ထိုင်းနိုင်ငံတွင် ဆရာဝန်များ၏ ထမင်းစားချိန်ကို စောင့်ရင်း လူနာကလေးငယ် သေဆုံးရမှုကြောင့် ဝေဖန်မှုများထွက်ပေါ်
ထိုင်းနိုင်ငံတွင် ဆရာဝန်များ၏ ထမင်းစားချိန်ကို စောင့်ရင်း လူနာကလေးငယ် သေဆုံးရမှုကြောင့် ဝေဖန်မှုများထွက်ပေါ်
ဇနျနဝါရီ 7, 2016
By Tachileik News Agency
ထိုင်းနိုင်ငံ၏ ဆင်ခြေဖုံးမြို့လေးတစ်မြို့တွင် ဆရာဝန်များ အလေးမထားခဲ့သည့် အတွက် အသက် ဆုံးရှုံးသွားသည့် ကလေးငယ်တစ်ဦး၏ ဖြစ်စဉ်နှင့် ပတ်သက်၍ လတ်တလော ထိုင်းနိုင်ငံ၏ လူမှုဆိုရှယ် နက်ဝေါ့များပေါ်တွင် ဝေဖန်ထောက်ပြမှုများ ပျံ့နှံ့နေသည်ကို တွေ့ရသည်။
ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်သူများ၏ ထမင်းစားချိန်ဖြစ်နေသည့်အတွက် ကလေးကို ကုသဆောင်ပို့ရန် ထိုင်စောင့်ရင်း ကလေးငယ်မှာ ဆရာဝန်များ၏ ကုသမှုကို မခံလိုက်ရဘဲ သေဆုံးသွားခဲ့ရ သဖြင့် ဆရာဝန်များနှင့် ကျန်းမာရေး စောင့်ရှောက်သူများအား ဝေဖန်ပြောဆိုနေကြခြင်း ဖြစ်သည်။
ဘာသာပြန်။  ။ နန်းမောက်ကွမ်
Ref; จันทร์จ้าว เคลือบคนโท
*****************
( unicode )
ထိုင်းနိုင်ငံ၏ ဆင်ခြေဖုံးမြို့လေးတစ်မြို့တွင် ဆရာဝန်များ အလေးမထားခဲ့သည့် အတွက် အသက်ဆုံးရှုံးသွားသည့် ကလေးငယ်တစ်ဦး၏ ဖြစ်စဉ်နှင့် ပတ်သက်၍ လတ်တလော ထိုင်းနိုင်ငံ၏ လူမှုဆိုရှယ်နကေ်ဝါ့များပေါ်တွင်ေဝဖန်ထောက်ပြမှုများ ပျံ့နှံ့နေသည်ကို တွေ့ရသည်။
"ထမင်းစားချိန်မှာ အားလုံးက တစ်ချိန်ထဲ နားကြတာလား။ ကလေးရဲ့ ကျန်းမာရေး အခြေအနေက စိုးရိမ်ရလား မစိုးရိမ်ရ ဘူးလားဆိုတာကို သေချာ မသိဘူးလား။ ကလေးမိဘတွေက ဆင်းရဲ ချို့တဲ့နေလို့လား။ ငွေကြေး မပေးနိုင်လို့ အလေးမထားတာလား.."ဟု အွန်လိုင်းတွင်ေဝဖန်ရေးသားမှုများ ပျံ့နှံ့နခြေင်းဖြစ်သည်။
အဆိုပါ ကလေးငယ်မှာ ကိုယ်ပူနေသည့် အတွက် မိခင်ဖြစ်သူက ဆရာဝန်ထံ သွားပြသည့် အချိန်တွင် ကလေးမှာ လုံးဝမငိုဘဲ အသံတိုးတိုးလေးဖြင့်သာ ညည်းနေခဲ့သည် ဟုဆိုသည်။
ကလေးငယ်မှာ အစာအိမ်တွင် ရောဂါပိုး ကူးစက်ခံနေရခြင်းဖြစ်သဖြင့် ဆေးရုံတင်ရန် ဆရာဝန်က ညွှန်ကြားသည်ကို ကလေးမိခင်ကလည်း သဘောတူခဲ့သည်ဟု သိရသည်။
သို့သော် အဆိုပါ ကလေးအား ဆေးရုံသွားပြသည့် အချိန်သည် နေ့လယ်ထမင်းစားချိန် ဖြစ်နေသဖြင့် ကလေးအား ကုသဆောင်သို့ပို့ရန် ဆရာဝန်များ၏ ထမင်းစားပြီးချိန် အချိန်တစ်နာရီကျော်သည်အထိ စောင့်နေခဲ့ရသည်ဟု ဆိုသည်။
ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးစောင့်ရှောက်သူများ၏ ထမင်းစားချိန်ဖြစ်နေသည့်အတွက် ကလေးကို ကုသဆောင်ပို့ရန် ထိုင်စောင့်ရင်း ကလေးငယ်မှာ ဆရာဝန်များ၏ ကုသမှုကို မခံလိုက်ရဘဲ သေဆုံးသွားခဲ့ရ သဖြင့် ဆရာဝန်များနှင့် ကျန်းမာရေး စောင့်ရှောက်သူများအားေဝဖန်ပြောဆိုနကြခြေင်း ဖြစ်သည်။
ဘာသာပြန်။ နန်းမောက်ကွမ်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~