စစ်တွေမြို့တွင် သဲ၊ကျောက်ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်းအဝယ် သိသိသာသာကျဆင်း
စစ်တွေမြို့တွင် သဲ၊ကျောက်ရောင်းဝယ်ရေးလုပ်ငန်းများ အရောင်းအဝယ် သိသိသာသာကျဆင်း
မတျ 21, 2016
By Tachileik News Agency
စစ်တွေ၊ မတ်လ (၂၁) ရက် ။   ။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျောက်၊ သဲ ရောင်းဝယ်ရေးလုပ်ငန်းများ ယခုနှစ်အတွင်း သိသိသာသာ အရောင်းအဝယ် ကျလာကြောင်း သဲ/ကျောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
သဲ/ကျောက် အရောင်းအဝယ်ကျဆင်းမှုကြောင့် အဆိုပါ လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသည့် နေ့စားအလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာနေကြောင်း သိရသည်။
အလုပ်သမားများ၏ လုပ်အားခအနေဖြင့် ကျောက်၊ သဲတစ်ကျင်းလျှင် ဘုတ်(လှေ)မှကားပေါ် တိုက်ရိုက်တင်လျှင် (၉၀၀၀) ကျပ်၊ အုတ်သဲကျောက်ပုံမှ ကားပေါ်တင်ပေးလျှင် ကျောက်၊သဲတစ်ကျင်း (၅၀၀၀) ကျပ် စီပေးရပြီး သဲ၊ ကျောက်သယ်သည့် လှေတစ်စီးလျှင် (၄၃၀၀) ကျပ် ပေးရကြောင်း သိရသည်။
စစ်တွေမြို့တွင် လေးမြို့ချောင်းနှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးဒေသများမှ ထွက်သည့်ကျောက်၊ သဲများကို ထုတ်ယူရောင်းချနေခြင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်က အဆိုပါလုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးသာရှိခဲ့ရာမှ ယခုအချိန်တွင် (၄၀)ကျော်အထိ တိုးလာကြောင်း သိရသည်။
သတင်း။  ။ RiA
*************
( unicode )
စစ်တွေ၊ မတ်လ (၂၁) ရက်။ ရခိုင်ပြည်နယ် စစ်တွမြေို့တွင် ကျောက်၊ သဲ ရောင်းဝယ်ရေးလုပ်ငန်းများ ယခုနှစ်အတွင်း သိသိသာသာ အရောင်းအဝယ် ကျလာကြောင်း သဲ/ကျောက်ရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
“ဒီနှစ် လုံးဝ အဆင်မပြေဘူး။ အရင်နှစ်ကဆိုရင် ကျောက်တွေပုံဖို့တောင်မရှိဘူး။ ဒီနှစ်ဆိုလို့ရှိရင် တစ်ရက်မှာ ဆယ်ကျင်း ထွက်ဖို့ မလွယ်ဘူး။ အခုအစိုးရ အလွှဲအပြောင်းရှိတဲ့ကိစ္စနဲ့ အလုပ်တွေက အားလုံး ရပ်ထားရတယ်လို့ ကြားတယ်။ လုပ်ရဲတဲ့လူတွေက လုပ်တယ်။ တချို့က မလုပ်ရဲကြဘူးလေ။ ဈေးအတက်အကျကို ချိန်နကြေတယ်။ ” ဟု ကုန်တန်းကျောက်ဆိပ်ကမ်းမှ သဲ/ကျောက်ရောင်းဝယ်ရေး ကိုယ်စားလှယ် ဒေါ်မလှဖြူက ပြောသည်။
သဲ/ကျောက် အရောင်းအဝယ်ကျဆင်းမှုကြောင့် အဆိုပါ လုပ်ငန်းခွင်တွင် လုပ်ကိုင်နကြေသည့် နေ့စားအလုပ်သမားများ စားဝတ်နေရေး ခက်ခဲလာနေကြောင်း သိရသည်။
“အခုကတော့ အလုပ်လုပ်နေရတာ အဆင်မပြေပါဘူး။ ဘုတ်(လှေ)တွေ ရောက်လာရင်လည်း ကားကို မတင်ရဘူးဖြစ်နေပါတယ်။ တစ်နေ့ကို လေးငါးထောင်ရတာနဲ့ ကိုယ့်အသုံးစရိတ်တောင် မကာနိုင်ဘူး။ စားရေး၊ သောက်ရေး အဆင်မပြေနိုင်ပါဘူး” ဟု အလုပ်သမား တစ်ဦးဖြစ်သည့် မောင်အောင်မျိုးထွန်းက ပြောသည်။
အလုပ်သမားများ၏ လုပ်အားခအနဖြေင့် ကျောက်၊ သဲတစ်ကျင်းလျှင် ဘုတ်(လှေ)မှကားပေါ် တိုက်ရိုက်တင်လျှင် (၉၀၀၀) ကျပ်၊ အုတ်သဲကျောက်ပုံမှ ကားပေါ်တင်ပေးလျှင် ကျောက်၊သဲတစ်ကျင်း (၅၀၀၀) ကျပ် စီပေးရပြီး သဲ၊ ကျောက်သယ်သည့် လှေတစ်စီးလျှင် (၄၃၀၀) ကျပ် ပေးရကြောင်း သိရသည်။
စစ်တွမြေို့တွင် လေးမြို့ချောင်းနှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးဒေသများမှ ထွက်သည့်ကျောက်၊ သဲများကို ထုတ်ယူရောင်းချနခြေင်းဖြစ်ပြီး ၁၉၉၆ ခုနှစ်က အဆိုပါလုပ်ငန်းလုပ်ကိုင်သူ နှစ်ဦးသာရှိခဲ့ရာမှ ယခုအချိန်တွင် (၄၀)ကျော်အထိ တိုးလာကြောင်း သိရသည်။
သတင်း။ RiA
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~