က်ဳိင္းတံုၿမိဳ႕တြင္ အာလူးေပၚခ်ိန္ျဖစ္ေသာ္လည္း ေဒသတြင္းစားသံုးမႈ မလံုေလာက္၍ ဟဲဟိုးမွ တင္သြင္း

က်ဳိင္းတံုၿမိဳ႕တြင္ အာလူးေပၚခ်ိန္ျဖစ္ေသာ္လည္း ေဒသတြင္းစားသံုးမႈ မလံုေလာက္၍ ဟဲဟိုးမွ တင္သြင္း
မတ် 11, 2016
By Tachileik News Agency

က်ိဳင္းတံု၊ မတ္လ (၁၁) ရက္ ။  ။ ေဒသတြင္းစားသံုးမႈ မလံုေလာက္သျဖင့္ ဟဲဟိုးၿမိဳ႕မွ တင္သြင္းေနရေၾကာင္း သိရသည္။

"ကြၽန္ေတာ္တို႔ၿမိဳ႕မွာက အာလူးစိုက္ကြက္နည္းလို႔ တျခားေနရာကိုေတာ့ မတင္ပို႔ပါဘူး။ က်ဳိင္းတံုၿမိဳ႕မေစ်းမွာပဲ အာလူးဒိုင္ေတြဆီ သြားသြင္းပါတယ္။ ဒီကထြက္တာေလာက္နဲ႔ မလံုေလာက္လို႔ ဟဲဟိုးကေန တင္သြင္းတယ္လို႔လည္း သိရတယ္" ဟု အာလူးစိုက္ေတာင္သူ ဦးစိုင္းလာက ဆိုသည္။

က်ဳိင္းတံုၿမိဳ႕တြင္ စိုက္ပ်ဳိးသည့္ အာလူးမ်ဳိးမ်ားမွာ တ႐ုတ္အာလူးအနီမ်ဳိးႏွင့္ ဟဲဟိုးမွ အာလူးအျဖဴမ်ဳိးမ်ားကို စိုက္ပ်ိဳးၾကေသာ္လည္း ဟဲဟိုးအာလူးအျဖဴမ်ိဳးကိုလူႀကိဳက္ပိုမ်ားေၾကာင္း သိရသည္။

"ကြၽန္ေတာ္အရင္က တ႐ုတ္ကလာတဲ့ အာလူးအနီမ်ဳိးစိုက္ပါတယ္။ အထြက္ေကာင္းေပမဲ့ ေစ်းေကာင္းမေပးဘူး။ ဒါေၾကာင့္ေစ်းေကာင္းရတဲ့ ဟဲဟိုးမ်ဳိးကို ေျပာင္းစိုက္ပါတယ္။ ေဒသနဲ႔ မကိုက္ညီလို႔ တခ်ဳိ႕စိုက္ခင္းေတြ ေရာဂါပိုးက်တာေတြရိွၿပီးေတာ့ ေစ်းေကာင္းေပးေပမဲ့လည္း အာလူးက သိပ္မထြက္ဘူး" ဟု အာလူးစိုက္သည့္ ဦးကိုလတ္က ေျပာသည္။

လက္ရိွေဒသထြက္ ဟဲဟိုးအာလူးမ်ဳိး တစ္ပိႆာလွ်င္ (၁၀၀၀) က်ပ္ရိွၿပီး တ႐ုတ္အာလူးနီမ်ားမွာ အလံုးႀကီး တစ္ပိႆာ (၇၀၀) က်ပ္ခန္႔ႏွင့္ အရြယ္အလယ္အလတ္မ်ားကို တစ္ပိႆာ (၅၀၀) က်ပ္ျဖင့္ ေရာင္းခ်လွ်က္ရိွေၾကာင္း သိရသည္။

အားလူးစိုက္ဧက တစ္ဧကလွ်င္ ခန္႔မွန္းေျခ ပိႆာခ်ိန္ ( ၁၆၀,၀၀၀ ) ခန္႔ထြက္ရိွၿပီး ေတာင္သူ တစ္ဦးလွ်င္ ဧကဝက္ခန္႔သာ စိုက္ပ်ဳိးၾကေၾကာင္း ေဒသခံ အာလူးစိုက္ေတာင္သူမ်ားထံမွ သတင္းရရိွသည္။

သတင္း။  ။ ဇင္ေအာင္

************
ကျိုင်းတုံ၊ မတ်လ (၁၁) ရက်။ ဒေသတွင်းစားသုံးမှု မလုံလောက်သဖြင့် ဟဲဟိုးမြို့မှ တင်သွင်းနေရကြောင်း
သိရသည်။

"ကျွန်တော်တို့မြို့မှာက အာလူးစိုက်ကွက်နည်းလို့ တခြားနေရာကိုတော့ မတင်ပို့ပါဘူး။ ကျိုင်းတုံမြို့မဈေးမှာပဲ အာလူးဒိုင်တွေဆီ သွားသွင်းပါတယ်။ ဒီကထွက်တာလောက်နဲ့ မလုံလောက်လို့ ဟဲဟိုးကနေ တင်သွင်းတယ်လို့လည်း သိရတယ်" ဟု အာလူးစိုက်တောင်သူ ဦးစိုင်းလာက ဆိုသည်။

ကျိုင်းတုံမြို့တွင် စိုက်ပျိုးသည့် အာလူးမျိုးများမှာ တရုတ်အာလူးအနီမျိုးနှင့် ဟဲဟိုးမှ အာလူးအဖြူမျိုးများကို စိုက်ပျိုးကြသော်လည်း ဟဲဟိုးအာလူးအဖြူမျိုးကိုလူကြိုက်ပိုများကြောင်း သိရသည်။

"ကျွန်တော်အရင်က တရုတ်ကလာတဲ့ အာလူးအနီမျိုးစိုက်ပါတယ်။ အထွက်ကောင်းပေမဲ့ ဈေးကောင်းမပေးဘူး။ ဒါကြောင့်ဈေးကောင်းရတဲ့ ဟဲဟိုးမျိုးကို ပြောင်းစိုက်ပါတယ်။ ဒေသနဲ့ မကိုက်ညီလို့ တချို့စိုက်ခင်းတွေ ရောဂါပိုးကျတာတွေရှိပြီးတော့ ဈေးကောင်းပေးပေမဲ့လည်း အာလူးက သိပ်မထွက်ဘူး" ဟု အာလူးစိုက်သည့် ဦးကိုလတ်က ပြောသည်။

လက်ရှိဒေသထွက် ဟဲဟိုးအာလူးမျိုး တစ်ပိဿါလျှင် (၁၀၀၀) ကျပ်ရှိပြီး တရုတ်အာလူးနီများမှာ အလုံးကြီး တစ်ပိဿါ (၇၀၀) ကျပ်ခန့်နှင့် အရွယ်အလယ်အလတ်များကို တစ်ပိဿါ (၅၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရသည်။

အားလူးစိုက်ဧက တစ်ဧကလျှင် ခန့်မှန်းခြေ ပိဿါချိန် ( ၁၆၀,ဝဝဝ ) ခန့်ထွက်ရှိပြီး တောင်သူ တစ်ဦးလျှင် ဧကဝက်ခန့်သာ စိုက်ပျိုးကြကြောင်း ဒေသခံ အာလူးစိုက်တောင်သူများထံမှ သတင်းရရှိသည်။

သတင်း။ #ဇင်အောင်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~