္။

သတင္း။  ။ ေဇာင္းညီ

**************

တာချီလိတ်၊ မတ်လ (၂၆) ရက်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ကွမ်းရွက်ဈေးကွက်သို့ ပြည်တွင်းမှ ကွမ်းအဝင်များလာသော်လည်း ရောင်းအားပုံမှန်သာရှိသဖြင့် မတ်လ ဒုတိယပတ်မှစ၍ ကွမ်းဈေးကျလာကြောင်း နှင့် နွေရာသီတွင် ကွမ်းအထွက်များလာတော့မည်ဖြစ်၍ ကွမ်းဈေးကွက် ကျဆင်းလာနိုင်ကြောင်းသိရသည်။

“ကွမ်းဈေးက သုံးဆလောက်ကျသွားတယ်။ ဘာလို့ဈေးကျတာလဲဆိုတော့ ဖေဖော်ဝါရီလထက် အခု မတ် လမှာ ကွမ်းအထွက်နှုန်းက များလာတာ။ အထွက်နှုန်းတွေကများလာပြီး ဝယ်အားကတော့ ပုံမှန်ဆိုတော့ ကွမ်းဈေးကိုလျှော့ပြီး ရောင်းနကြေတာပါ။”ဟု တာချီလိတ်မြို့မှ ကွမ်းအရောင်းအဝယ် လုပ်ကိုင်သူ ဦးအောင်မျိုးဝင်းက ပြောသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ လအတွင်း တာချီလိတ်မြို့တွင် ကွမ်းတစ်ပိဿါလျှင် (၄၀၀)ဘတ် (မြန်မာငွေ ကျပ် ၁၀၀၀၀)ခန့်အထိဈေးတက်ခဲ့ပြီး မတ်လ ဒုတိယပတ်အတွင်း တစ်ပိဿါလျှင် (၁၂၀)ဘတ်ခန့်အထိ ဈေးကျသွားခြင်းဖြစ်ကြောင်း သိရသည်။

“အခုလို ရာသီမှာဆို ကွမ်းအထွက်နှုန်းက များလာတော့ ဈေးကွက်ကကျသွားမှာပဲ။ ဆောင်းတွင်းမှာ အချိန် (၁၀ - ပိဿါ)ထွက်တဲ့သူက အခုလို နွေရာသီနှင့်မိုးရာသီမှာ အချိန်(၃၀/၄၀ - ပိဿါ) လောက်ထွက်တယ်။ တာချီလိတ်မြို့ကို အခု တစ်ပိဿါ (၂၅၀၀) ကျပ်နဲ့ သွင်းပါတယ်။ ရှေ့လျှောက် နွေရာသီနှင့် မိုးရာသီမှာ ထွက်နှုန်းက များလာဦးမှာဆိုတော့ ဈေးကွက်က ကျဖို့ပဲရှိတယ်။”ဟု မန္တလေးမြို့မှ လှမျိုးသိမ်း(မန္တလေး)ကွမ်းပွဲရုံပိုင်ရှင် မသန္တာအေးက ပြောသည်။

ကွမ်းစားသူ အရေအတွက်မှာ ပုံမှန်သာရှိသဖြင့် ကွမ်းဈေး အတက်အကျကြောင့် ကွမ်းရွက်ဝယ်လိုအားမှာ အပြောင်းအလဲ မရှိကြောင်း ကွမ်းယာဆိုင်များထံမှ သိရသည်။

တာချီလိတ်မြို့သို့ လစဉ် ကွမ်းပိဿါချိန် (၁၀၀၀၀) နီးပါးခန့် မန္တလေးမှ တင်သွင်းလျှက်ရှိကြောင်း သိရသည်။

သတင်း။ ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~