ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ခန္႔ထားေရး ANP ၏ ထုတ္ျပန္ခ်က္ကုိ ေထာက္ခံေၾကာင္း ေျမာက္ဦးတြင္ ဆႏၵေဖာ္ထုတ္

ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ခန္႔ထားေရး ANP ၏ ထုတ္ျပန္ခ်က္ကုိ ေထာက္ခံေၾကာင္း ေျမာက္ဦးတြင္ ဆႏၵေဖာ္ထုတ္
မတ် 27, 2016
By Tachileik News Agency

ေျမာက္ဦး၊ မတ္လ (၂၇) ရက္ ။   ။ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္အား ရခိုင္အမ်ိဳးသားပါတီမွ မခန္႔အပ္ပါက အစိုးရအဖြဲ႕တြင္ မပါဝင္ဘဲ အတိုက္အခံအျဖစ္ ရပ္တည္မည္ဟု ရခိုင္အမ်ိဳးသားပါတီ၏ ထုတ္ျပန္ခ်က္အား ေထာက္ခံေၾကာင္း ေျမာက္ဦးေဒသခံမ်ားက မတ္လ (၂၇)ရက္တြင္ ဆႏၵထုတ္ေဖာ္ၾကသည္။

အဆိုပါ ဆႏၵေဖာ္ထုတ္မႈကုိ ေျမာက္ဦးၿမဳိ႕နယ္ ဦးဥတၱမခန္းမတြင္ ျပဳလုပ္ခဲ့ျခင္းျဖစ္ကာ အခမ္းအနားကုိ ေဒသခံ (၂၀၀)ေက်ာ္က တက္ေရာက္ခဲ့ျခင္းျဖစ္သည္။

 “ဒီေန႔လုပ္တဲ့ လူထုေထာက္ခံပြဲဟာ ပါတီဗဟိုက ထုတ္ျပန္ထားတဲ့ ၁/၂၀၁၆နဲ႔  ၂/၂၀၁၆ ကို ေထာက္ခံေၾကာင္း လူထု စုေဝးပြဲတစ္ခု လုပ္တာပါ။ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကို ရခိုင္ပါတီက ကိုယ္စားလွယ္ေတြကို ေရြးခ်ယ္ေပးဖို႔အတြက္ ကၽြန္ေတာ္္တုိ႔ ေတာင္းဆုိပါတယ္။” ဟု ဆႏၵေဖာ္ထုတ္ပြဲ တက္ေရာက္သူ၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ေျမာက္ဦးၿမိဳ႕နယ္ ရခိုင္အမ်ိဳးသားပါတီ ဥကၠဌ ဦးထြန္းလႈိင္က ေျပာသည္။

ရခိုင္အမ်ိဳးသားပါတီ၏ အဆိုပါ ထုတ္ျပန္ခ်က္အား ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖာ္မႈတစ္ရပ္ကို စစ္ေတြၿမိဳ႕တြင္ မတ္လ (၂၃)ရက္ကလည္း ျပဳလုပ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ရခိုင္အမ်ိဳးသားပါတီက  အဆိုပါထုတ္ျပန္ခ်က္အား အမွတ္စဥ္ ၁/၂၀၁၆ ဇန္န၀ါရီ (၁၉) ရက္ေန႔စြဲျဖင့္ ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္ႏွင့္ ေနျပည္ေတာ္ရွိ ရခုိင္အမ်ဳိးသားပါတီ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္မ်ား၊ အမ်ဳိးသားလႊတ္ေတာ္ ကုိယ္စားလွယ္မ်ား ေတြ႔ဆုံမႈကုိ မတ္လ (၂၄)ရက္ေန႔က ျပဳလုပ္ခဲ့ရာ ျပည္နယ္၀န္ႀကီးခ်ဳပ္ေနရာကုိ အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွ ဦးညီပုကုိသာ ခန္႔အပ္မည္ဟု NLD ၏ ေျပာေရးဆုိခြင့္ရွိသူ ဦး၀င္းထိန္က သတင္းမီဒီယာမ်ားကုိ ေျပာၾကားထားျခင္းျဖစ္သည္။

သတင္း။  ။ RiA
**************

မြောက်ဦး၊ မတ်လ (၂၇) ရက်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အား ရခိုင်အမျိုးသားပါတီမှ မခန့်အပ်ပါက အစိုးရအဖွဲ့တွင် မပါဝင်ဘဲ အတိုက်အခံအဖြစ် ရပ်တည်မည်ဟု ရခိုင်အမျိုးသားပါတီ၏ ထုတ်ပြန်ချက်အား ထောက်ခံကြောင်း မြောက်ဦးဒေသခံများက မတ်လ (၂၇)ရက်တွင် ဆန္ဒထုတ်ဖော်ကြသည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို မြောက်ဦးမြို့နယ် ဦးဥတ္တမခန်းမတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အခမ်းအနားကို ဒေသခံ (၂၀၀)ကျော်က တက်ရောက်ခဲ့ခြင်းဖြစ်သည်။

 “ဒီနေ့လုပ်တဲ့ လူထုထောက်ခံပွဲဟာ ပါတီဗဟိုက ထုတ်ပြန်ထားတဲ့ ၁/၂၀၁၆နဲ့ ၂/၂၀၁၆ ကို ထောက်ခံကြောင်း လူထု စုဝေးပွဲတစ်ခု လုပ်တာပါ။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ရခိုင်ပါတီက ကိုယ်စားလှယ်တွေကို ရွေးချယ်ပေးဖို့အတွက် ကျွန်တော်တို့ တောင်းဆိုပါတယ်။” ဟု ဆန္ဒဖော်ထုတ်ပွဲ တက်ရောက်သူ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း မြောက်ဦးမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဦးထွန်းလှိုင်က ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ အဆိုပါ ထုတ်ပြန်ချက်အား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို စစ်တွမြေို့တွင် မတ်လ (၂၃)ရက်ကလည်း ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီက အဆိုပါထုတ်ပြန်ချက်အား အမှတ်စဉ် ၁/၂၀၁၆ ဇန်နဝါရီ (၁၉) ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နပြေည်တော်ရှိ ရခိုင်အမျိုးသားပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံမှုကို မတ်လ (၂၄)ရက်နေ့က ပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးညီပုကိုသာ ခန့်အပ်မည်ဟု NLD၏ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းထိန်က သတင်းမီဒီယာများကို ပြောကြားထားခြင်းဖြစ်သည်။

သတင်း။ RiA

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~