အရက္ေၾကာင္ကာ မိမိကိုယ္ကို ဓါးျဖင့္ လည္ပင္အား လွီး၍ ေသဆံုး

အရက္ေၾကာင္ကာ မိမိကိုယ္ကို ဓါးျဖင့္ လည္ပင္အား လွီး၍ ေသဆံုး
နိုဝင်ဘာ 4, 2015
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ရန္ေအာင္ေျမရပ္ကြက္၊ ( ပါလွ်ံ(၂) )ေအးခ်မ္းေစဘုန္းႀကီးေက်ာင္းတြင္ ေနထိုင္သူတစ္ဦးသည္ အရက္ေၾကာင္ကာ ႏို၀င္ဘာ(၄)ရက္ေန႔ နံနက္(၃)နာရီ၀န္းက်င္က မိမိကုိယ္ကို လည္ပင္းအား ဓါးျဖင့္လွီးကာ ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

"ဘုန္းႀကီးေက်ာင္းမွာ သားအဖ (၂)ေယာက္ေနတာ သူအရက္ မေသာက္ရတာ (၂)ရက္ေလာက္ရွိၿပီလို႔ ေျပာတယ္၊ အရက္နဲ႔ စိတ္ၾကြေဆးျပားေပါင္းေသာက္လို႔ ေၾကာင္သြားတယ္လို႔ သူမ်ားေျပာတာဘဲ လည္ပင္းကို ဓါးနဲ႔လွီးၿပီး ဘုန္းႀကီးေက်ာင္းထဲ ပတ္ေျပးေနေသးတာလို႔ သိရတယ္၊ ၿပီးေတာ့ ေသသြားတာဘဲ.."ဟု တာခ်ီလိတ္ နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးမွေျပာသည္။

ရင္ခြဲရံုတြင္ ဆရာ၀န္စစ္ေဆးခ်က္အရ လည္ပင္းတြင္ ျပတ္ရွဒဏ္ရာ ျဖင့္ ေသြးလြန္ကာ ေသဆံုးျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

ေသဆံုးသူမွာ ဦးအားဖါျဖစ္ၿပီး မိုင္းကိုးေက်းရြာ၊ ရန္ႏိုင္အုပ္စု၊ ေလာစန္းရြာမွ ရြာသားတစ္ဦးျဖစ္ေၾကာင္း အသက္(၅၀)ခန္႔ျဖစ္ၿပီး အာခါလူမ်ိဳးျဖစ္ေၾကာင္း၊ အေလာင္းအား ရင္ခြဲရံုတြင္ ထားရွိေၾကာင္း သိရသည္။

"ဒီေဒသမွာ မူးယစ္ေဆး၀ါးက အလြယ္တကူရေနေတာ့ ျဖစ္မွာဘဲေလ၊ သက္ဆိုင္ရာက ဖမ္းေတာ့ ဖမ္းတာဘဲ နယ္စပ္ဆိုေတာ့ ျပႆနာတစ္ေန႔တစ္မ်ဳိး မရိုးႏိုင္ဘူး.."ဟု ေဒသခံတစ္ဦးမွေျပာသည္။

၎အမႈအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း ဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။.

ဓါတ္ပံု။  ။ တာခ်ီလိတ္နာေရးကူညီမႈအသင္း

**********************

( Zawgyi Font ျဖင့္ ဖတ္မရသူမ်ားအတြက္ Unicode ျဖင့္ ေဖာ္ျပထားပါသည္ )
( Zawgyi Font ဖြင့် ဖတ်မရသူများအတွက် Unicode ဖြင့် ဖော်ပြထားပါသည် )

တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ( ပါလျှံ(၂) )အေးချမ်းစေဘုန်းကြီးကျောင်းတွင် နေထိုင်သူတစ်ဦးသည် အရက်ကြောင်ကာ နိုဝင်ဘာ(၄)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်က မိမိကိုယ်ကို လည်ပင်းအား ဓားဖြင့်လှီးကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

"ဘုန်းကြီးကျောင်းမှာ သားအဖ (၂)ယောက်နေတာ သူအရက် မသောက်ရတာ (၂)ရက်လောက်ရှိပြီလို့ ပြောတယ်၊ အရက်နဲ့ စိတ်ကြွဆေးပြားပေါင်းသောက်လို့ ကြောင်သွားတယ်လို့ သူများပြောတာဘဲ လည်ပင်းကို ဓားနဲ့လှီးပြီး ဘုန်းကြီးကျောင်းထဲ ပတ်ပြေးနေသေးတာလို့ သိရတယ်၊ ပြီးတော့ သေသွားတာဘဲ.."ဟု တာချီလိတ် နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှပြောသည်။

ရင်ခွဲရုံတွင် ဆရာဝန်စစ်ဆေးချက်အရ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ ဖြင့် သွေးလွန်ကာ သေဆုံးခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

သေဆုံးသူမှာ ဦးအားဖာဖြစ်ပြီး မိုင်းကိုးကျေးရွာ၊ ရန်နိုင်အုပ်စု၊ လောစန်းရွာမှ ရွာသားတစ်ဦးဖြစ်ကြောင်း အသက်(၅၀)ခန့်ဖြစ်ပြီး အာခါလူမျိုးဖြစ်ကြောင်း၊ အလောင်းအား ရင်ခွဲရုံတွင် ထားရှိကြောင်း သိရသည်။

"ဒီဒေသမှာ မူးယစ်ဆေးဝါးက အလွယ်တကူရနေတော့ ဖြစ်မှာဘဲလေ၊ သက်ဆိုင်ရာက ဖမ်းတော့ ဖမ်းတာဘဲ နယ်စပ်ဆိုတော့ ပြဿနာတစ်နေ့တစ်မျိူး မရိုးနိုင်ဘူး.."ဟု ဒေသခံတစ်ဦးမှပြောသည်။

၎င်းအမှုအား တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~