ဆင့်ပွားမီတာ အသုံးပြုသူများအား အိမ်ရှင်မှ တစ်ယူနစ်လျှင် (၁၀)ဘတ် အထက် ကောက်ခံနေပါက မြို့မီးလင်းရေးရုံးသို့ လာရောက် တိုင်ကြားနိုင်

ဆင့်ပွားမီတာ အသုံးပြုသူများအား အိမ်ရှင်မှ တစ်ယူနစ်လျှင် (၁၀)ဘတ် အထက် ကောက်ခံနေပါက မြို့မီးလင်းရေးရုံးသို့ လာရောက် တိုင်ကြားနိုင်
ဇူလိုင် 29, 2015
By Tachileik News Agency

တာချီလိတ်မြို့ရှိ နေအိမ် အခန်းငှားများတွင် ငှားရမ်းနေထိုင်ကြသူများ နှင့် မီတာခွဲဝေ သုံးစွဲသူများ အပေါ် အိမ်ရှင်၊ သို့မဟုတ် မီတာပိုင်ရှင်များမှ မီတာအသုံးပြုခ တစ်ယူနစ်လျှင် (၁၀)ဘတ်နှင့်အထက် ကောက်ခံနေပါက သက်ဆိုင်ရာ မီးလင်းရေးရုံးသို့ လာရောက် တိုင်ကြားနိုင်မှာ ဖြစ်ကြောင်း မြို့မီးလင်းရေးကော်မတီမှ အသိပေးပြောကြားလာသည်။

"အိမ်ရှင်တွေ အနေနဲ့ကတော့ ကနဦး မီတာတပ်ဆင်ထားတာတွေ၊ ပျောက်ဆုံးယူနစ်တွေကြောင့် ဈေးပိုကောက်တာ ဖြစ်နိုင်ပေမဲ့ တစ်ယူနစ်ကို (၁၀)ဘတ် အထက်တော့ ပိုကောက်ခွင့်မရှိပါဘူး..၊ (၁၀)ဘတ်အထက် ပိုကောက်ရင်တော့ ကျွန်တော်တို့ မီးလင်းရေးရုံးကို လာရောက် အသိပေး တိုင်ကြားနိုင်ပါတယ်.."ဟု မြို့မီးလင်းရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောလာသည်။

တာချီလိတ်မြို့နယ်အတွင်း အသုံးပြုနေလျှက်ရှိသည့် လျှပ်စစ်မီးကို ထိုင်းနိုင်ငံမှ တဆင့်ရယူပြီး အများပြည်သူများသို့ တစ်ယူနစ်လျှင် (၆)ဘတ်နှုန်းဖြင့် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ ပြန်လည် ဖြန့်ဖြူးပေးနေလျှက်ရှိရာ အချို့ အိမ်ခန်းငှားများနှင့် ဆင့်ပွားမီတာများအဖြစ် သုံးစွဲနေသူများသည် အိမ်ရှင်အား တစ်ယူနစ်လျှင် (၁၀)ဘတ် မှ (၁၅)ဘတ်အထိ ပေးနေရကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~~~~ ကြော်ငြာ ~~~~~~~~~