အစာ မစားႏိုင္ေအာင္ ဗိုက္နာေနတဲ့ ကေလးကို ခြဲစိတ္ကုသရာမွ ဆံပင္မ်ားေတြ႕

အစာ မစားႏိုင္ေအာင္ ဗိုက္နာေနတဲ့ ကေလးကို ခြဲစိတ္ကုသရာမွ ဆံပင္မ်ားေတြ႕
ဖေဖော်ဝါရီ 1, 2016
By Tachileik News Agency

ေရမေသာက္ႏို္င္ေအာင္ ဗိုက္နာေနတဲ့ အသက္ (၁၁) ႏွစ္အရြယ္ မိန္းကေလး တစ္ေယာက္ကို ကာဇက္စတန္ႏိုင္ငံ တားလပ္ေဆးရံုက ဆရာဝန္ေတြက ခြဲစိတ္ကုသၿပီး ဗိုက္ထဲက ဆံပင္ေတြကို ဖယ္ရွား လိုက္ရပါတယ္။

ဆရာဝန္ေတြက ခြဲစိတ္လိုက္တဲ့ အခါ လူနာရဲ႕ အစာအိမ္ထဲမွာ (၁၇)စင္တီမီတာ အရွည္ရိွၿပီး (၃၅)စင္တီမီတာေလာက္က အူမထဲထိ ေရာက္ေနတဲ့ အေလးခ်ိန္ စုစုေပါင္း တစ္ကီလိုေလာက္ရိွတဲ့ ဆံပင္ေတြကို ေတြ႔လိုက္ရတဲ့အခါမွာ ဆရာဝန္ေတြ ထိတ္လန္႔သြားခဲ့တယ္လို႔ သိရပါတယ္။

"ကၽြန္ေတာ္တို႔ သမီးဟာ ဆံပင္အရမ္းရွည္ပါတယ္။ သမီးအၿမဲတမ္း ဆံပင္ဝါးဝါးေနတာေတာ့ ေတြ႔ပါတယ္။ ဒါေပမဲ့ ကေလးမ်ိဳခ်မယ္လို႔ မထင္မိပါဘူး။ ၿပီးေတာ့ ဒီေလာက္အႏၲရာယ္ရွိမယ္လို႔ မထင္ပါဘူး"လို႔ ကေလးမိဘေတြက ေျပာပါတယ္။

ဆရာဝန္ရဲ႕ေတြ႔ရွိခ်က္ အရေတာ့ ဒီသမီးငယ္ေလးဟာ Rapunzel Syndrome ဆိုတဲ့ မူမမွန္တဲ့ေရာဂါ အမ်ိဳးအစားထဲ ပါဝင္တာျဖစ္ၿပီး ဒီလိုအေျခေနမ်ဳိးဟာ ေတြ႔ရခဲတယ္လို႔ ဆိုပါတယ္။ ဒီေရာဂါျဖစ္ရင္ လူနာဟာ ကိုယ့္ဆံပင္ကို ျပန္စားေလ့ရွိၿပီး အူပိတ္ဆို႔မႈ ျဖစ္ေစပါတယ္။ ဆံပင္ေတြကို ခြဲစိတ္ကုသၿပီး ထုတ္ပစ္ခဲ့ၿပီးတဲ့ေနာက္မွာ ကေလးဟာ ပံုမွန္အတိုင္း အစားအစာေတြကို ျပန္စားႏုိင္မွာျဖစ္ပါတယ္။

ဘာသာျပန္။ ။ နန္းေမာက္ကြမ္
Ref;  usay.gr

---------------------

( unicode )

ရေမသောက်နို်င်အောင် ဗိုက်နာနေတဲ့ အသက် (၁၁) နှစ်အရွယ် မိန်းကလေး တစ်ယောက်ကို ကာဇက်စတန်နိုင်ငံ တားလပ်ဆေးရုံက ဆရာဝန်တွေက ခွဲစိတ်ကုသပြီး ဗိုက်ထဲက ဆံပင်တွေကို ဖယ်ရှား လိုက်ရပါတယ်။

 ဆရာဝန်တွေက ခွဲစိတ်လိုက်တဲ့ အခါ လူနာရဲ့ အစာအိမ်ထဲမှာ (၁၇)စင်တီမီတာ အရှည်ရှိပြီး (၃၅)စင်တီမီတာလောက်က အူမထဲထိ ရောက်နေတဲ့ အလေးချိန် စုစုပေါင်း တစ်ကီလိုလောက်ရှိတဲ့ ဆံပင်တွေကို တွေ့လိုက်ရတဲ့အခါမှာ ဆရာဝန်တွေ ထိတ်လန့်သွားခဲ့တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ သမီးဟာ ဆံပင်အရမ်းရှည်ပါတယ်။ သမီးအမြဲတမ်း ဆံပင်ဝါးဝါးနေတာတော့ တွေ့ပါတယ်။ ဒါပေမဲ့ ကလေးမျိုချမယ်လို့ မထင်မိပါဘူး။ ပြီးတော့ ဒီလောက်အန္တရာယ်ရှိမယ်လို့ မထင်ပါဘူး"လို့ ကလေးမိဘတွေက ပြောပါတယ်။

ဆရာဝန်ရဲ့တွေ့ရှိချက် အရတော့ ဒီသမီးငယ်လေးဟာ Rapunzel Syndrome ဆိုတဲ့ မူမမှန်တဲ့ရောဂါ အမျိုးအစားထဲ ပါဝင်တာဖြစ်ပြီး ဒီလိုအခြေနေမျိုးဟာ တွေ့ရခဲတယ်လို့ ဆိုပါတယ်။ ဒီရောဂါဖြစ်ရင် လူနာဟာ ကိုယ့်ဆံပင်ကို ပြန်စားလေ့ရှိပြီး အူပိတ်ဆို့မှု ဖြစ်စေပါတယ်။ ဆံပင်တွေကို ခွဲစိတ်ကုသပြီး ထုတ်ပစ်ခဲ့ပြီးတဲ့နောက်မှာ ကလေးဟာ ပုံမှန်အတိုင်း အစားအစာတွေကို ပြန်စားနိုင်မှာဖြစ်ပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~