သတင္းေထာက္ ကိုပါႀကီးေသဆံုးမႈအား အမႈပိတ္သိမ္းေၾကာင္း အေၾကာင္းၾကား

သတင္းေထာက္ ကိုပါႀကီးေသဆံုးမႈအား အမႈပိတ္သိမ္းေၾကာင္း အေၾကာင္းၾကား
မတ် 26, 2016
By Tachileik News Agency

သတင္းေထာက္ ကိုပါႀကီးေသဆံုးမႈအား မွားယြင္းမႈျဖစ္သျဖင့္ အမႈပိတ္သိမ္းေၾကာင္း ကိုပါႀကီး၏ ဇနီးျဖစ္သူ ေဒၚသႏၱာထံ မြန္ျပည္နယ္ က်ိဳက္မေရာၿမိဳ႕မရဲစခန္းမွ အေၾကာင္းၾကားစာပို႔လိုက္ေၾကာင္း သိရသည္။

က်ိဳက္မေရာၿမိဳ႕မရဲစခန္းမွ စာအမွတ္၊ ၁၀၉၇(၁)/၂၁၀/ဦး ၂ ျဖင့္ အမႈအား မွားယြင္းမႈျဖင့္ ပိတ္သိမ္းၿပီးေၾကာင္း အေၾကာင္းၾကားျခင္း ေခါင္းစဥ္ျဖင့္ က်ိဳက္မေရာၿမိဳ႕မရဲစခန္း(ပ)၂၁/၂၀၁၅၊ ျပစ္မႈဆိုင္ရာဥပေဒပုဒ္မ ၃၀၂ အား ပိတ္သိမ္းေၾကာင္း မတ္လ(၂၁)ရက္ေန႔တြင္ အေၾကာင္းၾကားခဲ့ျခင္း ျဖစ္သည္။

အမႈႏွင့္ပတ္သက္၍ တရားခံ ဒုတပ္ၾကပ္ေက်ာ္ေက်ာ္ေအာင္ပါ(၂)ဦးအား ဥပေဒလုပ္ထံုးလုပ္နည္းႏွင့္အညီ စစ္ေဆးေဆာင္ရြက္ၿပီးေနာက္ ဥပေဒအၾကံျပဳခ်က္အရ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုး မြန္ျပည္နယ္ ဥပေဒခ်ဳပ္ရံုး၊ ေမာ္လၿမိဳင္ ခရိုင္ဥပေဒရံုးတို႔၏ လမ္းညႊန္အၾကံျပဳခ်က္အရ အမႈအား "မွားယြင္းမႈ"ျဖင့္ ပိတ္သိမ္းရန္ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း ေဖၚျပထားသည္။

အမႈအား ပိတ္သိမ္းရန္ေဆာင္ရြက္ရာတြင္ က်ိဳက္မေရာၿမိဳ႕မရဲစခန္း မွတ္ပံုတင္-၂၃၊ ပိတ္သိမ္း အမွတ္စဥ္(၅/၂၀၁၆)ျဖင့္ မတ္လ(၁၉)ရက္ေန႔တြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္ႏွင့္ မြန္ျပည္နယ္ရဲတပ္ဖြဲ႕မွဴးရံုး၏ ညႊန္ၾကားခ်က္ႏွင့္အညီ ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္း အေၾကာင္းၾကားစာတြင္ ပါရွိေၾကာင္း သိရသည္။

အလြတ္တန္းသတင္းေထာက္ ကိုပါႀကီးအား မြန္ျပည္နယ္ က်ဳိက္မေရာၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့သည့္ တိုက္ပြဲကာလအတြင္း စက္တင္ဘာလ(၃၀) ရက္ေန႔က ဖမ္းဆီးထားစဥ္ ေအာက္တုိဘာလ (၄) ရက္ေန႔တြင္ အေစာင့္တစ္ဦးထံမွ ေသနတ္အား လုယူရန္ႀကိဳးစားခဲ့သျဖင့္ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ရာမွ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း အမ်ဳိးသား လူ႔အခြင့္အေရးေကာ္မရွင္က ထုတ္ျပန္သည့္ အစီရင္ခံစာတြင္ ေဖၚျပခဲ့ျခင္းျဖစ္သည္။
*********************

( unicode )

သတင်းထောက် ကိုပါကြီးသေဆုံးမှုအား မှားယွင်းမှုဖြစ်သဖြင့် အမှုပိတ်သိမ်းကြောင်း ကိုပါကြီး၏ ဇနီးဖြစ်သူ ဒေါ်သန္တာထံ မွန်ပြည်နယ် ကျိုက်မရောမြို့မရဲစခန်းမှ အကြောင်းကြားစာပို့လိုက်ကြောင်း သိရသည်။

ကျိုက်မရောမြို့မရဲစခန်းမှ စာအမှတ်၊ ၁၀၉၇(၁)/၂၁၀/ဦး ၂ ဖြင့် အမှုအား မှားယွင်းမှုဖြင့် ပိတ်သိမ်းပြီးကြောင်း အကြောင်းကြားခြင်း ခေါင်းစဉ်ဖြင့် ကျိုက်မရောမြို့မရဲစခန်း(ပ)၂၁/၂၀၁၅၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အား ပိတ်သိမ်းကြောင်း မတ်လ(၂၁)ရက်နေ့တွင် အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

အမှုနှင့်ပတ်သက်၍ တရားခံ ဒုတပ်ကြပ်ကျော်ကျော်အောင်ပါ(၂)ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးဆောင်ရွက်ပြီးနောက် ဥပဒေအကြံပြုချက်အရ ပြည်ထောင်စု ရှေ့နေချုပ်ရုံး မွန်ပြည်နယ် ဥပဒေချုပ်ရုံး၊ မော်လမြိုင် ခရိုင်ဥပဒေရုံးတို့၏ လမ်းညွှန်အကြံပြုချက်အရ အမှုအား "မှားယွင်းမှု"ဖြင့် ပိတ်သိမ်းရန် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အမှုအား ပိတ်သိမ်းရန်ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့မရဲစခန်း မှတ်ပုံတင်-၂၃၊ ပိတ်သိမ်း အမှတ်စဉ်(၅/၂၀၁၆)ဖြင့် မတ်လ(၁၉)ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း အကြောင်းကြားစာတွင် ပါရှိကြောင်း သိရသည်။

အလွတ်တန်းသတင်းထောက် ကိုပါကြီးအား မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း စက်တင်ဘာလ(၃၀) ရက်နေ့က ဖမ်းဆီးထားစဉ် အောက်တိုဘာလ (၄) ရက်နေ့တွင် အစောင့်တစ်ဦးထံမှ သေနတ်အား လုယူရန်ကြိုးစားခဲ့သဖြင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသား လူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~