သက္ႀကီးရြယ္အိုမ်ားအား သတ္ပစ္သည့္ ဓေလ့ က်င့္သံုးေနဆဲျဖစ္တဲ့ ေဒသ အိႏၵိယႏိုင္ငံ၌ ရွိေန

သက္ႀကီးရြယ္အိုမ်ားအား သတ္ပစ္သည့္ ဓေလ့ က်င့္သံုးေနဆဲျဖစ္တဲ့ ေဒသ အိႏၵိယႏိုင္ငံ၌ ရွိေန
ဖေဖော်ဝါရီ 9, 2016
By Tachileik News Agency

လူသတ္မႈဟာ ျပစ္မႈေျမာက္တယ္လို႔ သတ္မွတ္ထားတဲ့ အိႏိၵယနိုင္ငံမွာ သက္ႀကီးရြယ္အိုေတြကို သတ္ပစ္တဲ့ဓေလ့ ရိွေနတယ္ဆိုတာဟာ အင္မတန္မွ အထိတ္တလန္႔ျဖစ္စရာပါ။

အဲဒီေဒသမွာေတာ့ သက္ႀကီးရြယ္အိုေတြကို သတ္ပစ္ျခင္းဟာ အစဥ္အလာတစ္ခုလို လက္ခံထားၾကၿပီး တခ်ိဳ႕ေသာ သက္ႀကီးရြယ္အို မိဘေတြကလည္း သားသမီးေတြ စိတ္ေပ်ာ္ရႊင္ေအာင္ဆိုၿပီး ေက်ေက်နပ္နပ္ အသတ္ခံၾကပါတယ္လို႔ ဆိုပါတယ္။

ဒီလိုျဖစ္ရတာဟာ သက္ႀကီးရြယ္အိုေတြအတြက္ အသံုးစရိတ္နဲ႔ မိသားစုေတြရဲ႕ လုပ္အားကိုလည္း သက္သာေစတယ္လို႔ လက္ခံထားၾကၿပီး၊ သက္ႀကီးရြယ္အိုကို သတ္တဲ့ ဓေလ့ထံုးစံဟာ အိႏိၵယနိုင္ငံ ေတာင္ပိုင္းအဆံုး တမီးလ္နာဒူးၿမိဳ႕ရဲ႕ ဓေလ့ထံုးစံ အေလ့အက်င့္ ျဖစ္ေနပါတယ္။

ဒီမွာ ဆင္းရဲတဲ့ မိသားစုေတြမ်ားၿပီးေတာ့ ေငြေၾကးအင္အားလည္း မရိွသလို အသက္ႀကီးသူကို ၾကည့္ရႈေစာင့္ေရွာက္မယ့္ လူအင္အားလည္း မေလာက္တာေၾကာင့္ သက္ႀကီးရြယ္အိုေတြကို သတ္တဲ့နည္းလမ္းကို ရွာၾကတာလို႔ ဆိုပါတယ္။

သတ္နည္းကေတာ့မ်ိဳးစံုရွိၿပီး ဘိုးဘြားေတြကို အစာအဆိပ္သင့္ေအာင္လုပ္တာ၊ အသက္ရွဴလမ္းေၾကာင္း ပိတ္ေစတာစတဲ့ နည္းမ်ိဳးစံုကို သုံးေလ့ရိွၾကတယ္လို႔ သိရပါတယ္။

ထံုးစံအရ လုပ္တာဆိုေပမဲ့ ဘယ္လိုမ်ား သတ္ရဲသလဲ ဆိုတာကို ရြာသူရြာသားေတြကို ေမးၾကည့္တဲ့ အခါမွာေတာ့ “လူေတြကို တမင္တကာသတ္တာ မဟုတ္ပါဘူး။ အဲဒီဘိုးဘြားေတြဟာ သက္တမ္း သိပ္မက်န္ေတာ့ဘူး။ ဘာျဖစ္လို႔ သူတို႔ကိုဆင္းရဲတဲ့ဘဝမွာ ခံစားခိုင္းေနေတာ့မွာလဲ” လို႔ ေျပာၾကပါတယ္။

ရိုင္းစိုင္းၿပီး ရက္စက္တဲ့ ဓေလ့ကို က်င့္သံုးေနတဲ့ ဒီေဒသမွာ လယ္သမားနွင့္ ေရႊ႕ေျပာင္းလုပ္သားေတြသာ အမ်ားစုျဖစ္တာေၾကာင့္ ဘိုးဘြားေတြကိုေစာင့္ေရွာက္ဖို႔ ပိုက္ဆံနွင့္ အခ်ိန္မရွိဘူးဆိုတာကို သူတိို႔ အၿမဲေျပာၾကပါတယ္။

ဘယ္လိုပဲျဖစ္ျဖစ္ သက္ႀကီးရြယ္အိုတိုင္းကေတာ့ အသတ္ခံရတာကို မလိုလားပါဘူး။ ၂၀၁၀ ခုနွစ္တုန္းကဆို အသက္(၈၀)အရြယ္ လူအိုတစ္ေယာက္ကို မိသားစုေတြက သတ္ဖို႔ၾကံစည္ ေဆြးေႏြးေနတာကို မေတာ္တဆၾကားမိတဲ့အတြက္ အိမ္ကေနထြက္ေျပးၿပီး အနီးနားၿမိဳ႕ရြာေတြမွာ ေအာ္ၿပီး အကူအညီေတာင္းေနခဲ့ရပါတယ္။

