က်ိဳင္းလပ္ - တာေလလမ္းေပၚတြင္ က်ပ္သိန္းေပါင္း (၅၅၀)ေက်ာ္တန္ဖိုးရိွ မူးယစ္ေဆးဝါးမ်ား ဖမ္းမိ

က်ိဳင္းလပ္ - တာေလလမ္းေပၚတြင္ က်ပ္သိန္းေပါင္း (၅၅၀)ေက်ာ္တန္ဖိုးရိွ မူးယစ္ေဆးဝါးမ်ား ဖမ္းမိ
ဇန်နဝါရီ 31, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ က်ဳိင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ဳိးေက်းရြာအုပ္စု၊ နမ့္ကိုင္းရြာ ေရွ႕တန္းတပ္စခန္းအနီး က်ဳိင္းလပ္ - တာေလသြား ကားလမ္းမေပၚတြင္ က်ပ္သိန္းေပါင္း (၅၅၀)ေက်ာ္ တန္ဖိုးရွိ မူးယစ္ေဆး၀ါးမ်ားကို ဇန္နဝါရီလ ၃၀ ရက္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕၊ တပ္ဖြဲ႕စု (၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ နယ္ေျမခံတပ္မွ တာ၀န္ရွိသူမ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔သည္ သက္ေသမ်ားႏွင့္အတူ က်ဳိင္းလပ္ၿမိဳ႕၊ မိုင္းပါလွ်ဳိးေက်းရြာအုပ္စု၊ နမ့္ကိုင္းရြာေရွ႕တန္း တပ္စခန္းကုန္းအနီး ပိတ္ဆို႔ စစ္ေဆးရွာေဖြေနစဥ္ က်ဳိင္းလပ္ဘက္မွ တာေလဘက္သို႔ ေမာင္းႏွင္လာသည့္ SHN 7G-1813 နံပါတ္ပါ PAJERO SPORT အမ်ဳိးအစား အျဖဴေရာင္ ေမာ္ေတာ္ယာဥ္သည္ ပိတ္ဆို႔စစ္ေဆးသည့္ ေနရာႏွင့္ မီတာ(၇၀)ခန္႔အကြာတြင္ ရပ္တန္႔၍ ယာဥ္ေပၚမွ အမ်ဳိးသား (၂)ဦးမွာ လမ္းေဘးေတာအတြင္း ထြက္ေျပးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ပူးေပါင္းအဖြဲ႕သည္ ထြက္ေျပးသြားသူႏွစ္ဦးအား ပိတ္ဆို႔ဖမ္းဆီးရာ တစ္ဦးလြတ္ေျမာက္သြားခဲ့ၿပီး က်ဟား(က်ား)အား ဖမ္းဆီးရမိခဲ့သည္။

ဆက္လက္၍ လမ္းေပၚတြင္ ရပ္ထားသည့္ ေမာ္ေတာ္ယာဥ္အား သက္ေသမ်ားႏွင့္အတူ က်ဟား ၏ ေရွ႕တြင္ စစ္ေဆးရွာေဖြရာ ေမာ္ေတာ္ယာဥ္ေနာက္ခန္းအတြင္း ဆာလာအိတ္မ်ားျဖင့္ ထည့္လွ်က္ တစ္အိတ္လွ်င္ ကဖင္း အေလးခ်ိန္ (၂၅)ကီလိုဂရမ္ခန္႔ပါ (၂၆)အိတ္ႏွင့္ (၄၄)ကီလိုဂရမ္ခန္႔ပါ (၁)အိတ္၊ စုစုေပါင္း အေလးခ်ိန္ (၆၉၄)ကီလိုဂရမ္ခန္႔၊ ကာလတန္ဖိုး က်ပ္သိန္းေပါင္း (၅၅၅.၂)သိန္းခန္႔အား သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ က်ဟား (၄၅)ႏွစ္ႏွင့္ ထြက္ေျပးလြတ္ေျမာက္သြားသူ တိမ္းေရွာင္တရားခံ အိုက္ႏြန္ (၃၅)ႏွစ္တို႔အား မိုင္းပါလွ်ဳိးနယ္ေျမရဲစခန္းတြင္ မယ(ပ)၃/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(ခ)/၂၁ အရ အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

*********************************

( unicode )

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းရွာ ရှေ့တန်းတပ်စခန်းအနီး ကျိုင်းလပ် - တာလေသွား ကားလမ်းမပေါ်တွင် ကျပ်သိန်းပေါင်း (၅၅၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်နဝါရီလ ၃၀ ရက်က ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု (၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုင်းလပ်မြို့၊ မိုင်းပါလျှိုးကျေးရွာအုပ်စု၊ နမ့်ကိုင်းရွာရှေ့တန်း တပ်စခန်းကုန်းအနီး ပိတ်ဆို့ စစ်ဆေးရှာဖွေနေစဉ် ကျိုင်းလပ်ဘက်မှ တာလေဘက်သို့ မောင်းနှင်လာသည့် SHN 7G-1813 နံပါတ်ပါ PAJERO SPORT အမျိုးအစား အဖြူရောင် မော်တော်ယာဉ်သည် ပိတ်ဆို့စစ်ဆေးသည့် နေရာနှင့် မီတာ(၇၀)ခန့်အကွာတွင် ရပ်တန့်၍ ယာဉ်ပေါ်မှ အမျိုးသား (၂)ဦးမှာ လမ်းဘေးတောအတွင်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

ပူးပေါင်းအဖွဲ့သည် ထွက်ပြေးသွားသူနှစ်ဦးအား ပိတ်ဆို့ဖမ်းဆီးရာ တစ်ဦးလွတ်မြောက်သွားခဲ့ပြီး ကျဟား(ကျား)အား ဖမ်းဆီးရမိခဲ့သည်။

ဆက်လက်၍ လမ်းပေါ်တွင် ရပ်ထားသည့် မော်တော်ယာဉ်အား သက်သေများနှင့်အတူ ကျဟား၏ ရှေ့တွင် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ခန်းအတွင်း ဆာလာအိတ်များဖြင့် ထည့်လျှက် တစ်အိတ်လျှင် ကဖင်း အလေးချိန် (၂၅)ကီလိုဂရမ်ခန့်ပါ (၂၆)အိတ်နှင့် (၄၄)ကီလိုဂရမ်ခန့်ပါ (၁)အိတ်၊ စုစုပေါင်း အလေးချိန် (၆၉၄)ကီလိုဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း (၅၅၅.၂)သိန်းခန့်အား သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ ကျဟား (၄၅)နှစ်နှင့် ထွက်ပြေးလွတ်မြောက်သွားသူ တိမ်းရှောင်တရားခံ အိုက်နွန် (၃၅)နှစ်တို့အား မိုင်းပါလျှိုးနယ်မြေရဲစခန်းတွင် မယ(ပ)၃/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~