တာခ်ီလိတ္၌ ဆယ္အိမ္မွဴး တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ

တာခ်ီလိတ္၌ ဆယ္အိမ္မွဴး တစ္ဦး ေသနတ္ျဖင့္ ပစ္သတ္ခံရ
ဇန်နဝါရီ 15, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္ ေတာ္ေကာ့တြင္းရွိ ရာအိမ္မွဴးရံုး၌ ျပဳလုပ္သည့္ အစည္းအေ၀းမွ ျပန္လာေသာ ဆယ္အိမ္မွဴးတစ္ဦး လမ္းတြင္ ေသနတ္ျဖင့္ ပစ္သတ္ခံရမႈ ဇန္န၀ါရီလ(၁၄)ရက္ ညပိုင္းက ျဖစ္ပြားေၾကာင္း သိရသည္။

စည္ပင္အိမ္အခြန္ေကာက္ခံသည့္ ကိစၥႏွင့္ ပတ္သက္၍ ေဆြးေႏြးအၿပီး ည(၉)နာရီအခ်ိန္တြင္ ရံုးခန္းမ်ား ပိတ္၍ အိမ္ျပန္သြားၿပီး မိနစ္ (၃၀)ခန္႔အၾကာတြင္ ဆယ္အိမ္မွဴး ဦးစိုင္းေက်ာက္မွာ ေသြးအိုင္ထဲတြင္ လဲက်ေနေၾကာင္း ရာအိမ္မႈးႏွင့္အဖြဲ႕ထံ သတင္းေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

ဦးစိုင္းက်န္က ၎၏ အိမ္ေရွ႕တြင္ လူတစ္ဦးေသြးအိုင္ထဲ လဲေနေၾကာင္း ရာအိမ္မွဴး ဦးအိုက္ေက်ာ္ႏွင့္ အဖြဲ႔အား သြားေရာက္အသိေပးသျဖင့္ ရာအိမ္မွဴးႏွင့္အဖြဲ႔သည္ ေသဆံုးသူအား ၾကည့္ရႈစစ္ေဆးရာမွ ဆယ္အိမ္မွဴး ဦးစိုင္းေက်ာက္ ျဖစ္ေနေၾကာင္း သိရသည္ဟု ဆိုသည္။

"အိမ္ေရွ႕မွာ အမည္မသိ လူတစ္ဦး ေသြးအိုင္ထဲ လဲေနတာကို ေတြ႔လို႔ ရာအိမ္မွဴးကို အေၾကာင္းၾကား လိုက္တာကေန သတ္ခံရတဲ့လူဟာ ဆယ္အိမ္မွဴးျဖစ္ေနမွန္း သိရတာလို႔ သိရတယ္ဗ်၊ လြယ္အိတ္ထဲမွာလည္း စည္ပင္အခြန္ ေကာက္ထားတ့ဲ ေငြေတြလည္း ပါတယ္လို႔ ေျပာတယ္။ ေသနတ္သံေတာ့ မၾကားလိုက္မိဘူး.."ဟု ေတာ္ေကာ့တြင္းေန အမ်ဳိးသား တစ္ဦးက ေျပာသည္။

အသက္(၃၁)ႏွစ္အရြယ္ ဆယ္အိမ္မႈး ဦးစိုင္းေက်ာက္သည္ ၀ဲနားထင္ေဖာက္၀င္ ဒဏ္ရာ (၁)ခ်က္၊ ယာခ်ဳိေစာင္း ေဖာက္ထြက္ ဒဏ္ရာ (၁)ခ်က္၊ နဖူးတြင္ (၁)လက္မခန္႔ ေပါက္ၿပဲဒဏ္ရာ (၁)ခ်က္တို႔ ရရွိထားၿပီး ေသြးအိုင္ထဲတြင္ လဲက်ေသဆံုးေနျခင္း ျဖစ္ေၾကာင္း ရဲစခန္း၏ မွတ္တမ္းမ်ားအရ သိရသည္။

ေသဆံုးသူ၏ လြယ္အိတ္အတြင္း၌ စည္ပင္အခြန္အျဖစ္ ေကာက္ခံရရွိထားသည့္ ထိုင္းဘတ္ေငြ (၁၂,၄၉၀)ဘတ္ ႏွင့္ ျမန္မာ က်ပ္ေငြ(၅၂၈,၃၀၀)က်ပ္တို႔အား ေတြ႕ရွိရၿပီး အနီးတြင္ က်ည္ဆံအခြန္ကိုလည္း ေတြ႕ရွိရေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၇/၂၀၁၆ ျပစ္မႈ ပုဒ္မ ၃၀၂ျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

