ကြမ္းငံုရင္း အိပ္ေပ်ာ္ရာမွ ကြမ္းနင္၍ ဘုန္းႀကီးေက်ာင္းသား တစ္ဦး ေသဆံုး

ကြမ္းငံုရင္း အိပ္ေပ်ာ္ရာမွ ကြမ္းနင္၍ ဘုန္းႀကီးေက်ာင္းသား တစ္ဦး ေသဆံုး
အောက်တိုဘာ 15, 2015
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္ ဘုန္းႀကီးေက်ာင္းသားတစ္ဦး ကြမ္းယာငံုကာ အိပ္ေပ်ာ္ေနရာမွ ေအာက္တိုဘာလ (၁၄)ရက္ေန႔ နံနက္ပိုင္းက ကြမ္းနင္၍ ေသဆံုးသြားေၾကာင္း မဇၥ်ိမလူမႈကူညီေရးအသင္းမွ သိရသည္။

"ဘုန္းႀကီးေက်ာင္းသား တစ္ေယာက္ပါ မနက္ဆြမ္းထခ်က္ၿပီး တစ္ေရးတစ္ေမာျပန္အိပ္တာတဲ့၊ အဲ့ဒါ အိပ္ယာက ႏိုးၾကည့္ေတာ့ ႏိုးလို႔မရေတာ့ဘူး၊ ေသေနတယ္လို႔ ကၽြန္ေတာ္တို႔ အသင္းကို အေၾကာင္းၾကားလာလို႔ ေဆးရံုပို႔ၿပီး နာေရးကိစၥအတြက္ကူညီခဲ့တာပါ.."ဟု မဇၥ်ိမလူမႈကူညီေရးအသင္းသား ေမာင္၀င္းေဇာ္ဦးမွ ေျပာသည္။

ေသဆံုးသြားသူမွာ တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္ရွိ မဟာဂႏၶာရံုသဒၶမၼဝိဟာရ သာမေဏေက်ာ္ စာသင္တိုက္မွ အသက္(၃၅)ႏွစ္အရြယ္ ဘုန္းႀကီးေက်ာင္းသား ေမာင္ျမတ္ႏိုးျဖစ္ၿပီး၊ ေဆးရံု၏ ေဆးစစ္ခ်က္အရ ျပင္ပဒဏ္ရာ တစ္စံုတစ္ရာႏွင့္ မည္သည့္ ေရာဂါလကၡဏာမွ ေတြ႕ရွိျခင္း မရွိေၾကာင္း သိရသည္။

"ကြမ္းငံုၿပီး အိပ္ေတာ့ ကြမ္းသီးေၾကာင့္လား၊ ကြမ္းအရည္ေၾကာင့္လားေတာ့ မသိဘူး၊ အသက္ရႈ လမ္းေၾကာင္း ပိတ္သြားတဲ့ သေဘာပဲ၊ ကြမ္းနင္ၿပီး ဆံုးသြားတာလို႔ ေျပာလို႕ရႏိုင္တယ္၊ ဘာလို႔လည္းဆိုေတာ့ သူ႕မွာ တျခားေရာဂါလည္း မရွိသလို၊ ဘာဒဏ္ရာမွလည္း မရွိဘူး၊ ဒီလိုျဖစ္စဥ္မ်ဳိး ဘုန္းႀကီးအေနနဲ႔ ျပည္မထဲမွာ (၂)ေယာက္ေလာက္ ေတြ႕ဖူးတယ္၊ ကြမ္းသမားေတြ သတိထားဖို႔လိုတဲ့ အခ်က္ပါ..."ဟု မဟာဂႏၶာရံုသဒၶမၼဝိဟာရ သာမေဏေက်ာ္စာသင္တိုက္မွ ေက်ာင္းထိုင္ဆရာေတာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မိန္႔ၾကားသည္။

"ကြမ္းငံုလို႔ နင္ၿပီးေသတယ္ဆိုတာ တစ္သက္နဲ႔တစ္ကုိယ္ ဒီတစ္ခါဘဲၾကားဖူးတာ၊ အိပ္တဲ့အခ်ိန္မွာ ပါးစပ္ထဲ ဘာမွမထည့္သင့္ဘူး၊ အရင္က လသားအရြယ္ ကေလးတစ္ေယာက္ ႏို႔သီးၿပီး ဆံုးသြားတာရွိဖူးတယ္၊ အေမက ကေလးႏို႔ငံုထားတာ မသိဘူး ကေလးက အသက္ရွဴၾကပ္ၿပီးျပာႏွမ္း အခ်ိန္မမွီေတာ့မွ သိတာ"ဟု မဇၥ်ိမလူမႈကူညီေရးအသင္း ဥကၠဌဦးတင့္ေဆြက ေျပာသည္။

