ဓားဒဏ္ရာ ၁၄ ခ်က္နဲ႔ ေျမျမႇဳပ္ခံလိုက္ရတဲ့ ေမြးစကေလးငယ္ အသက္ရွင္ဆဲ

ဓားဒဏ္ရာ ၁၄ ခ်က္နဲ႔ ေျမျမႇဳပ္ခံလိုက္ရတဲ့ ေမြးစကေလးငယ္ အသက္ရွင္ဆဲ
ဖေဖော်ဝါရီ 25, 2016
By Tachileik News Agency

ဘာသာျပန္၊ ေဖေဖာ္၀ါရီလ(၂၅) ။   ။ ထို္င္းႏုိင္ငံ ခြမ္းကန္ၿမိဳ႕ ဝမ္ရိုင္အုပ္စု ႏြန္းဆဝမ္ေက်းရြာမွာ ေဖေဖာ္ဝါရီလ (၂၃)ရက္က ဓားနဲ႔ထိုးသတ္ၿပီး ေျမျမႇဳပ္ခံထားရေပမဲ့ မေသေသးတဲ့ ေမြးစကေလးငယ္ကို ေဒသခံေတြက ခြမ္းကန္ေဆးရံုကို ခ်က္ခ်င္းပို႔ေပးၿပီး ကေလးကို ကယ္တင္လိုက္ႏိုင္ပါတယ္။

ကေလးငယ္ဟာ ေမြးၿပီးရက္ပိုင္းသာ ရိွဦးမယ့္ သားေယာက်္ားေလးျဖစ္ၿပီး အသားျဖဴျဖဴနဲ႔ ကိုယ္အေလးခ်ိန္က (၂,၇၅၀)ရမ္ရွိတယ္လို႔ သိရပါတယ္။ ဒီကေလးငယ္ရဲ႕ ခႏၶာကိုယ္မွာ ဓားဒဏ္ရာ (၁၄)ခ်က္ကို ေတြ႔ရတယ္လို႔ ဆရာဝန္ေတြဆီက သိရပါတယ္။

"ကေလးကို ေတြ႔တဲ့ေနရာက ယူကလစ္ျခံထဲမွာ ဆိုင္ကယ္နဲ႔ ေျခရာေတြကို ေတြ႕တယ္။ ေသြးေပေနတဲ့ တီရွပ္အကႌ်ပန္းေရာင္ ေတြ႔တယ္။ ကေလးရဲ႕လည္ပင္းမွာလည္း ပလပ္စတစ္အိတ္ နဲ႔ ရစ္ပတ္ထားတယ္။ ကေလးကို ျမႇဳပ္ထားတဲ့တြင္းက (၂၀)စင္တီမီတာေလာက္ရွိတယ္။ ကေလးရဲ႕ ရင္ဘတ္မွာလည္း ဓားဒဏ္ရာ (၁၄)ခ်က္ရိွတယ္။ ကေလးကို ရြာသားေတြေတြ႔ၿပီး အသက္ေဘးက လြတ္ေျမာက္သြားခဲ့တယ္”လို႔ ႏြန္းဆဝမ္ရြာသူႀကီးက ေျပာပါတယ္။

လက္ရွိမွာေတာ့ ကေလးကို ေအာက္စီဂ်င္နဲ႔ အသက္ရႈရေအာင္ လုပ္ေပးထားၿပီး ဝမ္းဗိုက္ကိုလည္း ခြဲစိတ္ကုသထားတာေၾကာင့္ ကေလးမွာ ႏို႔ေတာ့ စို႔လို႔မရေသးဘူးလို႔ သိရပါတယ္။

အခုလို ကေလးငယ္ကို ရက္ရက္စက္စက္လုပ္သူကို  ခြမ္းကန္ရဲတပ္ဖြဲ႔က အျမန္ဆံုး ရွာေဖြသြားမယ္လို႔ ေျပာထားပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; Ref; sanook,
Photo: tototoomtam8

****************
ဘာသာပြန်၊ ဖေဖော်ဝါရီလ(၂၅)။ ထို်င်းနိုင်ငံ ခွမ်းကန်မြို့ ဝမ်ရိုင်အုပ်စု နွန်းဆဝမ်ကျေးရွာမှာ ဖေဖော်ဝါရီလ (၂၃)ရက်က ဓားနဲ့ထိုးသတ်ပြီး မြမြှေုပ်ခံထားရပေမဲ့ မသေသေးတဲ့ မွေးစကလေးငယ်ကို ဒေသခံတွေက ခွမ်းကန်ဆေးရုံကို ချက်ချင်းပို့ပေးပြီး ကလေးကို ကယ်တင်လိုက်နိုင်ပါတယ်။

ကလေးငယ်ဟာ မွေးပြီးရက်ပိုင်းသာ ရှိဦးမယ့် သားယောကျာ်းလေးဖြစ်ပြီး အသားဖြူဖြူနဲ့ ကိုယ်အလေးချိန်က (၂,၇၅၀)ရမ်ရှိတယ်လို့ သိရပါတယ်။ ဒီကလေးငယ်ရဲ့ ခန္ဓာကိုယ်မှာ ဓားဒဏ်ရာ (၁၄)ချက်ကို တွေ့ရတယ်လို့ ဆရာဝန်တွေဆီက သိရပါတယ်။

"ကလေးကို တွေ့တဲ့နေရာက ယူကလစ်ခြံထဲမှာ ဆိုင်ကယ်နဲ့ ခြေရာတွေကို တွေ့တယ်။ သွေးပေနေတဲ့ တီရှပ်အင်္ကျီပန်းရောင် တွေ့တယ်။ ကလေးရဲ့လည်ပင်းမှာလည်း ပလပ်စတစ်အိတ် နဲ့ ရစ်ပတ်ထားတယ်။ ကလေးကို မြှုပ်ထားတဲ့တွင်းက (၂၀)စင်တီမီတာလောက်ရှိတယ်။ ကလေးရဲ့ ရင်ဘတ်မှာလည်း ဓားဒဏ်ရာ (၁၄)ချက်ရှိတယ်။ ကလေးကို ရွာသားတွေတွေ့ပြီး အသက်ဘေးက လွတ်မြောက်သွားခဲ့တယ်”လို့ နွန်းဆဝမ်ရွာသူကြီးက ပြောပါတယ်။

လက်ရှိမှာတော့ ကလေးကို အောက်စီဂျင်နဲ့ အသက်ရှုရအောင် လုပ်ပေးထားပြီး ဝမ်းဗိုက်ကိုလည်း ခွဲစိတ်ကုသထားတာကြောင့် ကလေးမှာ နို့တော့ စို့လို့မရသေးဘူးလို့ သိရပါတယ်။

အခုလို ကလေးငယ်ကို ရက်ရက်စက်စက်လုပ်သူကို ခွမ်းကန်ရဲတပ်ဖွဲ့က အမြန်ဆုံး ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; Ref; sanook,
Photo: tototoomtam8

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~