ယခုအမႈ အပါ၀င္ ဇန္န၀ါရီလ (၂)ပတ္အတြင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ျပစ္မႈေပါင္းစံု (၁၇)မႈ အမႈဖြင့္လွစ္ ထားရွိေၾကာင္း သိရသည္။

**************

( unicode )

တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် တော်ကော့တွင်းရှိ ရာအိမ်မှူးရုံး၌ ပြုလုပ်သည့် အစည်းအေဝးမှ ပြန်လာသော ဆယ်အိမ်မှူးတစ်ဦး လမ်းတွင် သေနတ်ဖြင့် ပစ်သတ်ခံရမှု ဇန်နဝါရီလ(၁၄)ရက် ညပိုင်းက ဖြစ်ပွားကြောင်း သိရသည်။

စည်ပင်အိမ်အခွန်ကောက်ခံသည့် ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးအပြီး ည(၉)နာရီအချိန်တွင် ရုံးခန်းများ ပိတ်၍ အိမ်ပြန်သွားပြီး မိနစ် (၃၀)ခန့်အကြာတွင် ဆယ်အိမ်မှူး ဦးစိုင်းကျောက်မှာ သွေးအိုင်ထဲတွင် လဲကျနေကြောင်း ရာအိမ်မှုးနှင့်အဖွဲ့ထံ သတင်းရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ဦးစိုင်းကျန်က၎င်း၏ အိမ်ရှေ့တွင် လူတစ်ဦးသွေးအိုင်ထဲ လဲနေကြောင်း ရာအိမ်မှူး ဦးအိုက်ကျော်နှင့် အဖွဲ့အား သွားရောက်အသိပေးသဖြင့် ရာအိမ်မှူးနှင့်အဖွဲ့သည် သေဆုံးသူအား ကြည့်ရှုစစ်ဆေးရာမှ ဆယ်အိမ်မှူး ဦးစိုင်းကျောက် ဖြစ်နေကြောင်း သိရသည်ဟု ဆိုသည်။

"အိမ်ရှေ့မှာ အမည်မသိ လူတစ်ဦး သွေးအိုင်ထဲ လဲနေတာကို တွေ့လို့ ရာအိမ်မှူးကို အကြောင်းကြား လိုက်တာကနေ သတ်ခံရတဲ့လူဟာ ဆယ်အိမ်မှူးဖြစ်နေမှန်း သိရတာလို့ သိရတယ်ဗျ၊ လွယ်အိတ်ထဲမှာလည်း စည်ပင်အခွန် ကောက်ထားတဲ့ ငွေတွေလည်း ပါတယ်လို့ ပြောတယ်။ သေနတ်သံတော့ မကြားလိုက်မိဘူး.."ဟု တော်ကော့တွင်းနေ အမျိုးသား တစ်ဦးက ပြောသည်။

အသက်(၃၁)နှစ်အရွယ် ဆယ်အိမ်မှုး ဦးစိုင်းကျောက်သည် ဝဲနားထင်ဖောက်ဝင် ဒဏ်ရာ (၁)ချက်၊ ယာဂျိုဇောင်း ဖောက်ထွက် ဒဏ်ရာ (၁)ချက်၊ နဖူးတွင် (၁)လက်မခန့် ပေါက်ပြဲဒဏ်ရာ (၁)ချက်တို့ ရရှိထားပြီး သွေးအိုင်ထဲတွင် လဲကျသေဆုံးနခြေင်း ဖြစ်ကြောင်း ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

သေဆုံးသူ၏ လွယ်အိတ်အတွင်း၌ စည်ပင်အခွန်အဖြစ် ကောက်ခံရရှိထားသည့် ထိုင်းဘတ်ငွေ (၁၂,၄၉၀)ဘတ် နှင့် မြန်မာ ကျပ်ငွေ(၅၂၈,၃၀၀)ကျပ်တို့အား တွေ့ရှိရပြီး အနီးတွင် ကျည်ဆံအခွန်ကိုလည်း တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၇/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်နေကြောင်း သိရသည်။

ယခုအမှု အပါဝင် ဇန်နဝါရီလ (၂)ပတ်အတွင်း တာချီလိတ်မြို့မရဲစခန်းတွင် ပြစ်မှုပေါင်းစုံ (၁၇)မှု အမှုဖွင့်လှစ် ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~