*************
( ZawGyi font ျဖင့္ ဖတ္မရသူမ်ားအတြက္ )

တာချီလိတ်မြို့တွင် ဘုန်းကြီးကျောင်းသားတစ်ဦး ကွမ်းယာငုံကာ အိပ်ပျော်နေရာမှ အောက်တိုဘာလ (၁၄)ရက်နေ့ နံနက်ပိုင်းက ကွမ်းနင်၍ သေဆုံးသွားကြောင်း မဇ္ဈိမလူမှုကူညီရေးအသင်းမှ သိရသည်။

"ဘုန်းကြီးကျောင်းသား တစ်ယောက်ပါ မနက်ဆွမ်းထချက်ပြီး တစ်ရေးတစ်မောပြန်အိပ်တာတဲ့၊ အဲ့ဒါ အိပ်ယာက နိုးကြည့်တော့ နိုးလို့မရတော့ဘူး၊ သေနေတယ်လို့ ကျွန်တော်တို့ အသင်းကို အကြောင်းကြားလာလို့ ဆေးရုံပို့ပြီး နာရေးကိစ္စအတွက်ကူညီခဲ့တာပါ.."ဟု မဇ္ဈိမလူမှုကူညီရေးအသင်းသား မောင်ဝင်းဇော်ဦးမှ ပြောသည်။

သေဆုံးသွားသူမှာ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ မဟာဂန္ဓာရုံသဒ္ဓမ္မဝိဟာရ သာမဏေကျော် စာသင်တိုက်မှ အသက်(၃၅)နှစ်အရွယ် ဘုန်းကြီးကျောင်းသား မောင်မြတ်နိုးဖြစ်ပြီး၊ ဆေးရုံ၏ ဆေးစစ်ချက်အရ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာနှင့် မည်သည့် ရောဂါလက္ခဏာမှ တွေ့ရှိခြင်း မရှိကြောင်း သိရသည်။

"ကွမ်းငုံပြီး အိပ်တော့ ကွမ်းသီးကြောင့်လား၊ ကွမ်းအရည်ကြောင့်လားတော့ မသိဘူး၊ အသက်ရှု လမ်းကြောင်း ပိတ်သွားတဲ့ သဘောပဲ၊ ကွမ်းနင်ပြီး ဆုံးသွားတာလို့ ပြောလို့ရနိုင်တယ်၊ ဘာလို့လည်းဆိုတော့ သူ့မှာ တခြားရောဂါလည်း မရှိသလို၊ ဘာဒဏ်ရာမှလည်း မရှိဘူး၊ ဒီလိုဖြစ်စဉ်မျိုး ဘုန်းကြီးအနေနဲ့ ပြည်မထဲမှာ (၂)ယောက်လောက် တွေ့ဖူးတယ်၊ ကွမ်းသမားတွေ သတိထားဖို့လိုတဲ့ အချက်ပါ..."ဟု မဟာဂန္ဓာရုံသဒ္ဓမ္မဝိဟာရ သာမဏေကျော်စာသင်တိုက်မှ ကျောင်းထိုင်ဆရာတော်က တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

"ကွမ်းငုံလို့ နင်ပြီးသေတယ်ဆိုတာ တစ်သက်နဲ့တစ်ကိုယ် ဒီတစ်ခါဘဲကြားဖူးတာ၊ အိပ်တဲ့အချိန်မှာ ပါးစပ်ထဲ ဘာမှမထည့်သင့်ဘူး၊ အရင်က လသားအရွယ် ကလေးတစ်ယောက် နို့သီးပြီး ဆုံးသွားတာရှိဖူးတယ်၊ အမေက ကလေးနို့ငုံထားတာ မသိဘူး ကလေးက အသက်ရှူကြပ်ပြီးပြာနှမ်း အချိန်မမှီတော့မှ သိတာ"ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌဦးတင့်ဆွေက ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~