တရုတ်နိုင်ငံ၌ လေကို ရောင်းချ၍ အလုပ်ဖြစ်
တရုတ်နိုင်ငံ၌ လေကို ရောင်းချ၍ အလုပ်ဖြစ်
မတ် 21, 2016
By Tachileik News Agency
ကမ္ဘာလှည့်ခရီးသွားအချို့ကတော့ လေအိတ်ကို ဝယ်နေကြတာတွေ့ရပြီး တစ်အိတ်ကို (၁၀)ယွမ်ကနေ (၃၀)ယွမ်အထိ ရောင်းချနေကြတာပါ။
ဘာသာပြန်။  ။ ဇာနှင်းထိုက်
**************
( unicode )
ဘာသာပြန်၊ မတ်လ(၂၁)။ တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်က ဂွမ်ဒေါင်းရွာသားတွေဟာ အလကား ရနေတဲ့လေကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် အိတ်ထဲထည့်ပြီး ရောင်းချဖို့အတွက် လေကောင်းလေသန့် ဈေးဆိုင်တန်းကို ဖွင့်လှစ်လာကြပါတယ်။ 
အလကားရတဲ့ လေကို ဒီလိုရောင်းချလာတာက တကယ်တော့ မေးခွန်းထုတ်စရာပါ။ ဒါပေမဲ့ မြူခိုးတွေဖုံးလွှမ်းနေတတ်တဲ့ ဒေသဖြစ်တာကြောင့် လေကောင်းလေသန့် ရှားပါးလာတာကို ဖော်ပြနေတာလို့ ပြောရမှာပါ။ 
ဒီဆိုင်တန်းမှာ ရောင်းချတဲ့လေတွေက တောင်တန်းရဲ့အတွင်းပိုင်းထိသွားပြီး လေကောင်းလေသန့်တွေကို ပလတ်စတစ်အိတ်နဲ့ ထည့်ယူခဲ့တာလို့ ရွာသားတွေက ဆိုပါတယ်။
“လေကောင်းလေသန့်ကို ဝယ်ယူခြင်းဟာ ကျန်းမာတဲ့ဘဝကို ဝယ်ယူခြင်းဖြစ်ပါတယ်” ဆိုတဲ့ စာတန်းကို ဒီဈေးတန်းမှာ ချိတ်ဆွဲထားတာကိုလည်း တွေ့ရပါတယ်။
ကမ္ဘာလှည့်ခရီးသွားအချို့ကတော့ လေအိတ်ကို ဝယ်နကြေတာတွေ့ရပြီး တစ်အိတ်ကို (၁၀)ယွမ်ကနေ (၃၀)ယွမ်အထိ ရောင်းချနကြေတာပါ။
ဘာသာပြန်။ ဇာနှင်းထိုက်
Ref; CCTVNews Photo: CCTVNews 
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~