ဒါေၾကာင့္လည္း ရဲတပ္ဖြဲ႕က ဒီအေၾကာင္းကို စစ္ေဆးရာကေန ဒီေဒသက ႏွစ္စဥ္ေပ်ာက္ကြယ္သြားေနတဲ့ သက္ႀကီးရြယ္အို ရာဂဏန္းေက်ာ္ေနတဲ့ အေၾကာင္းကို ရဲတပ္ဖြဲ႕က သိလာရတယ္လို႔ DailyMailက ေရးသားေဖာ္ျပထားပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; Shutterstock, daily mail
*******************

( unicode )

လူသတ်မှုဟာ ပြစ်မှုမြောက်တယ်လို့ သတ်မှတ်ထားတဲ့ အိနိ္ဒယနိုင်ငံမှာ သက်ကြီးရွယ်အိုတွေကို သတ်ပစ်တဲ့ဓလေ့ ရှိနေတယ်ဆိုတာဟာ အင်မတန်မှ အထိတ်တလန့်ဖြစ်စရာပါ။

အဲဒီဒေသမှာတော့ သက်ကြီးရွယ်အိုတွေကို သတ်ပစ်ခြင်းဟာ အစဉ်အလာတစ်ခုလို လက်ခံထားကြပြီး တချို့သော သက်ကြီးရွယ်အို မိဘတွေကလည်း သားသမီးတွေ စိတ်ပျော်ရွှင်အောင်ဆိုပြီး ကျေကျေနပ်နပ် အသတ်ခံကြပါတယ်လို့ ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ သက်ကြီးရွယ်အိုတွေအတွက် အသုံးစရိတ်နဲ့ မိသားစုတွေရဲ့ လုပ်အားကိုလည်း သက်သာစေတယ်လို့ လက်ခံထားကြပြီး၊ သက်ကြီးရွယ်အိုကို သတ်တဲ့ ဓလေ့ထုံးစံဟာ အိနိ္ဒယနိုင်ငံ တောင်ပိုင်းအဆုံး တမီးလ်နာဒူးမြို့ရဲ့ ဓလေ့ထုံးစံ အလေ့အကျင့် ဖြစ်နေပါတယ်။

ဒီမှာ ဆင်းရဲတဲ့ မိသားစုတွေများပြီးတော့ ငွေကြေးအင်အားလည်း မရှိသလို အသက်ကြီးသူကို ကြည့်ရှုစောင့်ရှောက်မယ့် လူအင်အားလည်း မလောက်တာကြောင့် သက်ကြီးရွယ်အိုတွေကို သတ်တဲ့နည်းလမ်းကို ရှာကြတာလို့ ဆိုပါတယ်။

သတ်နည်းကတော့မျိုးစုံရှိပြီး ဘိုးဘွားတွေကို အစာအဆိပ်သင့်အောင်လုပ်တာ၊ အသက်ရှူလမ်းကြောင်း ပိတ်စေတာစတဲ့ နည်းမျိုးစုံကို သုံးလေ့ရှိကြတယ်လို့ သိရပါတယ်။

ထုံးစံအရ လုပ်တာဆိုပေမဲ့ ဘယ်လိုများ သတ်ရဲသလဲ ဆိုတာကို ရွာသူရွာသားတွေကို မေးကြည့်တဲ့ အခါမှာတော့ “လူတွေကို တမင်တကာသတ်တာ မဟုတ်ပါဘူး။ အဲဒီဘိုးဘွားတွေဟာ သက်တမ်း သိပ်မကျန်တော့ဘူး။ ဘာဖြစ်လို့ သူတို့ကိုဆင်းရဲတဲ့ဘဝမှာ ခံစားခိုင်းနေတော့မှာလဲ” လို့ ပြောကြပါတယ်။

ရိုင်းစိုင်းပြီး ရက်စက်တဲ့ ဓလေ့ကို ကျင့်သုံးနေတဲ့ ဒီဒေသမှာ လယ်သမားနှင့် ရွှေ့ပြောင်းလုပ်သားတွေသာ အများစုဖြစ်တာကြောင့် ဘိုးဘွားတွေကိုစောင့်ရှောက်ဖို့ ပိုက်ဆံနှင့် အချိန်မရှိဘူးဆိုတာကို သူတို့ အမြဲပြောကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သက်ကြီးရွယ်အိုတိုင်းကတော့ အသတ်ခံရတာကို မလိုလားပါဘူး။ ၂၀၁၀ ခုနှစ်တုန်းကဆို အသက်(၈၀)အရွယ် လူအိုတစ်ယောက်ကို မိသားစုတွေက သတ်ဖို့ကြံစည် ဆွေးနွေးနေတာကို မတော်တဆကြားမိတဲ့အတွက် အိမ်ကနေထွက်ပြေးပြီး အနီးနားမြို့ရွာတွေမှာ အော်ပြီး အကူအညီတောင်းနေခဲ့ရပါတယ်။

ဒါကြောင့်လည်း ရဲတပ်ဖွဲ့က ဒီအကြောင်းကို စစ်ဆေးရာကနေ ဒီဒေသက နှစ်စဉ်ပျောက်ကွယ်သွားနေတဲ့ သက်ကြီးရွယ်အို ရာဂဏန်းကျော်နေတဲ့ အကြောင်းကို ရဲတပ်ဖွဲ့က သိလာရတယ်လို့ DailyMailက ရေးသားဖော်ပြထားပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; Shutterstock, daily mail

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~