သမီးျဖစ္သူကို ဆယ္စုႏွစ္ ႏွစ္ခုၾကာ မုဒိန္းက်င့္ခဲ့သည့္ ဖခင္တစ္ဦးအား ဖမ္းဆီးအေရးယူ

သမီးျဖစ္သူကို ဆယ္စုႏွစ္ ႏွစ္ခုၾကာ မုဒိန္းက်င့္ခဲ့သည့္ ဖခင္တစ္ဦးအား ဖမ္းဆီးအေရးယူ
ဇန်နဝါရီ 10, 2016
By Tachileik News Agency

သမီးျဖစ္သူကို ဆယ္စုႏွစ္ႏွစ္ခုၾကာ မုဒိန္းက်င့္ခဲ့သည့္ ဖခင္တစ္ဦးကို အာဂ်င္တီးနားမွ တာဝန္ရိွရဲမ်ားက ဖမ္းဆီးအေရးယူ လိုက္ပါတယ္။

အသက္(၃၁)နွစ္အရြယ္ သားသမီး (၇)ေယာက္ရိွတဲ့ အမ်ိဳးသမီးတစ္ဦးက ကေလးတစ္ဦး ထပ္ရိွလာတဲ့ အတြက္ ဆရာဝန္သြားျပရာမွာ ဆရာဝန္က ေမးျမန္းရာကေန ကေလးရဲ႕အေဖဟာ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီးရဲ႕ ဖခင္အရင္းျဖစ္ေနတာကို သိလိုက္ရတဲ့အတြက္ ရဲစခန္းကို တိုင္ၾကားခဲ့တာျဖစ္ပါတယ္။

အသက္ ၅၆ ႏွစ္အရြယ္ ဖခင္ျဖစ္သူက သမီးျဖစ္သူအသက္ (၉)ႏွစ္အရြယ္ကတည္းက အခုအခ်ိန္ထိ မုဒိန္းက်င့္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

သူ႔ရဲ႕ေမြးမိခင္ ေသဆံုးသြားၿပီးတဲ့ေနာက္မွာ သူ႔ကို အေမအစား ဇနီးအသစ္အျဖစ္ တာဝန္ယူရမယ္လို႔ သူ႔အေဖက ေျပာခဲ့တာလို႔ သိရပါတယ္။

"ကၽြန္မကို အေဖက (၉)နွစ္အရြယ္ကတည္းက မုဒိန္းက်င့္ၿပီး အိမ္နီးနားခ်င္းနဲ႔ စကားေျပာတာေတြ႔ရင္လည္း ရိုက္ပါတယ္။ ဒီအေၾကာင္း သူမ်ားကိုသြားေျပာျပရင္ သတ္ပစ္မယ္လို႔ ၿခိမ္းေျခာက္ပါတယ္။ ကၽြန္မ ဘဝဟာ တစ္သက္လံုး ေၾကာက္ရြံ႕ျခင္းေတြနဲ႔ ေနခဲ့ရတာပါ။ သူ႔ကို ေထာင္ထဲေရာက္ေအာင္ အေရးယူ ေပးေစခ်င္ပါတယ္။ တရားမွ်တမႈကို လိုလားပါတယ္.."လို႔ အသက္(၃၁)နွစ္အရြယ္ အမ်ိဳးသမီးက ေဒသခံ သတင္းေထာက္ကို ေျပာပါတယ္။

အသက္(၅၆)နွစ္အရြယ္ တရားခံဟာ ထြက္ေျပးေနတာေၾကာင့္ ရဲတပ္ဖြဲ႕က သူ႔ကိုဖမ္းဆီးဖို႔ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလကတည္းက ဝရမ္းထုတ္ထားခဲ့ေပမဲ့ ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၇ ရက္ေန႔မွ ဖမ္းဆီးရမိၿပီး ဥပေဒအရ အေရးယူႏိုင္ေအာင္ ေဆာင္ရြက္ေနတာျဖစ္ပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref; khaosod, independent
**************************

( unicode )

သမီးဖြစ်သူကို ဆယ်စုနှစ်နှစ်ခုကြာ မုဒိန်းကျင့်ခဲ့သည့် ဖခင်တစ်ဦးကို အာဂျင်တီးနားမှ တာဝန်ရှိရဲများက ဖမ်းဆီးအရေးယူ လိုက်ပါတယ်။

အသက်(၃၁)နှစ်အရွယ် သားသမီး (၇)ယောက်ရှိတဲ့ အမျိုးသမီးတစ်ဦးက ကလေးတစ်ဦး ထပ်ရှိလာတဲ့ အတွက် ဆရာဝန်သွားပြရာမှာ ဆရာဝန်က မေးမြန်းရာကနေ ကလေးရဲ့အဖေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ဖခင်အရင်းဖြစ်နေတာကို သိလိုက်ရတဲ့အတွက် ရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။

အသက် ၅၆ နှစ်အရွယ် ဖခင်ဖြစ်သူက သမီးဖြစ်သူအသက် (၉)နှစ်အရွယ်ကတည်းက အခုအချိန်ထိ မုဒိန်းကျင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့မွေးမိခင် သေဆုံးသွားပြီးတဲ့နောက်မှာ သူ့ကို အမေအစား ဇနီးအသစ်အဖြစ် တာဝန်ယူရမယ်လို့ သူ့အဖေက ပြောခဲ့တာလို့ သိရပါတယ်။

"ကျွန်မကို အဖေက (၉)နှစ်အရွယ်ကတည်းက မုဒိန်းကျင့်ပြီး အိမ်နီးနားချင်းနဲ့ စကားပြောတာတွေ့ရင်လည်း ရိုက်ပါတယ်။ ဒီအကြောင်း သူများကိုသွားပြောပြရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ကျွန်မ ဘဝဟာ တစ်သက်လုံး ကြောက်ရွံ့ခြင်းတွေနဲ့ နေခဲ့ရတာပါ။ သူ့ကို ထောင်ထဲရောက်အောင် အရေးယူ ပေးစေချင်ပါတယ်။ တရားမျှတမှုကို လိုလားပါတယ်.."လို့ အသက်(၃၁)နှစ်အရွယ် အမျိုးသမီးက ဒေသခံ သတင်းထောက်ကို ပြောပါတယ်။

အသက်(၅၆)နှစ်အရွယ် တရားခံဟာ ထွက်ပြေးနေတာကြောင့် ရဲတပ်ဖွဲ့က သူ့ကိုဖမ်းဆီးဖို့ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကတည်းက ဝရမ်းထုတ်ထားခဲ့ပေမဲ့ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့မှ ဖမ်းဆီးရမိပြီး ဥပဒေအရ အရေးယူနိုင်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref; khaosod, independent

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~