ဖားနဲ႔တူတဲ့ ကေလးငယ္ ေမြးဖြားတဲ့ သတင္းေၾကာင့္ လာၾကည့္သူ ျပည့္သြားတဲ့ ေဆးခန္း

ဖားနဲ႔တူတဲ့ ကေလးငယ္ ေမြးဖြားတဲ့ သတင္းေၾကာင့္ လာၾကည့္သူ ျပည့္သြားတဲ့ ေဆးခန္း
ဇန်နဝါရီ 25, 2016
By Tachileik News Agency

အိႏိၵယနိုင္ငံ အူတလၿမိဳ႕ေဆးခန္းမွာ ဦးေခါင္းတစ္ဝက္နဲ႕ မ်က္လံုးမ်ားက အျပင္ကိုျပဴးထြက္ေနၿပီး ဖားကေလး တစ္ေကာင္နဲ႔တူတဲ့ ကေလးတစ္ေယာက္ကို ေမြးဖြားလိုက္တာေၾကာင့္ စိတ္ဝင္တစား လာၾကည့္ၾကတဲ့ ရြာသားေတြ ေဆးခန္းေရွ႕မွာ ျပည့္သြားပါတယ္။

ဒီကေလးကို ဆာဝိသာလာနီဆိုတဲ့ အမ်ိဳးသမီးက ၂၀၁၆ ခုႏွစ္ ဇန္နဝါရီလ ၁၉ ရက္က ေမြးဖြားလို္က္တာျဖစ္ၿပီး ေဆးဘက္ဆိုင္ရာ အေခၚအရ Anencephaly လို႔ေခၚတဲ့ အာရံုေၾကာမူမမွန္ (neural tube defect) ျဖစ္ပြါးတာလို႔ ဆရာဝန္ေတြက ေျပာပါတယ္။

"ဒီလိုျဖစ္ရတာဟာ အေမက ကိုယ္ဝန္ေဆာင္ခ်ိန္မွာ မစားသင့္တဲ့ အစားအစာေတြကို စားတာေၾကာင့္ ကေလးကို ျပင္းျပင္းထန္ထန္ ထိခိုက္ခဲ့ရတာပါ။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ေတြ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာ ဆရာဝန္ေတြနားမွာ အဆက္မျပတ္ စစ္ေဆးခံသင့္တာပါ။ မူမမွန္တာေတြ ေတြ႕တာနဲ႔ သင့္ေလ်ာ္တဲ့ နည္းလမ္းကို လမ္းညႊန္ေပးလို႔ ရတာေပါ့”လို႔ ဆာဝိသာလာနီကို မီးဖြားေပးခဲ့တဲ့ အသက္(၃၀) အရြယ္ ဆရာဝန္ လားထားက ဆိုပါတယ္။

ဒီလိုျဖစ္ရတာဟာ ကိုယ္ဝန္သံုးေလးပတ္ အခ်ိန္ေလာက္မွာ အာရံုေၾကာျပြန္အစြန္းႏွစ္ခုဟာ ျပန္လွည့္ဝင္ၿပီး ပိတ္ရမွာျဖစ္ေပမဲ့ မပိတ္တာေၾကာင့္ ကေလးငယ္ရဲ႕ ဦးေခါင္းခြံက အျပည့္အဝ မဖြံ႕ၿဖိဳးႏိုင္ေတာ့တာပါ။
ဒါေၾကာင့္ ကေလးရဲ႕ ဦးေခါင္းခြံ ဦးေႏွာက္အေျမႇးပါးနဲ႔ အျခားအပိုင္းရဲ႕လုပ္ငန္းကို ထိန္းခ်ဳပ္တဲ့ အႀကီးဆံုး ဦးေႏွာက္ ပါဝင္မလာပါဘူး။

ဒါေပမဲ့ ဦးေႏွာက္ဝင္ရိုးကို အေျမႇးပါးပါးေလးသာ ဖံုးထားတာျဖစ္ပါတယ္။ ဒီလိုကေလးေတြဟာ အသက္ရွဴႏိုင္ေပမဲ့ အသိလည္းမရိွ၊ မျမင္ႏိုင္၊ မၾကားႏိုင္၊ နာက်င္တာကိုလည္း ခံစားမႈ မရိွတတ္ဘူးလို႔ သိရပါတယ္။

