ဗီယက်နမ်နှင့် လာအိုနိုင်ငံနယ်စပ်တွင် (၅.၅)တန်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ

ဗီယက်နမ်နှင့် လာအိုနိုင်ငံနယ်စပ်တွင် (၅.၅)တန်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ
ဇူလိုင် 28, 2015
By Tachileik News Agency

ဗီယက်နမ်နှင့် လာအိုနိုင်ငံနယ်စပ်တွင် နှစ်နိုင်ငံ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့များမှ ဒေသတွင်း အကြီးဆုံးသော မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ခဲ့ကြောင်းကို ထိုင်းနိုင်ငံ ချင်းရိုင်းတိုင်း(မ်)အွန်လိုင်းမီဒီယာမှာ ဖော်ပြထားချက်အရ သိရပါတယ်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ Photo: chiangraitimes.com

မူးယစ်ကုန်သည် (၁၁)ဦးနှင့်အတူ လျှို့ဝှက်သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါး (၅.၅)တန်ကို ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ Ha Tinh က ဇူလိုင်လ (၂၆)ရက်နေ့က ပြောကြားခဲ့တာပါ။

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာတော့ အများဆုံး ဖမ်းဆီးရမိမှုဖြစ်ပြီး  ဗီယက်နမ်နိုင်ငံနဲ့ လာအိုနိုင်ငံ နယ်စပ်ကြားက တောအုပ်ထဲမှာ ဇူလိုင်(၂၁)ရက်နေ့ ညနေ(၄)နာရီလောက်မှာ တားဆီးပိတ်ဆို့ပြီး ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီမူးယစ်ဆေးဝါးတွေကို လာအိုနိုင်ငံအခြေစိုက် ကျောက်မီးသွေးစက်ရုံမှတဆင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေ အပြင် ပြင်သစ်၊ ဂျာမနီ၊ သြစတေးလျ နဲ့ ကမ္ဘာအနှံ့ကို ဖြန့်ဖြူးမှာလို့ ဆိုပါတယ်။

Ref; chiangraitimes.com

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~~ ကြော်ငြာ ~~~~~~~~~