ဒီလိုကေလးေလးဟာ ေမြးၿပီး ၂ စကၠန္႔ ၃စကၠန္႔ ကေန တစ္ရက္ေလာက္သာ အသက္ရွင္ႏိုင္ၾကတာပါ။ တခ်ိဳ႕ေတြကေတာ့ ဆယ္ရက္ေလာက္ အသက္ရွင္ၾကတာရိွေပမဲ့ အင္မတန္နည္းတယ္လို႔ သိရပါတယ္။

ဘာသာျပန္။  ။ နန္းေမာက္ကြမ္
Ref;ilmattino.it
*******************
( unicode )

အိနိ္ဒယနိုင်ငံ အူတလမြို့ဆေးခန်းမှာ ဦးခေါင်းတစ်ဝက်နဲ့ မျက်လုံးများက အပြင်ကိုပြူးထွက်နပြေီး ဖားကလေး တစ်ကောင်နဲ့တူတဲ့ ကလေးတစ်ယောက်ကို မွေးဖွားလိုက်တာကြောင့် စိတ်ဝင်တစား လာကြည့်ကြတဲ့ ရွာသားတွေ ဆေးခန်းရှေ့မှာ ပြည့်သွားပါတယ်။

ဒီကလေးကို ဆာဝိသာလာနီဆိုတဲ့ အမျိုးသမီးက ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်က မွေးဖွားလို်က်တာဖြစ်ပြီး ဆေးဘက်ဆိုင်ရာ အခေါ်အရ Anencephaly လို့ခေါ်တဲ့ အာရုံကြောမူမမှန် (neural tube defect) ဖြစ်ပွားတာလို့ ဆရာဝန်တွေက ပြောပါတယ်။

"ဒီလိုဖြစ်ရတာဟာ အမေက ကိုယ်ဝန်ဆောင်ချိန်မှာ မစားသင့်တဲ့ အစားအစာတွေကို စားတာကြောင့် ကလေးကို ပြင်းပြင်းထန်ထန် ထိခိုက်ခဲ့ရတာပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ဆရာဝန်တွေနားမှာ အဆက်မပြတ် စစ်ဆေးခံသင့်တာပါ။ မူမမှန်တာတွေ တွေ့တာနဲ့ သင့်လျော်တဲ့ နည်းလမ်းကို လမ်းညွှန်ပေးလို့ ရတာပေါ့”လို့ ဆာဝိသာလာနီကို မီးဖွားပေးခဲ့တဲ့ အသက်(၃၀) အရွယ် ဆရာဝန် လားထားက ဆိုပါတယ်။

ဒီလိုဖြစ်ရတာဟာ ကိုယ်ဝန်သုံးလေးပတ် အချိန်လောက်မှာ အာရုံကြောပြွန်အစွန်းနှစ်ခုဟာ ပြန်လှည့်ဝင်ပြီး ပိတ်ရမှာဖြစ်ပေမဲ့ မပိတ်တာကြောင့် ကလေးငယ်ရဲ့ ဦးခေါင်းခွံက အပြည့်အဝ မဖွံ့ဖြိုးနိုင်တော့တာပါ။
ဒါကြောင့် ကလေးရဲ့ ဦးခေါင်းခွံ ဦးနှောက်အမြှေးပါးနဲ့ အခြားအပိုင်းရဲ့လုပ်ငန်းကို ထိန်းချုပ်တဲ့ အကြီးဆုံး ဦးနှောက် ပါဝင်မလာပါဘူး။

ဒါပေမဲ့ ဦးနှောက်ဝင်ရိုးကို အမြှေးပါးပါးလေးသာ ဖုံးထားတာဖြစ်ပါတယ်။ ဒီလိုကလေးတွေဟာ အသက်ရှူနိုင်ပေမဲ့ အသိလည်းမရှိ၊ မမြင်နိုင်၊ မကြားနိုင်၊ နာကျင်တာကိုလည်း ခံစားမှု မရှိတတ်ဘူးလို့ သိရပါတယ်။

ဒီလိုကလေးလေးဟာ မွေးပြီး ၂ စက္ကန့် ၃စက္ကန့် ကနေ တစ်ရက်လောက်သာ အသက်ရှင်နိုင်ကြတာပါ။ တချို့တွေကတော့ ဆယ်ရက်လောက် အသက်ရှင်ကြတာရှိပေမဲ့ အင်မတန်နည်းတယ်လို့ သိရပါတယ်။

ဘာသာပြန်။ နန်းမောက်ကွမ်
Ref;ilmattino.it

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  


~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~